ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၁၄
ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ- ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင် ၁ဝ
ပါးနှင့် မညီဟုဆိုကာ ကမာရွတ်မြို့နယ် (၈) ရပ်ကွက်တွင်ပြုလုပ်မည့်
တရားပွဲတွင် တရား ဟောခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်မှ ၂၄ ရက် အထိကျင်းပမည့် အဋ္ဌမအကြိမ်မြောက် ဓမ္မ ပူဇာ သဘင်အတွက် တရားပွဲကျင်းပခွင့်ကို မြို့နယ်အဆင့်မှ ခွင့်ပြုချက် ထုတ်ပြီးဖြစ် သော်လည်း ယခုလ ၁၈ ရက်တွင် ခရိုင် သာသနာရေးမှူးမှ အရှင်ပညာသီဟနှင့် အ ရှင်ခေမိန္ဒအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ တရားဟောခွင့် မပေးရန် အ ကြောင်းကြားလာကြောင်း သိရသည်။
''တရားပွဲ ခွင့်ပြုချက်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရော၊ မြို့နယ်သံဃနာယက ကရော ခွင့်ပြုချက်ပေးပြီးသားပါ။ ဒါကို တ ရားပွဲကျင်းပတဲ့ ရက်ကျမှ အရှင်ခေမိန္ဒနဲ့ ရွှေညဝါဆရာတော်ကို ခွင့်မပြုနိုင်ပါဘူးဆို ပြီး မြို့နယ်ကနေ အကြောင်းကြားတယ်'' ဟု တရားပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ် ဦးကပြောသည်။
တရားပွဲခွင့်ပြုမိန့်ရရန် ဒီဇင်ဘာ လဆန်းပိုင်းက တင်ခဲ့ပြီး ရပ်ကျေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်သံဃနာယက အဖွဲ့က ၂၄ ရက်အထိ ခွင့်ပြုချက်ထုတ်ပေး ထားပြီးဖြစ်ကြောင်း သိရသည်။
ရွှေညဝါဆရာတော် အရှင်ပညာ သီဟက ''သံဃာ့ဂုဏ်အင် ၁ဝ ပါးဆိုတာ သံဃနာယကက တစ်ဖက်သတ် ထုတ်ထား တာ။ အားလုံး သဘောတူညီချက်နဲ့ မဟုတ် ဘူး။ ငါကလဲ ဓမ္မစရိယမပြီးသေးဘူး။ နည်း နည်းကျန်နေသေးတယ်။ အဲဒီလိုပြောကြေး ဆိုရင် သံဃနာယကအဖွဲ့မှာရော ဘာမှမ ဟုတ်ဘဲ နေရာယူတဲ့ ကိုယ်တော်တွေ အများ ကြီးပဲ။ ဒါက သံဃာတော်ချင်း သွေးခွဲနေ တာ''ဟု မိန့်ကြားသည်။
Yangon Media Group

No comments:
Post a Comment