ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၁၄
တန်ဖိုး ကျပ်သိန်း ၁၀၀ မှ ၂၀၀ ကြား ဈေးနှုန်းရှိသည့် အိမ်စီးကားများသည် ပြည်တွင်း မော်တော်ကားဈေးကွက် ဝေစု၏ ၅၅ ရာခိုင်နှုန်း ရရှိထားသည်ဟု အွန်လိုင်းအခြေပြု မော်တော်ယာဉ် ရောင်းဝယ်ရေး ဝက်ဘ်ဆိုက် Motors.com.mm ၏ စစ်တမ်းတွင် ဖော်ပြ ထားသည်။
ယခင်က
ကျပ်သိန်းထောင်ကျော် ဈေးပေါက်ခဲ့သည့် ၂၀၀၀ ခုနှစ်အ လွန်မော် ဒယ်ရှိ သည့်
Toyota Mark II၊ Toyota Cro ဇိမ်ခံကားများ၊ လူကြိုက်များသောမြို့ တွင်း စီး
အင်ဂျင်ပါဝါ ၁၃၀၀ စီစီရှိသည့် Honda Fit၊ Toyata Vitz၊ Toyata Passo၊
Mazda Demio၊ Suzuki Swift ကားများသည် ပြည်တွင်းဈေးကွက်အတွင်း
ဈေးကွက်ဝေစု အများဆုံးရရှိသည့် ကားအမျိုးအစားများ ဖြစ်သည်။
ထို့ပြင် ခရီးဝေးသွား ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ မော်ဒယ် Honda CRV၊ Toyota RAV 4 ကားများ၊ ၂၀၀၈၊ ၂၀၀၉ မော်ဒယ် ဆလွန်းနှင့် ဗင်ကားများ၊ Honda Civic Hynbrid စသည့် ကားအမျိုးအစားများသည် ကျပ် သိန်း ၁၀၀ ကျော်မှ ကျပ်သိန်း ၂၀၀ ကြားတန်ဖိုးရှိသည့် ကားများဖြစ်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ် အများဆုံး ကားအမျိုးအစားစာရင်းတွင် ပါဝင်သည်။
ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးရှိ ကားများသည် ဈေးကွက်ဝေစု ၂၂ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ရရှိထားပြီး အင်ဂျင်ပါဝါ ၁၃၅၀ စီစီရှိသည့် Honda Fit၊ Toyota Vitz၊ Toyota Passo၊ Nissan March၊ Mitsubishi Colt၊ Mazda Demio၊ Suzuki Alto ကားများ ပါဝင်သည်။
ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားတန်ဖိုးရှိ ကားများသည် ဈေးကွက်ဝေစု၏ ၁၃ ရာခိုင်နှုန်း ရရှိထားပြီး မော် ဒယ်မြင့် ဇိမ်ခံကားအချို့နှင့် ခရီးဝေးသွားကား အမျိုးအစားများဖြစ်သည်။ Toyota Mark X ဇိမ်ခံကား၊ oyota Land Cruiser၊ Toyota Hilux၊ Pajero၊ Nissan Navara၊ Toyata Kluger စသည့် ခရီးဝေးသွား အင်ဂျင်ပါဝင်မြင့်ကားများ ပါဝင်သည်။
ပြည်တွင်း ကားဈေးကွက် ဝေစု၏ ခြောက်ရာခိုင်နှုန်းကို တန်ဖိုး ကျပ်သိန်း ၃၀၀ မှ ၅၀၀ ကြားတန်ဖိုးရှိ ကား အမျိုးအစားများက ရရှိထားပြီး မော်ဒယ်မြင့် ဇိမ်ခံကားများ၊ ပြိုင်ကားများ ပါဝင်သည်။ ဈေးကွက်ဝေစု၏ သုံး ရာခိုင်နှုန်းကို ကျပ်သိန်း ၅၀၀ မှ ၁,၀၀၀ တန်ဖိုးရှိ ကားအမျိုးအစားများ ရရှိထားပြီး ကျန်ရှိသည့် ဈေးကွက်၏ တစ်ရာခိုင်နှုန်းကို ကျပ်သိန်း ၁,၀၀၀ မှ ၅,၀၀၀ အထိရှိသည့် ကားအမျိုးအစားများက ရရှိထားသည်။
Motor.com.mm ၏ မြန်မာဌာန မန်နေဂျာ Ms.Rianne Roggema က “မြန်မာအစိုးရအနေနဲ့ ကားတင်သွင်းမှုကို အခုထက် ပိုပြီးစနစ်တကျ အားပေးသင့်ပါတယ်။ ပြည်တွင်း ကားလောကမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ ၂၀၁၅ မှာ ကားဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်နိုင်တယ်” ဟု သုံးသပ်သည်။
အဆိုပါ ပြည်တွင်းကားဈေးကွက်အခြေအနေကို စစ်တမ်းကောက်ယူခဲ့သည့် Motors.com.mm သည် ဂျာမနီအခြေစိုက် အွန်လိုင်း စီးပွားရေးလုပ်ငန်း Rocket Internet ၏ လုပ်ငန်းခွဲဖြစ်ပြီး မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ်မှ စတင်ကာ တည်ထောင်ဖွင့်လှစ်ခဲ့သည်။
Mizzima - News in Burmese

No comments:
Post a Comment