Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 28, 2014

ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ပထမဆုံးအကြိမ် လာရောက်မည်

 ပြင်သစ်ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီး Mrs.Annick GIRA-RDIN  သည်  မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်၍ မြန်မာနိုင်ငံတွင် ပြင်သစ်ဖွံ့ဖြိုးတိုး တက်မှု အကူအညီနှင့် ပူးပေါင်း ဆောင်ရွက်မှုရေးရာများမြှင့်တင် သွားမည်ဖြစ်ကြောင်း ပြင်သစ်သံ ရုံးက သတင်းထုတ်ပြန်သည်။
ပြင်သစ်ဝန်ကြီးသည် ဒီဇင် ဘာ ၄ ရက်မှ ၆ ရက်အထိ လာ ရောက်မည်ဖြစ်ပြီး ဒုတိယအကြိမ် မြောက် မြန်မာ-အာဆီယံအမျိုး သမီးဖိုရမ်သို့ တက်ရောက်မိန့် ခွန်းပြောမည်ဖြစ်သည်။ နေပြည် တော်တွင် သမ္မတဦးသိန်းစိန်၊ မြန်မာအစိုးရ အရာရှိများ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း  သိရသည်။
 ရန်ကုန်မြို့ရှိ  အမျိုးသား ဓာတ်ခွဲခန်းသို့  သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် နည်း ပညာ ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေး သဘောတူလက်မှတ် ရေးထိုးပွဲသို့ ပြင်သစ်ဝန်ကြီးတက် ရောက်မည်ဖြစ်ပြီး ပြင်သစ်ယဉ် ကျေးမှုဌာနမှ မြန်မာကျောင်းသား များနှင့် တွေ့ဆုံ၍ မြန်မာဂျာနယ် လစ်အင်စတီကျု့ဒ်သို့လည်း သွား ရောက်မည်ဖြစ်သည်။
 ပြင်သစ်  ဝန်ကြီးသည် ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ဒလ မြို့သို့  သွားရောက်၍  ပြင်သစ်ဖွံ့ဖြိုးတိုးတက်မှု အကူအညီဖြင့် ဆောင်ရွက်နေသော စီမံချက်များ နှင့် ပြည်သူများ၏ နေ့စဉ်ဘဝကို သွားရောက်လေ့လာမည်ဖြစ် ကြောင်း သိရသည်။
ပြင်သစ်အစိုးရသည် မြန်မာ နိုင်ငံ၏ ကျန်းမာရေး၊ သတင်း မီဒီယာ၊  ပညာရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကဏ္ဍများတွင် အဓိကပံ့ပိုးကူညီနေပြီး ပြင်သစ် ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (AFD)သည် စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ ရေနှင့် သန့်ရှင်းရေးကဏ္ဍများ အတွက် ကာလရှည်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၅၀ ပေးရန် စီစဉ်နေသည်။
 http://www.7daydaily.com/story/25855#.VHiLmMkS24x

No comments:

Post a Comment