လွန်ခဲ့သော တစ်နှစ်ကျော်က ကျောက်တံတားမြို့နယ် အမှတ် (၃)ရက်ကွက်အတွင်း
ဖြစ်ပွားခဲ့သော သက်ငယ်မုဒိန်းမှုကို နိုဝင်ဘာ၁၉ရက်နေ့တွင်
ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတား မြို့နယ်တရားရုံး၌ စီရင်ချက်ချ
တော့မည်ဖြစ်ရာ အမှုကို မှန်ကန်စွာဆုံးဖြတ် ပေးစေလိုကြောင်း မုဒိန်း
ကျူးလွန်ခံရသူ အသက် ၆ နှစ် ခွဲကျော် ပထမတန်း ကျောင်းသူ၏ မိခင်က ပြောသည်။
"ဒီအမှုကို အမှန်အကန် အတိအကျပဲ ဆုံးဖြတ်ပေးစေချင်တာပေါ့နော်"ဟု မိခင်ဖြစ်သူက ပြောသည်။
လွန်ခဲ့သော ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက အဆိုပါမြို့နယ်အတွင်း အသက် ၇၀
ဝန်းကျင် ဦးမောင်မောင်စိန်ဆိုသူက ကျောင်းသူကလေးကို
မုဒိန်းကျူးလွန်ခဲ့ခြင်းဖြစ်ကာ တရားစွဲဆိုရာမှ မုဒိန်းမှု ပုဒ်မ ၃၇၆ ဖြင့်
တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ရုံးချိန်းပေါင်း ၃၀ ကျော်စစ်ဆေးပြီးနောက်
အထက်ပါအတိုင်း အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်သည်။
"အဖိုးကြီးကလည်းမဟုတ်ဘူးလို့ ငြင်းတယ်၊ ပြီးတော့ သူက
ပန်းသေပန်းညှိုးရောဂါရှိတယ်လို့လည်း ရုံးကိုတင်ပြထားတယ်။ ၃၇၆
မမြောက်ဘူးလို့ ဖြစ်သွားမှာကိုစိုးသလို ပြစ်ဒဏ် နှစ် အနည်းငယ်
လောက်ပဲဖြစ်သွားမှာကိုစိုးရိမ်တယ်။ ဘာလို့ လဲဆိုတော့ ဒီအမှုက
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ တစ်သက်တစ်ကျွန်းဖြစ်စေ၊
(၁၀)နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်နိုင်တဲ့အပြင်
ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ဒီကိစ္စမျိုးကို လျှော့ပေါ့စဉ်းစားလိုက်ရင်
ဒီလိုပြသနာတွေကို အားပေးအားမြှောက်ဖြစ်သွားမှာမျိုး စိုးပါတယ်၊
ကလေးမုဒိန်းမှုဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးအမှုကို
စံပြနမူနာအနေနဲ့ တိတိကျကျအပြစ်ပေးစေချင်တယ်"ဟု တရားလို
လိုက်ပါဆောင်ရွက်ပေးနေသည့် အရပ်ဖက်အမျိုးသမီးအဖွဲ့တစ်ခုမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
နေအိမ်တွင် မွေးနေ့ပွဲပြုလုပ်မည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားသည့်
အဆိုပါအမျိုးသားကြီးက အသက် ၆ နှစ်ခွဲအရွယ် မိန်းကလေးငယ်ကို
အဓမ္မပြုကျင့်ခဲ့သောကြောင့် ယင်းအမှုကို
ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့တွင်
တရားစွဲခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးငယ်ကို နေအိမ်မီးဖိုချောင်အတွင်း
မုဒိမ်းပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားကြောင်း၊
ယင်းတိုင်တန်းမှုကြောင့် အဓမ္မပြုကျင့်သူကို
ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဓမ္မပြုကျင့်ခံရသူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ ဈေးရောင်းပြီး
နေအိမ်သို့ညပိုင်း ပြန်ရောက်လာသည့်အခါ ကလေးငယ်က ငိုယိုကာ
သူ၏မိန်းမကိုယ်အင်္ဂါမှ နာကျင်နေကြောင်း ပြောဆိုခဲ့သည့်အတွက်
ကြည့်ရှုစစ်ဆေးရာ ဒဏ်ရာများတွေ့ရှိပြီး
ဖြစ်စဉ်ကိုမေးမြန်းမှသိရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄
ခုနှစ်အတွင်းမုဒိန်းမှုဖြစ်ပွါးသည့်ဖြစ်စဉ် များပြားလာသည့်အတွက်
မြို့နယ်အလိုက်ကွင်းဆင်းကာ ပညာပေးဟောပြောမှုများပြုလုပ်လျက်ရှိကြောင်း၊
လက်ရှိစာရင်းများအရမုဒိန်းမှုပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ယင်းအမှုများအနက်
ဖခင်ဖြစ်သူက သမီးဖြစ်သူကို မုဒိန်းမှုကျူးလွန်သည့်ဖြစ်စဉ်များပါရှိကြောင်း
တာဝန်ရှိရဲအရာထမ်းတစ်ဦးက ပြောသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 18, 2014
သက်ငယ်မုဒိန်းမှု ကျောက်တံတားမြို့နယ်တရားရုံး၌ နိုဝက်ဘာ ၁၉ ရက်တွင် အမိန့်ချမည်
သက်ငယ်မုဒိန်းမှု ကျောက်တံတားမြို့နယ်တရားရုံး၌ နိုဝက်ဘာ ၁၉ ရက်တွင် အမိန့်ချမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 18, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 18, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment