Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 18, 2014

တစ်န့နေ့မှာတော့ ကိုယ်သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာအတွက် ကိုယ့်ဘာသာကိုယ် ထုတ်ရိုက်ဖို့စီစဉ်ထားတယ်လို့ဆိုတဲ့ ရွှေပိုးအိမ်

ခုနောက်ပိုင်းမှာ ဇာတ်ကားတော်တော်များများရဲ့ ခေါင်းဆောင်မင်းသမီး နေရာက ရိုက်လာရသလို အနုပညာ အရည်အသွေးတွေလဲ ပိုမိုပြည့်ဝလာတဲ့ ရွှေပိုးအိမ်က အကယ်ဒမီးပေးပွဲအတွက် သူမပြင်ဆင်ထားတဲ့ အကြောင်းကို “အကယ်ဒမီတွက်ဝတ်စုံကတော့ မဂျိုကာချုပ်ပေးမှာပါ။ အရင်နှစ်ကတော့ မဌေးဌေးတင် ပါ။ အကယ်ဒမီ ဆိုတာကတော့ ဘယ်သူပဲရရ သွားပြီး လက်ခုပ်တီးပေးမှာပါ။ ဒီနှစ်က ရွှေကြိုဆိုတော့ ညီမတို့တုန်းကဆို ဗန်းကိုင်ဆိုတဲ့ အခေါ်ဝေါ်လေးပဲ ရှိသေးတယ်။ ဒီနှစ်က အားလုံးလဲ ပြောင်းလဲမယ်။ ပြီးတော့ ရွှေကြိုတွေကလဲ နာမည်ရှိပြီးသား သူတွေကြီးပဲ ဆိုတော့ အထွေအထူး ပြောစရာမလိုပါဘူး။ အကယ်ဒမီဆိုတာကတော့ ကြိုးစားမှုတစ်ခုရဲ့ ရလာဒ်တစ်ခုပေါ့။ အနုပညာရှင်တစ်ယောက်ရဲ့ ဘ၀တွက် အမှတ်တရလို့လဲ ပြောလို့ရတယ်။ အကယ်ဒမီက အရမ်းလဲနတ်ကြီးသလို ရဖို့လဲခက်ခဲတယ်။ အဲ့ဒါကြောင့် ဘယ်သူပဲရရ သွားအားပေးမှာပါ။ ဒီနှစ်အကယ်ဒမီကအရင်နှစ်တွေနဲ့မတူပဲ တစ်မျိုးတော့ဆန်းနေမှာပါ။”လို့ သူမက ဆိုပါတယ်။

ခုလက်ရှိအနုပညာလှုပ်ရှားမှုတွေကိုလည်း သူမက “အရူးနက္ခတ်ဆိုတဲ့ ကားမှာ ညီအစ်မသုံးယောက်ထဲမှာ အကြီးဆုံး အစ်မနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကကိုမိုးအောင်ရင်ပါ။ ဟာသကားလေးပါပဲ။ ခုနောက်ပိုင်းတော့ ဇာတ်ဆို အရမ်း ဗန့်ဆန်တာတွေ မရွေးတော့ဘူး။ ဘာလို့လဲဆိုတော့ ပရိသတ်ကလဲ သိပ်မကြိုက်ဘူး။ ကိုယ်ကိုတိုင်ကလဲ နာမည်သိပ်မရှိသေးတဲ့အခါကျတော့ ပရိသတ်မုန်းမယ့် ကာရိုက်တာလေးတွေကိုတော့ ရှောင်မယ်လို့စဉ်းစားထားတယ်။ ကျန်တာကတော့ ရိုက်ပါတယ်။ ခုချိန်မှာ လာငှားတဲ့ ကားတွေပဲ ရိုက်နေရတာဆိုတော့ ကိုယ့်ဟာကိုယ် ထုတ်ရိုက်မှသာလျှင် ကိုယ်ကြိုက်တဲ့ ကာရိုက်တာ ရွေးရိုက်လို့ရမယ်။ နာမည်လဲ အရမ်းမကြီးတဲ့တွက် ကိုယ့်ကို လာငှားတဲ့ ကားအပေါ်မှာပဲ ဘယ်လိုမျိုးကြိုးစားပြီး ရိုက်မလဲဆိုတဲ့အတွေးမျိုးပဲရှိတယ်။ တနေ့နေ့ တချိန်ချိန်ကျရင်တော့ ကိုယ့်ဟာကိုယ် ထုတ်ရိုက်ဖြစ်ချင်လဲ ရိုက်ဖြစ်ပါလိမ့်မယ်။ စီစဉ်ထားတာမျိုးလဲ ရှိပါတယ်”တဲ့။
http://www.trend.com.mm/2014/12/18/yollywood-5222

No comments:

Post a Comment