Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 9, 2015

“စစ်အာဏာရှင် ကျဆုံးပါစေ” ထိုင်းကျောင်းသားများ၏ ခေါင်းစည်း စစ်တပ်ကသိမ်း


ထိုင်းနိုင်ငံ သမာဆတ် တက္ကသိုလ် ကျောင်းသားတွေ ဘောလုံးကွင်း အတွင်းကို ချီတက်စဉ်မှာ နိုင်ငံရေးကို သရော်ထားတဲ့ ခေါင်းစည်း စာတန်းတွေကို စစ်တပ်က သိမ်းယူခဲ့ပါတယ်။

ဖေဖော်ဝါရီ ၇ ရက် အမျိုးသား ဘောလုံးကွင်းမှာ ချူလာလောင်ကွန်နဲ့ သမာဆတ် တက္ကသိုလ်တို့ ယှဉ်ပြိုင်ကစားမယ့်ပွဲမှာ ကျောင်းသားတွေ ကွင်းအတွင်း မ၀င်ရောက်ခင်မှာ သိမ်းယူခဲ့တာလို့ ဘန်ကောက်ပိုစ်သတင်းက ရေးပါတယ်။

ချူလာလောင်ကွန်ကျောင်းသားတွေ ကွင်းအတွင်းကို ၀င်ရောက်ခဲ့ပြီးတဲ့နောက် သမာဆတ် ကျောင်းသားတွေ ဆက်လက်ချီတက်မယ့် အချိန်မှာ လုံခြုံရေး အရာရှိတွေက ဂိတ်တံခါးကို ပိတ်ခဲ့တဲ့ အတွက် ကျောင်းသား အများစုက ဒေါသထွက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးနဲ့ သက်ဆိုင်တာတွေပါတဲ့ ခေါင်းစည်းတွေနဲ့ ကွင်းအတွင်း ၀င်ခွင့်မပြုပေမယ့် အလှပြ အရုပ်တွေကိုတော့ ၀င်ခွင့်ပြုမယ်လို့ လုံခြုံရေး အရာရှိတွေက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီပွဲတွေမှာ နိုင်ငံရေးအရ ထင်ရှားသူတွေကို လှောင်ပြောင်တဲ့ အလှပြ အရုပ်တွေကြောင့်လည်း ထင်ရှားပါတယ်။ ဒီနှစ် ပြိုင်ပွဲတွေကိုတော့ စစ်အစိုးရက စောင့်ကြည့်နေပြီး လှောင်ပြောင်တဲ့ အရုပ်တွေကို မသိမ်းဘူးလို့ ပြောဆိုခဲ့ပါတယ်။

ချူလာလောင်ကွန်က အလှပြအရုပ်တွေက လူမှုရေး မီဒီယာခေတ် ထိုင်းရဲ့ တန်ဖိုးကို ဖော်ကျူးခဲ့ပေမယ့် သမာဆတ် အလှပြအရုပ်တွေကတော့ “အမျိုးသမီး တရားသူကြီး”၊ အစိုးရရဲ့ တန်ဖိုး ၁၂ ခု လှုပ်ရှားမှုကို လှောင်ပြောင်တဲ့ အရုပ်နဲ့ လူထုကို ပျော်ရွှင်မှု ပေးအပ်ခြင်း တီဗွီအစီအစဉ်ကို သရော်တဲ့ အရုပ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေ စီတန်းမထွက်ခင်မှာ တက္ကသိုလ်က ဒုဥက္ကဋ္ဌတွေက အလှပြအရုပ်တွေကို စစ်ဆေးခဲ့သလို အရုပ်တွေရဲ့ စိတ်ကူးအတွေအခေါ် အသေးစိတ်ကို ရှင်းလင်းခိုင်းတယ်လို့ မာတီချွမ်း သတင်းမှာရေးပါတယ်။

ကွင်းအတွင်း ရောက်ရှိလာပြီး ဘောလုံးပွဲစတင်ချိန် အာဏာပိုင်တွေက မစစ်ဆေးနိုင်တဲ့ အချိန်မှာတော့ ကျောင်းသားတွေက ခေါင်းစည်းစာတန်းတချို့ကို လှစ်ပြခဲ့ပါတယ်။

ပွဲကြည့်စဉ်က ကျောင်းသားတချို့ အမိုးအကာမဲ့ပွဲကြည့်စဉ်ကနေ လှစ်ပြတဲ့ စာတန်းတွေမှာ “စစ်အာဏာရှင် ကျဆုံးပါစေ၊ ဒီမိုကရေစီ အဓွန့်ရှည်တည်တံ့ပါစေ” “အာဏာသိမ်းမှု= အကျင့်ပျက်ခြစားမှု” ဆိုပါတယ်။

ဒီပြိုင်ပွဲမှာ စင်ပေါ်ကနေ ကျောင်းသားတွေပူးပေါင်းပြီး ရုပ်ပုံကဒ်ပြားနဲ့ သရုပ်ဖော်တာကလည်း နာမည်ကြီးပါတယ်။ ဒီသရုပ်ဖော်မှုမှာလည်း “ကျနော်တို့ ဒီမိုကရေစီလိုချင်တယ်၊ဘယ်တော့ ပြန်ပေးမှာလဲ” ဆိုတာကို သရုပ်ဖော်ခဲ့တယ်လို့ သတင်းမှာရေးပါတယ်။

ဒီဘောလုံးပြိုင်ပွဲမှာတော့ သမားဆတ်က ချုလာလောင်ကောင်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/80559

No comments:

Post a Comment