ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်မှာနေတဲ့
တပ်မတော်အငြိမ်းစား တပ်ကြပ် ကြီးတစ်ဦးဖြစ်သူ ဦးအုန်းမြင့်သိန်းရဲ့စာ
ရောက်လာခဲ့ပါတယ်။ ယာဉ်လိုင်းအတွက်မောင်းဖို့ သတ်မှတ်ထားတဲ့ လိုင်စင်မရှိဘဲ
မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့်
သူ့ရဲ့သမီးဖြစ်သူ ဟာ ကားတိုက်ခံရပြီး သေဆုံးခဲ့ရပါတယ်။ သူ့သမီးလို
အဖြစ်ဆိုးမျိုး တခြားသူတွေ မကြုံတွေ့ မခံစားရစေ ဖို့ စာဖတ်သူတွေသိရှိအောင်
ရေးသားပေးပို့ခဲ့တာပါလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်
ညနေမှာ ရုံးကိစ္စနဲ့ အပြင်သွားရတဲ့ သမီးဟာ သိမ်ဖြူလမ်း ကြယ်ငါးပွင့်ရုံးရှေ့
မှာ ကားတိုက်ခံရတယ်လို့ သမီးရုံးကတာဝန်ရှိသူတွေက
အိမ်ကိုလာရောက်အကြောင်းကြားလို့ ဆေးရုံ (အရေးပေါ်)ကို လိုက်သွားခဲ့ရတယ်လို့
ပြောပါတယ်။ ဆေးရုံက တာဝန်ရှိသူတွေက အစွမ်းကုန်ကြိုးစားကု သပေမယ့် ဒဏ်ရာ
ပြင်းထန်လွန်းတဲ့အတွက် နောက်တစ်နေ့ ညနေမှာ ကွယ်လွန်သွားခဲ့ရပါတယ်။ သမီး ကို
ဆုံးရှုံးရတဲ့ အဖေတစ်ယောက်အနေနဲ့ ဖြေမဆည်နိုင်အောင် ခံစားရတဲ့အပြင်
ပိုပြီးယူကျုံးမရဖြစ်ရတာ က တပ်မတော်သားတစ်ဦးရဲ့ သမီးဟာတပ်မတော်သားတွေ
ပါဝင်တဲ့ ဦးပိုင်ကုမ္ပဏီက ဖွဲ့စည်းတည် ထောင်ထားတဲ့ အဓိပတိ(အနီ) ယာဉ်လိုင်း
အတိုက်ခံရ လို့ သေဆုံးသွားခဲ့ရတာကို သူ့စိတ်ထဲမှာ ပိုပြီးခံစား ရတယ်လို့
ဆိုပါတယ်။
အဓိပတိယာဉ်လိုင်းဟာ ပြည်သူတွေရဲ့သွားလာရေးကို
ဆောင်ရွက်ပေးနေတဲ့ ယာဉ်လိုင်းကြီးတစ်ခုလို့ ထင်မြင်ယူဆပြီး လိုင်းကားစီးရင်
ဦးစားပေးရွေးချယ်စီးခဲ့တာပါ။
အခုတော့
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထုတ်ပေးထားတဲ့ (င)
လိုင်စင်က လွဲပြီး တခြားလိုင်စင်အမျိုးအစား (ခ၊ ဃ) တွေ မောင်း
နှင်ခွင့်မရှိတဲ့ ယာဉ်ကိုမောင်းခဲ့တဲ့ ယာဉ်မောင်းဟာ (ခ) လိုင်စင်နဲ့
မောင်းခဲ့တာကို ဦးပိုင်ကတာဝန်ရှိသူတွေ ဘာကြောင့် ခွင့်ပြုခဲ့တာလဲလို့
မေးချင်ပါတယ်။ ဒီလိုခွင့်ပြုခဲ့လို့ ယာဉ်မောင်းရဲ့
မဆင်မခြင်မောင်းနှင်မှုနဲ့ လူသားမဆန် တာဝန်ကင်းမဲ့မှုတွေကြောင့် အပြစ် မဲ့တဲ့
သမီးလေးဆုံးရှုံးခဲ့ရသလို တခြားသူတွေ မကြုံတွေ့၊ မခံစားကြရအောင်
တာဝန်ရှိသူနဲ့ စာဖတ်ပြည် သူများသိစေဖို့ ရေးသား လိုက်ရတာပါလို့
ဖော်ပြထားပါတယ်။
နေရာလေးတော့ လုပ်ပေးပါ
စာဖတ်သူကဏ္ဍကို
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေတဲ့
ဦးနိုင်အောင် ရဲ့စာရောက်လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့
သူနေတဲ့မြို့နယ်မှာ ရုံးဖွင့်ထားတဲ့ ရွှေသံလျင် လူငယ်ပရဟိတနာရေးကူညီမှုအသင်း
အကြောင်းပါ။ အဲ့ဒီအသင်းရုံးနေရာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင်
ကျီစုစက်မှုဇုန် ဖော်ဆောင်မယ့် မြေနေရာပေါ်မှာ တရားမ၀င်ခွင့်ပြုချက်မဲ့
ရှိနေတဲ့အတွက် မြို့ နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဖယ်ရှားပေးဖို့
သုံးကြိမ်သတိပေးစာ ထွက်ရှိလာတဲ့အတွက် ရပ် ကွက်ပြည်သူတစ်ယောက်အနေနဲ့
လူကြီးမင်းတွေသိအောင် ဒီစာကိုရေးလိုက်တာပါလို့ ဆိုပါတယ်။
သူတို့မြို့နယ်မှာ နေတဲ့သူတွေဟာ လယ်သမားတွေဖြစ်ခဲ့ကြပြီး လယ်သိမ်းခံရလို့
ငါးရှာ၊ ကုန်ထမ်း၊ လမ်း တံတားတွေနဲ့ အိမ်ဆောက် တဲ့ နေရာတွေမှာ
ပန်းရန်အလုပ်နဲ့ စားဝတ်နေရေးအတွက် မသေရုံတမယ် ပင်ပန်းကြီးစွာနဲ့
ရုန်းကန်နေရတဲ့ သူတွေဖြစ်ပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေအဖို့
မကျန်းမာတဲ့ အခါ၊ နာရေးဖြစ်တဲ့ အခါတွေမှာ ဒီလိုပရဟိတအသင်းကိုပဲ
အားကိုးကြရပါတယ်။ ဒီအသင်းကဖွင့်တဲ့ အခ မဲ့ဆေးခန်းကြောင့် မြို့နယ်အတွင်းက
မကျန်းမာတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် အထောက်အကူဖြစ်တဲ့ အပြင်နာရေးဖြစ်တဲ့
အခါမှာလည်း သင်္ဂြိုဟ်ဖို့အတွက်သာမက ဓလေ့ထုံးစံအတိုင်း ဘုန်းကြီးပင့်
ဆွမ်းကျွေးအထိ ကူညီပေးတဲ့ အသင်းဖြစ်တဲ့အတွက် မြို့နယ်မှာ
မရှိမဖြစ်လိုအပ်ပါတယ်လို့ ပြောပါတယ်။
ဆိပ်ကမ်းမြို့နယ်နဲ့
ပတ်ဝန်းကျင်မြို့နယ် ရဲစခန်းတွေ အမှုဖြစ်လို့၊ ရေနစ်လို့၊ ကား၊
ရထားတိုက်လို့ လူနာပဲဖြစ်ဖြစ်၊ အလောင်း ပဲဖြစ်ဖြစ် ဆေးရုံပို့ဖို့
ဒီအသင်းကပဲ ငွေတစ်ပြားတစ်ချပ်မှမယူဘဲ အမြဲကူညီသယ် ဆောင်ပေးနေတာကို
မြို့နယ်နဲ့ ရပ်ကွက်က လူတွေ၊ ရဲဝန်ထမ်းနဲ့ ထွေအုပ်က တာဝန်ရှိသူတွေ သိကြပါ
တယ်။
အသင်းအဖွဲ့ မှတ်ပုံတင်လည်းကျပြီး မြို့နယ်အတွက်
ရှိဖို့လိုအပ်တဲ့ အသင်းတစ်သင်းကို ရပ်တည်ရာရဖို့အတွက် အဆင်ပြေနိုင်မယ့်
နေရာ တစ်နေရာကို ရောင်းလို့ပဲဖြစ်ဖြစ် ပေးစေချင်တဲ့ ပြည်သူများရဲ့ကိုယ်စား
စာဖတ်သူကဏ္ဍတစ်ဆင့် တာဝန်ရှိသူများကို တင်ပြပေးစေ လိုကြောင်း
ရေးသားပေးပို့လာတဲ့စာကို ဖော်ပြလိုက်ပါတယ်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-58/item/35297-2014-12-20-06-29-54
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 20, 2014
အဓိပတိကို ထိန်းပါဦး ဦးပိုင်ရေ
အဓိပတိကို ထိန်းပါဦး ဦးပိုင်ရေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 20, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 20, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment