Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် မြောင်းမြမြို့မှာ ကျင်းပ


Photo : Kyaw Zaw Win /RFA

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့ စင်္ကြာသီဟ၊ စင်္ကြာနန္ဒာ စေတီဝန်းမှာ ဒီနေ့ ညနေမှာ ကျင်းပမယ့် ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားကို တက်ရောက်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ မြောင်းမြမြို့ကို ဒီနေ့နေ့လည်က ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့ကို မရောက်ခင် အိမ်မဲမြို့မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူတွေကို တွေ့ဆုံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြနဲ့ အိမ်မဲမြို့တွေမှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြောင်းမြမြို့ဟာ ဒေါ်ခင်ကြည်ရဲ့ ဇာတိမြို့ဖြစ်ပြီး ဒေါ်ခင်ကြည်သေဆုံးတဲ့ ၂၆ နှစ်ပြည့် အခမ်းအနားကို ကျင်းပမယ်လို့ သိရသလို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့်အကြိုအတွက် ဒေသခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ နဲ့ဆွေးနွေးမယ်လို့ သိရပါတယ်။

ရိုက်ကူး- ကျော်ထွန်းနိုင်၊ ကျော်ဇောဝင်း

No comments:

Post a Comment