Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 20, 2014

ပါကစ္စတန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ ၅၇ ဦးသေဆုံး


အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၁၉

အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်စပ်ဒေသအနီးရှိ တာလီဘန်တပ်ဖွဲ့များအား ပါကစ္စတန်တပ်ဖွဲ့များက မြေပြင်နှင့် လေကြောင်းတို့မှ တိုက်ခိုက်ချေမှုန်းခဲ့ရာ တာလီဘန်စစ်သွေးကြွ ၅၇ ဦး သေဆုံးသွားကြောင်း ပါကစ္စတန်စစ်ဘက်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ စာသင်ကျောင်းတစ် ကျောင်းမှ ကျောင်းသားငယ်လေးများအား တာလီဘန် စစ်သွေးကြွများက တိုက်ခိုက်မှုတစ်ရပ်လုပ်ဆောင်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အဆိုပါစစ်ဆင်ရေးကို တင်နွှဲခဲ့ခြင်းဖြစ်သည်။ ပက်ရှ်ဝါမြို့ရှိ စာသင်ကျောင်းအား တာလီဘန်တို့ တိုက်ခိုက်မှုကြောင့် ကျောင်းသားများ အများစုပါဝင်သော လူ ၁၄၁ ဦး သေဆုံးခဲ့ရသည်။

ခိုင်ဘာခရိုင်နှင့် မြောက်ဝါဇီရစ္စတန်ပြည်နယ်များ၌ ပါကစ္စတန်စစ်ဘက်က သောင်းကျန်းသူများအပေါ် ထိုးစစ်ဆင်နွှဲမှုအရှိန်ကို မြှင့်တင်လုပ်ဆောင်လျက်ရှိသည်။

မြောက်ဝါဇီရစ္စတန်ပြည်နယ်တွင် စစ်သွေးကြွများအား ချေမှုန်းနေမှုကို ပါကစ္စတန်တပ်ဖွဲ့များက ယခုနှစ် ဇွန်လအတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။

ယခုရက်သတ္တပတ်အတွင်းက ပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် ပါကစ္စတန်တပ်ဖွဲ့များက မြေပြင်နှင့်လေကြောင်းထိုးစစ်များ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန် လေတပ်ဂျက်တိုက်လေယာဉ်များက လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုအကြိမ် ၂ဝ ခန့် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် ပါကစ္စတန် အထူးတပ်ဖွဲ့များက အာဖဂန်နစ္စတန် နယ်စပ်အနီးရှိ တာရက်တောင်ကြား၌ ချုံခိုတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၃၂ ဦး သေဆုံးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုနှစ် ဇွန်လအတွင်းမှစ၍ ယခုနောက်ဆုံး ဆင်နွှဲနေသည့် တိုက်ခိုက်မှုများအတွင်း စစ်သွေးကြွ ဦးရေ ၁၇ဝဝ ကျော်ကို သုတ်သင်ချေမှုန်းနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က ပြောကြားသည်။

ဘီဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment