CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 17, 2014
မာမီရန် အဖြစ် နဲ့တွေ့ရ တဲ့ ရန်အောင်
ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးနေတဲ့ “မောင်ပစ္စကဝိညာဉ်” ရုပ်ရှင်ကားကြီး မှာ ရန်အောင်က ခန့်စည်သူ၊ မြင့်မြတ် ၊ရွှေမှုံရတီ တို့နဲ့အတူ ပါဝင် သရုပ်ဆောင် ထားပါ တယ်။ ဒီရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူး နေတဲ့ သရုပ်ဆောင် ခန့်စည်သူ၊ မြင့်မြတ် ၊ရန်အောင် တို့က ယောက်ျား စစ်စစ် ကနေ မိန်းမဖြစ်သွား ရတဲ့ ကာရိုက်တာ ကို ဟာသနှောပြီး ရိုက်ကူး ထားကြောင်း ရန်အောင်က ဆိုပါတယ်။
“ဒီကားထဲမှာ အစ်ကိုရယ်၊ ခန့်စည်သူရယ်၊ မြင့်မြတ်ရယ်၊ ရွှေမှုံရတီ တို့နဲ့ ရိုက်ကူးနေတယ်။ စိတ်နဲ့ ပြစ်မှားမိတဲ့ ကံကြောင့် ယောက်ျား စစ်စစ်ကနေ မိန်းမဖြစ်သွား ရတာ ပေါ့။ အစ်ကို တို့တွေက မိန်းမပုံတွေ ဝတ်ကြရတယ်။ တကယ့် ဇာတ်မူရင်း ကကျတော့ မြင့်မြတ် ကိုချစ်နေတဲ့ ကောင်မလေး က အသတ် ခံရတယ်။ စိတ် ဆွဲပြီးတော့ ညညဆို ကောင်မ လေးက ဝင်ပူးတယ်။ ဟာသနှောထား တယ်” လို့ပြောပြပါတယ်။ အခုအချိန် မှာတော့ လာအပ်တဲ့ ဇာတ်အပေါ် ရွေးချယ်ပြီး လက်ခံ ရိုက်ကူးတာမျိုး မ ရှိတော့တဲ့ အတွက် ဇာတ်ကောင် အတွက်ပဲ ပြင်ဆင်ပြီး သရုပ်ဆောင် တစ်ယောက် အနေနဲ့ ကာရိုက်တာ ပီပြင်ဖို့ပဲ စဉ်းစားပြီး လက်ခံ ရိုက်ကူး ဖြစ်နေကြောင်း လည်း ရန်အောင် က ပြောပါတယ်။ ရန်အောင်က ဒီဇင်ဘာ ၁၄ ရက်နေ့ မှာ ကျရောက်တဲ့ မွေးနေ့ မှာ အလှူ လုပ်ဖို့ ရှိကြောင်း သိရပြီး ကားရိုက် ရှိနေသေးတဲ့ အတွက် အတိအ ကျပြောလို့ မရသေးကြောင်း လည်း ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
http://www.popularmyanmar.com/mpaper
မာမီရန် အဖြစ် နဲ့တွေ့ရ တဲ့ ရန်အောင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment