၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ၂၅ရက် နေ့ အမေရိကန်နိုင်ငံFlorida မြို့ Miami ကမ်းခြေမှာပြုလုပ်မယ့် ၆၃ ကြိမ်မြောက်Miss World 2014 ကမ္ဘာ့အလှမယ်ပြိုင် ပွဲကြီးမှာမြန် မာနိုင်ငံကိုယ်စားပြုအလှ မယ်အနေနဲ့သျှားထွဋ်အိန္ဒြာကဝင် ရောက်ယှဉ် ပြိုင်မှာဖြစ်ပြီး ဒီဇင်ဘာ ၂၉ရက်နေ့ မှာ မြန်မာနိုင်ငံက ထွက်ခွာ တော့မှာဖြစ်ပါတယ်။ ပုံမှန်အာြး ဖင့်Miss Universe ပြိုင်ပွဲကို ဒီဇင်ဘာ လမှာ ကျင်းပတာဖြစ်ပေမယ့် အခုနှစ် မှာတော့ ရက်ရွှေ့ဆိုင်းပြီး ၂ဝ၁၅ခုနှစ် ဇန်နဝါရီလမှာ ကျင်းပတာဖြစ်တာ ကြောင့်၂ဝ၁၄ ခုနှစ်အတွက်အလှမယ် ပြိုင်ပွဲတွေမှာတော့နောက်ဆုံး ယှဉ်ပြိုင် ရမယ့် အလှမယ်ပြိုင်ပွဲတစ်ခုပဲဖြစ်ပါ တယ်။ အလှမယ်သျှားထွဋ်အိန္ဒြာကMiss Universe 2014 ပြိုင်ပွဲအ တွက် ဗဟုသုတပိုင်းဆိုင်ရာနဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံး စံတွေအကြောင်း လေ့လာပြင်ဆင်သလို၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့မှာလည်း Beauty Queen တစ်ေ ယာက်ရဲ့ နေထိုင်မှုပုံ စံတွေကို လေ့လာသင်ကြားခဲ့ပါတယ်။ အလှမယ်သျှားထွဋ်အိâန္ဒာတက်ခဲ့တဲ့ ဖိလစ်ပိုင်ကသင်တန်းဟာဆိုရင် သရဖူ ဆုရှင်များကို မွေးထုတ်ပေး ခဲ့တဲ့သင် တန်းတစ်ခုဖြစ်ပြီးအလှမယ်သျှား ထွဋ် အိန္ဒြာ နဲ့အတူသင်တန်းတက်ခဲ့တဲ့ Miss International Thailand 2014 ကMiss Intercontinental 2014 ပြိုင်ပွဲမှာ သရဖူဆု ကိုလည်းကောင်း၊Miss Earth Thailand ကလည်း Miss Earth 2014 ပြိုင်ပွဲမှာ ဆုရရှိခဲ့ သလို၊Miss Supranational Thailand 2014 အလှမယ်ကလည်း Miss Supranational 2014 ပြိုင်ပွဲ မှာ 1st Runner Up ဆုကိုရရှိခဲ့တာ ကြောင့်မြန်မာအလှမယ်သျှားထွဋ် အိန္ဒြာ ကိုလည်းဆုတစ်ဆုဆုကိုလည်းကောင်း၊ သရဖူဆု ဆွတ်ခူးခဲ့ဖို့ကိုလည်းကောင်း ရရှိ ဖို့ မျှော်လင့်ချက် ကြီးတွေထားရှိနေကြပါ တယ်။အလှမယ်သျှားထွဋ်အိန္ဒြာကလည်း “ဖိလစ်ပိုင်မှာကိုယ်နဲ့အတူတူသင်တန်း တက်ခဲ့တဲ့ သူတွေကဆုတွေအသီးသီးရကြ တော့ ညီမလည်း ပိုအားတက်ပါတယ်။ စလေ့ကျင့်တုန်းက ကိုယ့်အားသာချက်၊ သူ့အားနည်းချက်တွေကိုသေချာမကြည့် ခဲ့မိဘူး။ အားလုံးနဲ့
သူငယ်ချင်းတွေဖြစ် ခဲ့တယ်။ Miss Intercontinental သရဖူဆုရသွားတဲ့ထိုင်းအ လှမယ်ဆိုရင်သူ့အားသာချက်က အရပ်တအား ရှည်တယ်။ Talent လုပ်တဲ့အခါမှာ လည်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတယ်။ သူ့မျက်နှာကလည်း Miss တစ်ယောက်ရဲ့ ရုပ်ရည်ရှိတယ်။ အဲဒါကြောင့် သရဖူဆုရသွားတယ်လို့ ထင်ပါ တယ်။ ညီမလည်း အကောင်းဆုံးဆုတစ်ဆုကိုပဲ မျှော်လင့် ထားပါတယ်။ Crown ကိုသာရခဲ့ရင်ဆိုတဲ့စိတ် တော့ရှိခဲ့ တယ်။ ဒါပေမဲ့ ဒါဟာ အိပ်မက်တစ်ခုပါပဲ။ ဒီလိုမျိုးဖြစ်လာေ အာင်တော့ ကြိုးစားရမှာပါပဲ။ရလာလိမ့်မယ်လို့ မျှော်လင့်မိတယ်။ ကြိုးစားသ လောက်တော့ ကြိုးစားရကျိုးနပ်မယ်လို့ယုံ ကြည် ပါတယ်” လို့ပြောပါတယ်။အလှမယ် သျှားထွဋ်အိန္ဒြာ ရဲ့National Costume ပြိုင်ပွဲမှာ ပန်ထွာ ဘုရင် မရဲ့ဝတ်စုံနဲ့လေးနဲ့မြားကိုဟန်ရေးပြနေဟန်ပြသမှာဖြစ်ပြီးဝတ်စုံကိုဒီဇိုင်နာမပုံ့(My Favourite)က ဖန်တီးပေးကာ ညနေခင်းဝတ်စုံကို ဒီဇိုင်နာပြည် စိုးအောင်နဲ့ ပြိုင်ပွဲကာလတစ်လျှောက်ဝတ်စုံများကိုဒီဇိုင်နာငြိမ်းကိုကတာဝန်ယူချုပ်ပေးထား ကြောင်းသိရပါတယ်။Miss Universe 2014 ပြိုင်ပွဲကို နိုင်ငံပေါင်း ၈၉နိုင်ငံမှ ပြိုင်ပွဲဝင်အလှ မယ်များဝင်ရောက်ယှဉ် ပြိုင်ကြပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
http://www.popularmyanmar.com/mpaper
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 17, 2014
သရဖူဆုရရှိဖို့က အိပ် မက်တစ်ခုပါပဲဆိုတဲ့ Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိ န္ဒြာ
သရဖူဆုရရှိဖို့က အိပ် မက်တစ်ခုပါပဲဆိုတဲ့ Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိ န္ဒြာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment