Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 28, 2014

ဗီဒီယို အကြိုခံစားခြင်း

ရိုမီယိုရဲ့ မနက်ဖြန်


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ ၀ိညာဉ်ဟာသကားလေး တစ်ကားအကြောင်းကိုပဲ ညွှန်း ပေးလိုက်ပါတယ်။
အခန်းနံပါတ် (၇) က သရဲ ခြောက်တာကြောင့် ဟိုတယ်ပိုင် ရှင်ကိုယ်တိုင်က ငှားတောင်မငှား ဘဲ အမြဲတမ်းပိတ်ထားရပါတယ်။ ဒါပေမဲ့ ဟိုတယ် မန်နေဂျာရဲ့ ခိုင်း စေမှုကြောင့် အလုပ်သမားတွေ အခန်းနံပါတ် (၇) ကို သန့်ရှင်းရေး လုပ်ခဲ့ရပါတယ်။ အဲဒီမှာ စိတ် ချောက်ချားသလိုဖြစ်ပြီး သရဲ ခြောက်တယ်ထင်ခဲ့ပါတယ်။
ရိုမီယိုက စာရေးဆရာဖြစ် ပြီး အေးအေးဆေးဆေးစာရေး ချင်တာကြောင့် ပြင်ဦးလွင်ကို ရောက်လာခဲ့ပါတယ်။ သူရောက် လာတာကလည်း သရဲခြောက်တဲ့ ဟိုတယ်ကိုပဲ ရောက်လာတာပါ။ သူရောက်တဲ့အချိန် အခန်းတွေ ကုန်နေပြီး နံပါတ် (၇) တစ်ခန်းပဲ ကျန်ပါတော့တယ်။ တစ်ခန်းကျန်တာကို သိတဲ့အချိန်မှာတော့ ရိုမီယိုက အဲဒီအခန်းကို ရအောင် ငှားခဲ့ပါတယ်။ အခန်းကိုရောက်တဲ့အချိန် ကျမှ သရဲခြောက်တဲ့ အခန်းဆိုတာကို ၀န်ထမ်းတွေပြောပြလို့ သိ ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဲဒီအ ခန်းနံပါတ် (၇) ကို ကောင်မလေး တစ်ယောက်လာတည်းခဲ့ပါတယ်။ ကောင်မလေးက အိမ်နဲ့ စိတ်ဆိုးလာတာဖြစ်ပြီး အဲဒီညမှာပဲ အဆိပ်သောက်ပြီး သေသွားပါ တယ်။ အစိမ်းသေသေတာဖြစ် တာကြောင့် နောက်ထပ်အဲဒီအ ခန်းမှာလာတည်းတဲ့ သူတွေကို ကောင်မလေးက ခြောက်တာ ကြောင့် အခန်းကို မငှားဘဲပိတ် ထားတယ်ဆိုတာ သိခဲ့ရပါတယ်။
ဒါပေမဲ့လည်း ရိုမီယိုက မ ကြောက်တတ်တာကြောင့် အဲဒီ အခန်းမှာပဲ တည်းဖြစ်ခဲ့ပါတယ်။ တစ်ရက်မှာတော့ ပန်းခြံထဲကို သွားရင်း ကောင်မလေး တစ် ယောက်နဲ့ ဆုံခဲ့ပါတယ်။ ကောင် မလေးရဲ့ နာမည်က နတ်သမီးပါ။ ကောင်မလေးက သူ့ရဲ့ စာဖတ် ပရိသတ်ပါ။ အဲဒီကောင်မလေး က သူ့ဘ၀အကြောင်းတွေပြောပြ ခဲ့တာကြောင့် ပိုပြီးရင်းနှီးမှုတွေရ ခဲ့ပါတယ်။ ကောင်မလေးက အိမ် နဲ့ စိတ်ဆိုးပြီးထွက်လာတာပါ။
တစ်ရက်မှာတော့ နတ်သမီး အိမ်မပြန်ချင်တာကြောင့် ဟိုတယ် က လူတွေမသိအောင် သူ့အခန်းကို ခေါ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ခုလွဲနေတာက နတ်သမီးကို ရိုမီယိုတစ်ယောက်တည်း မြင်ရတာဖြစ်ပြီး အပြင်လူတွေမမြင် ရတာပါ။ အဲဒီကိစ္စရိုမီယိုကိုပြောပေမယ့် မယုံပါဘူး။ နတ်သမီးကို အပြင်လူတွေ မမြင်ရဘူးဆိုတော့ နတ်သမီးက ဘာလဲ၊ ရိုမီယိုနဲ့ နတ်သမီးရဲ့ ဇာတ်လမ်းဘာဆက်ဖြစ်မှာလဲဆိုတာကိုတော့ အောင်တိုင်းကျော် ထုတ်လုပ်ရေးကနေ ဒီဇင်ဘာ ၁ ရက်မှာ စတင်ဖြန့်ချိပေးမယ့် ရိုမီယိုရဲ့ မနက်ဖြန်ဆိုတဲ့ ဇာတ်ကားလေးမှာ ရှုစားပေးပါ။ ဒီဇာတ်ကားမှာ ရိုမီယိုအဖြစ်နေတိုး၊ နတ်သမီးအဖြစ် ၀တ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ထားပါတယ်။
 http://www.7daydaily.com/story/25853#.VHiJ5ckS24w

No comments:

Post a Comment