Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 20, 2014

လှိုင်သာယာ၌ ခွင့်ပြုချက်မဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ


ရန်ကုန် ဒီဇင်ဘာ ၂ဝ

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အညီ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ် အတွင်းခွင့်ပြုချက်မဲ့ စီးနင်းမောင်းနှင်နေသော ဆိုင်ကယ်များကို ဒီဇင်ဘာ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့် ဖမ်းဆီးခဲ့ရာ ဒီဇင်ဘာ ၁၇ ရက်အထိ ဆိုင်ကယ်စီးရေ ၁ဝ၈ စီးအား ဖမ်းဆီး၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေ သကဲ့သို့ ယာဉ်မရပ်ရ တားမြစ်ဧရိယာအတွင်း စည်းကမ်းမဲ့ရပ်တန့်ထားသည့် မော်တော်ယာဉ်များကိုလည်း ဖမ်းဆီး၍ တည်ဆဲဥပဒေ၊ ဒေသန္တရဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်ပိုင်(လှိုင်သာယာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment