ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပုံတော်မှာ ခေတ်မီ Headphone တပ်ဆင်ထားပြီးတော့
Buddha Bar အမည်နဲ့ ဖျော်ဖြေပွဲ ကြေညာခဲ့မှုဟာ နယူးဇီလန်နိုင်ငံသား
ဖီးလစ်နဲ့ပဲ သက်ဆိုင်တယ်လို့ မြန်မာနှစ်ဦးဖြစ်တဲ့ ဆိုင်ပိုင်ရှင်နဲ့
ဆိုင်မန်နေဂျာတို့က ဒီကနေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ကြပါတယ်။
ဆိုင်ရဲ့ အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်၊ ဆိုင်ပိုင်ရှင်
ထွန်းသူရိန်နဲ့ ဆိုင်မန်နေဂျာ ထွဋ်ကိုကိုလွင် တို့ကို
သာသနာညှိုးနွမ်းစေမှုတွေဖြစ်တဲ့ ပုဒ်မ ၂၉၅၊ ပုဒ်မ ၂၉၅(က) တွေနဲ့ ဒီဇင်ဘာလ ၁၈
ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင်လိုက်တယ်လို့ ဖီးလစ်ရဲ့ ရှေ့နေက ပြောပါတယ်။
အဲဒီစွဲဆိုချက်တွေကို ဗဟန်းမြို့နယ် တရားသူကြီးက ဖတ်ပြခဲ့ပြီး
အပြစ်ရှိမရှိ မေးမြန်းရာ စွဲဆိုခံရသူ သုံးဦးက သူတို့မှာ
အပြစ်မရှိဘူးဆိုပြီး ထွက်ဆိုခဲ့ကြပါတယ်။
သူတို့သုံးဦးကို
ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ယစ်မျိုးလိုင်စင်ဆိုင်ရာ အချက်တွေနဲ့
တရားဥပဒေစိုးမိုးရေး ရပ်ရွာတည်ငြိမ်ရေးအတွက် ထုတ်ပြန်ထားတဲ့ အချက်တွေကို
လိုက်နာခြင်း မရှိဘူးဆိုပြီး ပုဒ်မ(၁၈၈)နဲ့ ပါ စွဲဆိုဖို့ ဗဟန်းမြို့နယ်
မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားပါတယ်။ ပုဒ်မ သုံးခုလုံးနဲ့
စစ်ဆေးသွားမယ်လို့ မြို့နယ်တရားသူကြီး ဦးရဲလွင်က ပြောပါတယ်။
ဒုတိယမြောက် တရားရုံးချိန်းအဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားလိုဘက်က
သက်သေသုံးဦးကို စစ်ဆေးခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့ ရုံးချိန်းမှာ
တရားစွဲဆိုခံရသူတွေနဲ့ သူတို့ရဲ့ သက်သေတွေကို စစ်ဆေးသွားမယ်လို့
တရားသူကြီးက ဆိုပါတယ်။
- See more at: http://thevoicemyanmar.com/index.php/news/item/4835-bdb#sthash.mRlTC83y.dpuf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 18, 2014
Buddha Bar ကိစ္စ နယူးဇီလန်သားနဲ့ပဲ ဆိုင်တယ်လို့ ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာက ထွက်ဆို
Buddha Bar ကိစ္စ နယူးဇီလန်သားနဲ့ပဲ ဆိုင်တယ်လို့ ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာက ထွက်ဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 18, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 18, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment