Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

ငါးပိ၊ ငရုတ်သီးမှုန့်နှင့် မျှစ်တို့တွင် ဓာတုဆိုးဆေး ထိပ်ဆုံးက ပါဝင်


ဓာတုဆိုးဆေးပါပြီး စားသောက်ဖို့ မသင့်တဲ့ အစားအသောက် တွေထဲ ငါးပိ၊ ငရုတ်သီးမှုန့်နဲ့ မျှစ်တို့ ထိပ်ဆုံးက ပါဝင်နေတာ စစ်ဆေးတွေ့ရှိ ရတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောပါတယ်။

အောက်တိုဘာလကစပြီး ဓာတ်ခွဲခန်းပါရွေ့လျားကားနဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ နေပြည်တော် တို့ရှိ ဈေးတွေက အစားအသောက်တွေကို စစ်ဆေးခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာဖြစ်ပြီး နေပြည်တော်က စားသောက်ကုန်တွေမှာ အများဆုံး စစ်ဆေးတွေ့ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ် လက်ဖက်နဲ့ ငါးပိစတဲ့ စားသောက်ကုန်တွေအပြင် နယ်စပ်က တင်သွင်းလာတဲ့ အချိုရည်နဲ့ မုန့်ပဲသရေစာတွေမှာပါ အန္တရာယ်ရှိတဲ့ ဆိုးဆေးနဲ့ ဓာတုဗေဒပစ္စည်းတွေ ပါနေတာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် ၀ယ်ယူမသုံးစွဲကြဖို့ စားသုံးသူ အခွင့်အရေး ကာကွယ်ပေးရေးအဖွဲ့က မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် သတိပေး ခဲ့ဖူးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75343

No comments:

Post a Comment