မြန်မာနိုင်ငံကို ကမ္ဘာထိပ်သီး G7 နိုင်ငံများမှ ခေါင်းဆောင်တိုင်း မရောက်
ဖူးသေးပေ။ အမေရိကန်သမ္မတနှင့် အင်္ဂလန်ဝန်ကြီးချုပ် တို့ မြန်မာနိုင်ငံသို့
၂၀၁၁ နောက်ပိုင်း ရောက်ရှိခဲ့သော် လည်း ၄င်းတို့၏ ဇနီးမှာ အတူ လိုက်ပါ
လာခြင်း မရှိ။
မြန်မာနိုင်ငံကို အမြဲတစေ လာရောက်လေ့ရှိသည့် G7 ခေါင်းဆောင် ကတော် မှာ Mrs. Akie Abe ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်ကတော် နေပြည်တော်၌ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေး
တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အာဆီယံ ထိပ်သီးခေါင်းဆောင် များနှင့်
တွေ့ဆုံဆွေးနွေး ချိန်တွင် ၀န်ကြီးချုပ်ကတော်မှာ သက်ကြီး
ဆရာတော်တစ်ပါးရှေ့ ၌ ဒူးတုပ်ထိုင်လျက်ရှိသည်။
ထို ဆရာတော်မှာ သစ်ရိပ်ဝါးရိပ်ကောင်းမွန်သည့် ဘုန်းကြီးကျောင်းတွင်
ဆင်းရဲနွမ်းပါးသူ ကလေးငယ် ၂၀၀ခန့် အား ပညာသင်ကြားပေးလျက်ရှိသည်။
ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စစ် အာဘေးက ‘ ဒီကလေး တွေပညာသင်ဖို့ ဆရာတော် က
နေရာပေးတဲ့အတွက် ကံကောင်းတဲ့ ကလေးတွေပါ ။ ဒီကျောင်း က ရေရှည် အောင်မြင်ဖို့
မျှော်လင့်ပါတယ် ’ ဟုပြောကြား ခဲ့သည်။ မြန်မာဝတ်စုံ လုံခြည်ဝတ်ဆင်ထားသည့်
မစ္စအာဘေးက သက်တောင့် သက်သာပုံစံ ရှိနေပြီး ကျောင်းသားများဆရာများနှင့်
ရင်းရင်းနှီးနှီးစကား ပြောခဲ့သည်။
ရှင်ဇိုအာဘေး ပထမအကြိမ် ၀န်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်စဉ် ပထမဆုံး
သွားရောက် ခဲ့သည့် ပြည်ပခရီးတွင် လေယာဉ်ပေါ်မှဆင်းချိန် စတိုင် ကျကျ ၀တ်ဆင်
ထားသည့် မစ္စစ် အာဘေး က အားကိုးတကြီး လက်တွဲခို၍ လိုက်ပါလာသည်ကို
သတင်းများတွင် ဖော်ပြခဲ့သည်။ ရှင်ဇိုအာဘေး ၀န်ကြီးချုပ် ဒုတိယ သက်တမ်း တွင်
၂နှစ်ရောက်ရှိချိန်တွင် မစ္စစ်အာဘေးမှာ ပုံစံပြောင်းလဲ လာပြီဖြစ်သည်။
သူမသည် ခင်ပွန်းဖြစ်သူ ၀န်ကြီးချုပ်၏ ခရီးစဉ်များအား သူမ ၀ါသနာ ပါသည့်
စေတနာ့ဝန်ထမ်း ကိစ္စရပ်များအတွက် အသုံးချရန်နှင့် ခင်ပွန်းဖြစ်သူ၏
မူဝါဒများကို ကူညီရေး၊ ခက်ခဲပင်ပန်းသည့် အလုပ်များဆောင်ရွက် ရန်
တွန့်ဆုတ်ခြင်း မရှိတော့ပေ။
မြန်မာနိုင်ငံသည် မစ္စအာဘေး အတွက် ရင်းနှီးပြီးဒေသဖြစ်သည်။ ၂၀၀၇ ခုနှစ် တွင်
အဆုံးသတ် ခဲ့သော ရှင်ဇိုအာဘေး၏ မအောင်မြင်သည့် ပထမ ၀န်ကြီးချုပ် သက်တမ်း
အပြီးတွင် သူမသည် မြန်မာနိုင်ငံမှ ဘုန်းတော်ကြီး ပညာရေး အကြောင်း
စာတမ်းပြုစုပြီး မာစတာဘွဲ့ကို ရယူခဲ့သည်။ သူမ၏ ဘွဲ့လွန်စာတမ်း အတွက်
မြန်မာနိုင်ငံသို့ အကြိမ်တစ်ဒါဇင်မျှ လာရောက် ခဲ့ဖူးသည်။ မြန်မာနိုင်ငံ ရှိ
