လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အတွက်မြေလျော်ကြေးမယူထားသည့် တောင်သူများ၏ မြေယာများကို
ယနေ့ မနက် ၈း၃၀ မှစ၍ လုံထိန်းရဲ ၊SB ၊ ဝမ်ပေါင် တရုတ်နိုင်ငံသားများ၊ နယ်လုံစစ်ဝန်ကြီး ကြည်နိုင်အပါအ
ဝင် လက်နက်ကိုင် အကြမ်းဖက်၍ စတင်သိမ်းပိုက်နေသည်၊၊
လိပ်ခွံတောင် မြောက်၊အရှေ့ ၊ အနောက်နရာများ
တုံကားလမ်းနှင့်ဆည်တည်းရွာကြားမြေနေရာများ
ပဒပ်ကုန်းမြေနေရာများကို
လက်နက်ကိုင် လုံထိန်းရဲအင်အား ၁၀၀၀ ကျော်ခန့် ဖြင့်
နေရာ ၅ ခုခွဲ၍ အကြမ်းဖက်ခြံစည်းရိုး သိမ်းပိုက်ရာ
မြေလျော်ကြေးမယူထားသည့်
ဆည်တည်း၊ ဇီးတော ၊မိုးကြိုး ပြင် ၊တုံ အုပ်စု အစရှိသော
ဒေသခံ တောင်သူများ မှ ကန့်ကွက် ခဲ့သည်၊၊
ဒေသခံတောင်သူ မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းကို
လိပ်ခွံတောင် အနောက်ဖက်တည့်တည့်တွင် လုံထိန်းရဲများ သေနတ်ဖြင့်ပစ်သတ်ခဲ့၍
နေ့လယ် ၂း၂၀မိနစ်တွင်ဦးဏှောက်ပွင့်ထွက် သေဆုံးပြီး၊ အခြားသော တောင်သူ
၁၅ ဦးခန့် မနည်းဒဏ်ရာရရှိထားသည်၊၊
ပဒပ်ကုန်းမြေနေရာ၊ လိပ်ခွံ တောင်ခြေနေရာတို့တွင်
မြေသိမ်းသမား ကြေးနီစီမံကိန်း လက်နက်ကိုင်များနှင့်
မြေသိမ်းခံနေရသော တောင်သူများဆက်လက်ထိပ်တိုက်ရင်ဆိုင်နေကြသည်၊၊
၁၁၊၃၊၂၀၁၃ရက်ကထုတ်ပြန်ခဲ့သော
ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်အစီရင်ခံစာပါ
၁၊အစားထိုးမြေ(လုံးဝမလုပ်ပေးပါ)
၂၊ လယ်တီသိမ် ထိန်းသိမ်းပေးရေး(ဖြိုချက်ဖျက်စီးခဲ့သည်)၃ဒေသခံတောင်သူများ ၏မြေယာများကို မတရာသိမ်းပိုက်ထား (ဧက ၃၅၀၀ကျော်)
၎၊ စွန့်ပစ်မြေစာပုံရေစီးကြောင်းနှင့်အက်ဆစ် ရေတို့ကြောင့်ပျက်စီးမည့်
မြေနုကျွန်း ဧက ၅၀၀၀ကျော်(ကာကွယ်မှုမရှိ)၅၊ဒေသခံတို့အားထားရှိပေးရမည့်
အလုပ်အကိုင်(လုံလောက်စွာမပေး)
စသည့် အချက်ပေါင်းများစွာကိုလစ်လျူရူ ဆောင်ရွင်နေသည့်ကြေးနီစီမံကိန်းဖြစ်သည့်အတွက်ဒေသခံများ
ပြင်းထန်စွာကန့် ကွက်နေခြင်းဖြစ်သည်၊၊
ကြေးနီစီမံကိန်းလုပ်ငန်းဖော်ဆောင်ရေးကော်မတီသည်
အစီရင်ခံစာတင်ပြချက်များ ကိုမလိုက်နာပဲ အကြမ်းဖက်
မြေသိမ်း ၊သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်နေမှု အား မည့်သည့် အာဏာပိုင်၊လွတ်တော် ကမှ တရားမျှတစွာဝင်ရောက်ဖြေရှင်းမှုလုံးဝမရှိပါ၊၊
၂၂၊၁၂၊၂၀၁၄
ညနေ ၃း၉မိနစ်
စံတော်ချိန် သတင်းစာ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 22, 2014
လက်ပံတောင်း တောင်သူတွေ ကိုသေနတ်ဖြင့်ပစ်ခတ်ခြင်း
လက်ပံတောင်း တောင်သူတွေ ကိုသေနတ်ဖြင့်ပစ်ခတ်ခြင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment