Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 18, 2014

Franchising (1)


ဟိုတလောက ကျနော့်ကွန်မန့်တခုမှာ ကျနော်ဘဝမှာ Franchise Business ကိုယ်ပိုင်လုပ်ငန်းတခုအနေနဲ့ လုပ်ခဲ့ဖူးတဲ့ အကြောင်း အချိန်ရရင် ရေးချင်တယ်လို့ ဝန်ခံခဲ့ပါတယ်..စာကောင်းကောင်းမရေးတတ်တဲ့ အတွက် သိချင်သူ စိတ်ဝင်စားသူများမေးတဲ့ မေးခွန်းနဲ့ အဖြေပုံစံမျိုး ရေးပါရစေလို့ ပြောချင်ပါတယ်..အဲ့ဒါမှလည်း တခြား ကျနော့်ထက် အတွေ့အကြုံရှိသူ သိသူတွေ ဝင်ဆွေးနွေးလို့ရအောင်ပါ..အရင်ဦးဆုံးဝန်ခံချင်တာ ကျနော် ဒီစာကိုရေး ရှယ်တာ အောင်မြင်နေတဲ့ စီးပွားရေးသမားတယောက်အနေနဲ့ မဟုတ်ပဲ နိုင်ငံခြားတိုင်းပြည်မှာ ရုန်းကန်ခဲ့ရတဲ့ သူတယောက်ရဲ့ ရှုံးနိမ့်မှု့ကို စီးပွားရေးလုပ်ငန်းစတင်ချင်သူတွေ အခက်အခဲတွေ ရှောင်နိုင်အောင်ရေးတဲ့ စေတနာထားမှု့လို့ မှတ်ယူစေချင်ပါတယ်..ကျနော့်မှာ လမ်းကြောင်းပြ ရှင်းပြခဲ့သူမရှိဘဲ ကိုယ့်ဘာသာကိုယ် လေ့လာ စမ်းတဝါးဝါးလုပ်ခဲ့ရတဲ့ Step တခုကို ခင်ဗျားတို့ ကျော်နိုင်ကြပါစေဆိုတဲ့စိတ် ဝေမျှရကျိုးနပ်ပြီဆိုတဲ့စိတ်နဲ့ပါ..
.နိုင်ငံရပ်ခြားတိုင်းပြည်မှာ လူတိုင်း အခြေ အနေ တခုရောက်လာချိန်မှာ စီးပွားရေးတခုလုပ်ဖို့ စဉ်းစားလေ့ရှိပါတယ်..ဒီမှာ ကျနော်တို့နောက်ပြောင်နေကျ စကားတခုရှိပါတယ်..အမည်းဆို ပိုက်ဆံအဆင်ပြေတာနဲ့ ကားကောင်းဝယ်စီးလေ့ရှိပြီး အဖြူဆိုရင် အိမ်ကောင်းကောင်းဝယ်ယူနေထိုင်တတ်တယ်..အာရှက လာသူတွေကတော့ အရက်စတိုးဆိုင် စတိုင်းဆိုင်ဖွင့်လေ့ရှိတယ်ဆိုပြီး တော့ပါ..ကျနော့် ရဲ့ Limited အတွေ့အကြုံရတော့ ဒီစကားဟာ ရာခိုင်နှုန်းများများတော့ မှန်ပါတယ်..ကျနော်လည်း အလုပ်အကိုင် အဆင်ပြေပြီးတာနဲ့ စစဉ်းစားခဲ့တာ ငါ ဘာစီးပွားရေးလုပ်ရင်ကောင်းမလဲဆိုတဲ့ အတွေးပါ..အဲ့ဒါနဲ့ လွန်ခဲ့တဲ့ ၈နှစ်ခန့်မှာ တည်ငြိမ်နေတဲ့ အလုပ်ကနေထွက်လိုက်ပြီး စီပွားရေးလုပ်တဲ့ ခရီးစဉ်ကို စတင်ခဲ့ဖူးပါတယ်..
Franchising ဆိုတာ အလွယ်ကူဆုံး ဘာသာပြန်ရရင် အောင်မြင်ပြီးသား စီးပွားရေးလုပ်ငန်းတခုကို ပိုင်ရှင်(company)ဆီကနေ နှစ်အပိုင်းအခြားတခုထိ ဝယ်ယူလုပ်ကိုင်ခြင်းတမျိုးပါပဲ.. အများအားဖြင့် Franchise Business ဆိုတာနဲ့ လူတွေသိကြတာ McDonald's, KFC, Burger King, Subway, 7 Eleven အစရှိသည်ဖြင့် နာမည်ကြီး Company ကြီးတွေပါ..အဲ့ဒီ စီးပွားရေးတခု (Franchise) အသစ်တခု ဝယ်ဖို့ ကုန်ကျငွေ US$ 250,000- more than 1.5 mil လိုအပ်ပါတယ်..
အခု ဗမာတွေ လုပ်နေတဲ့ ဆူရှီးဆိုင်လုပ်ငန်းကလည်း Franchise Business ပါပဲ..AFC လို Company ကနေ လုပ်ပိုင်ခွင်ကို ဝယ်ယူတာပါပဲ..ဆိုင် အသစ်တခုအရင်းအနှီးကတော့ US$ 5000 ကနေ US$15000 လောက်ရှိနိုင်ပါတယ်..(မှားနိုင်တာမို့ အခုလက်ရှိလုပ်ကိုင်နေသူတွေ ပြင်ပေးနိုင်ပါတယ်)..ဒါက ကျနော် ဆိုင်အသစ်ဖွင့်တာကိုပြောတာပါ..
သူများဖွင့်ပြီးသား အောင်မြင်ပြီးသား ဆိုင်ကို ပြန်ဝယ်မယ်ဆိုရင်တော့ ဒီ့ထက် ကုန်ကျနိုင်ပါတယ်..ကျနော့်မိတ်ဆွေတယောက် အောင်မြင်ပြီးသား ဆူရှီးဆိုင် ၁ဆိုင်ကို US$ 150,000 ခွဲနဲ့ဝယ်ခဲ့ဖူးပါတယ်..အောင်မြင်ပြီးသားပဲဖြစ်ဖြစ် ရှုံးလို့ရောင်းတဲ့ စီပွားရေးပဲဖြစ်ဖြစ် ဝယ်မယ်ဆိုရင် ဘာတွေကြည့်ဖို့လိုတယ်ဆိုတာ နောက်တော့ ဆွေးနွေးပါ့မယ်..
Franchise Business ကို ဘယ်လိုလူတွေ အများဆုံးရွေးသလဲ..အထူးသဖြင့် ဘဝမှာ စီးပွားရေးလုပ်ငန်းတခု ပီပီပြင်ပြင် မလုပ်ဖူးခဲ့သူတွေနဲ့ safety net လို့ခေါ်လို့ရမဲ့ အရှုံးနည်းနိုင်မဲ့ လုပ်ငန်း လုပ်ချင်သူတွေ ဖြစ်ကြသတဲ့..အမေရိကရဲ့ Business စာတမ်းတခုမှာ တနှစ်ကို ဖွင့်သမျှ စားသောက်ဆိုင်လုပ်ငန်းအသစ်အားလုံးရဲ့ ၁ဝရာခိုင်နှုန်းပဲ တင်ကျန်ခဲ့သတဲ့..ဒုတိယနှစ်ကျတော့ ၅ရာခိုင်နှုန်း..တတိယနှစ်မှာ ၃ရာခိုင်နှုန်းပဲ ကျန်ခဲ့တယ်လို့ဆိုပါတယ်..အဲ့ဒီထဲမှာမှ Ethnic food လို့ခေါ်တဲ့ သက်ဆိုင်ရာ လူမျိုးတွေရဲ့ အစားအသောက်မျိုးတွေက အများစုပါ..ခင်ဗျား အမေရိကန်တွေစားတဲ့ Burger ဆိုင်ဖွင့်မယ်ဆိုရင်တော့ အခြေအနေ အခက်အခဲ ရင်ဆိုင်ရမှာ ကျိမ်းသေပါတယ်..အဲ့ဒါနဲ့ပဲ Franchise Business ကို လူတွေရွေးကြပါတယ် တဲ့..
ဟုတ်ပြီ..ဘယ်လို Franchise Business ရွေးကြမလဲ..ကျနော် အထက်မှာပြောခဲ့သလိုပါပဲ ..လွန်ခဲ့တဲ့ ၈နှစ်လောက်က Subwayက ဆိုင်အသစ်တဆိုင်ကို US$ 250,000- အထက် တောင်းပြီး..McDonald'sဆိုရင် US$ 800000 ကနေ တသန်းအထက်မှာ ကုန်ကျပါမယ်..စကားမစပ် ကျနော်ပြောတာ ဝါရှင်တန် ဒီစီ ဗာဂျီးနီးယား မေရီလန်း တဝိုက်ကိုပြောတာပါ..7 Eleven ကတော့ US$ 500,000 အထက်ကုန်ကျပါမယ်..လုပ်ငန်းစဝယ်တော့မယ်ဆိုရင် အရင်ဦးဆုံးလုပ်သင့်တာ ကိုယ်ဝယ်မဲ့လုပ်ငန်းအကြောင်း စလေ့လာဖို့ပါ..Companyတွေရဲ့ Website မှာ Franchisee ဖြစ်ချင်သူတွေ ဆက်သွယ်ရမဲ့ လိပ်စာနဲ့ ဖုံးပေးထားလေ့ရှိပါတယ်..ဒါမှမဟုတ် ခင်ဗျား initial ဖြည့်ရမဲ့ financial information form ပေးထားလေ့ရှိပါတယ်..အဓိက မေးထားတာကတော့ ခင်ဗျားမိသားစုရဲ့ဝင်ငွေ စုဆောင်းငွေ နဲ့ အကြွေး Assets/Liability ကို အရင်ပြောပြရပါလိမ့်မယ်..အဲ့ဒီကမှ သူတို့အနေနဲ့ ဖြစ်နိုင်တယ်ထင်ရင် ဆက်သွယ်င်္ပြီး စကားပြောရပါမယ်..အဲ့ဒီအကြောင်းက နည်းနည်းရှည်လို့ ကွန်မန့်ထဲ ဖြေပါမယ်..ဆိုကြပါစို့ ခင်ဗျားရဲ့financial information က ကောင်းလို့ စကားပြောကြပါပြီတဲ့
အများအားဖြင့် Franchise Businessတခုရဲ့ သက်တမ်းဟာ နှစ်၂ဝပေးလေ့ရှိပါတယ်..ပထမဦးဆုံးစပေးရမှာ initial Franchise feesပါ..ဥပမာ Subwayဆိုရင် US$15000 စပေးရပါမယ်..ကျနော်ဝယ်ခဲ့တဲ့Franchise Businessကတော့ US$25000 ပေးခဲ့ရတယ်..ပြီးရင် ဆိုင်ရဲ့ ရောင်းရငွေထဲက Gross sale ၈ - ၁၄ ရာခိုင်နှုန်း လစဉ် မှန်မှန် ပြန်ပေးရပါတယ်..Franchise Businessတခုနဲ့တခု မတူပါ..ပြီးမှ ခင်ဗျားရဲ့ Shop rental, labor fees, food cost, utilities နှုတ်ပြီးမှ ခင်ဗျား အကျိုးအမြတ်ရမှာပါ..ကျနော် အထက်ကပြောခဲ့တဲ့ ၂သိန်း ၃သိန်း ကုန်ကျငွေတွေက ဆိုင်အသစ်တခု တည်ဆောက်ခ ဖြစ်ပါတယ်..နှစ်၂ဝ အတွင်း ခင်ဗျားပြန်ရောင်းချင်၇င် ပြန်ရောင်းခွင့်ရှိပါတယ်..နှစ်၂ဝပြည့်သွားရင် နောက်ထပ် သက်တန်းတိုးတဲ့အခါ initial Franchise fees ထပ်ပေးဖို့လိုပါမယ်..Companyက ခင်ဗျားဆိုင်ဖွင့်ဖို့ အစအဆုံး Business Management, labor hiring, how to make ကူညီပြီး ခင်ဗျားနဲ့တောက်လျှောက်ဆက်သွယ်ပြီး အောင်မြင်လာအောင် အကြံပေး ကူညီပါတယ်..
အဲ့ဒီလို သိန်းနဲ့ချီတဲ့ ပိုက်ဆံမရှိရင် ဝယ်လို့မရနိုင်တော့ဘူးလို့ ထင်နေပါလိမ့်မယ်..နည်းလမ်းတွေရှိပါတယ်..

ဆက်ဆွေးနွေးကြတာပေါ့ ခင်ဗျာ..




https://www.facebook.com/groups/1471236909777232/permalink/1557107907856798/

No comments:

Post a Comment