ဝေးလံခေါင်းဖျားသည့် နေရာများရှိ ဘာသာရေး ပညာသင်ကျောင်းများ ကို
လေ့လာခဲ့သည်။
ခင်ပွန်းဖြစ်သူ ရှင်ဇိုအာဘေး ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ခံ ရပြီး
သည့်နောက်ပိုင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်သည့် ယခု ခရီးစဉ်
တွင်မူ မစ္စ အာဘေး က သူမ သွားလိုသည့်နေရာများအား လိုက်လံပို့ဆောင် ကူညီ
ပါရန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို တ၇ားဝင်တောင်းဆိုနိုင်ပြီ ဖြစ်သည်။
ဝန်ကြီးချုပ် လေယာဉ် နေပြည်တော်သို့ ဆိုက်ရောက်ပြီး မကြာမီ မစ္စအာဘေး က
ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် သို့ သွားရောက်ခဲ့သည်။ ထိုတက္ကသိုလ်မှ
ကျွမ်းကျင်သူများအား အစိုးရအေဂျင်စီအချို့ သို့စေလွှတ် ထားသည် ။ အော်ဂင်း
နစ် စပါးစိုက်ပျိုးပြီး ၀န်ကြီးချုပ်၏ဒေသ မှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ
ရရှိနိုင်သည့် စားသောက်ဆိုင် တစ်ခု ဖွင့်လှစ် ထားသော မစ္စစ်အာဘေး က
စိုက်ပျိုးမွေးမြူရေးအကြောင်း မကြာခဏပြောဆို လေ့ရှိသည်။
ထို့နောက် မစ္စအာဘေးသည် လူကုန်ကူးခံရသူများ အား ထောက်ပံ့ ကူညီရေးဂေဟာ သို့ သွားရောက် ခဲ့သည်။
နေပြည်တော်တွင် ဘုန်းတော်သင် ပညာရေးကျောင်းသို့ သွားရောက်ရာတွင် မစ္စအာဘေး က
ဒူးထောက်ထိုင်ကာ မူလတန်းကလေးများနှင့် စကားဖောင်ဖွဲ့ခဲ့ သည်။ အထက်တန်း
ကလေး များနှင့် တွေ့ဆုံရာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြောင်းနှင့်
စာသင်ခန်း ဖွဲ့စည်းပုံ အကြောင်းကို မေးမြန်းကာ စကားလက်ဆုံကြခဲ့သည် ။
မြန်မာနိုင်ငံ၌ မစ္စစ်အာဘေးမှာ တက်ကြွနေသော်လည်း သူမ၏ အလုပ်များမှာ ခက်ခက်
ခဲခဲ ဆောင်ရွက်ရမည့် အလုပ်များဖြစ်ကြသည်။ ဒုတိယကမ္ဘာစစ် အတွင်းမှ
ဂျပန်ဘုရင့် တပ်မတော်၏ လုပ်ဆောင်ချက် အရိပ်မည်းများ ကို မြန်မာပြည်သူတို့၏
နုလုံးသားထဲ မှ လုံးဝပျောက်ပျက်သွားအောင် သူမ ကြိုးစားရပေအုံးမည်။ သို့သော်
သူမကို တစ်စုံတစ်ယောက် က ခိုင်းစေခြင်း၊ တောင်းဆိုခြင်း မဟုတ်ပေ။ သူမ၏
မြန်မာနိုင်ငံအပေါ် ခင်မင်စိတ်က သူမအား ခိုင်းစေနေခြင်း ဖြစ်သည်။
Ref – WSJ
The Ladies News Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 18, 2014
မြန်မာနိုင်ငံအား ခင်မင်လေးစားသည့် တစ်ဦးတည်းသော “G7 ကတော် -
မြန်မာနိုင်ငံအား ခင်မင်လေးစားသည့် တစ်ဦးတည်းသော “G7 ကတော် -
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 18, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment