Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 28, 2014

အသက်အငယ်ဆုံးနည်းပညာကုမ္ပဏီ စီအီးအို ကိုရဲမြတ်မင်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၌ ICT နည်းပညာ လေ့လာသော လူငယ်များအနေဖြင့် လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်နိုင်ရန် ကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် ကိုယ်ပိုင်ငွေကြေးအရင်းအနှီး မရှိခြင်းတို့ကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း လုပ်ငန်းစတင်တည်ထောင်လိုသူအများစုက ပြောဆိုလျက်ရှိသည်။

ထိုကဲ့သို့ကာလတွင် NEX Technology အမည်ဖြင့် မိုဘိုင်းအက်ပလီကေးရှင်းနှင့် ဆော့ဖ်ဝဲရေးသားသည့် လုပ်ငန်းကို ပြည်ပကုမ္ပဏီအချို့နှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခုရှိသည်။
ယင်းကုမ္ပဏီကို အသက်(၂၃)နှစ်အရွယ် ကိုရဲမြတ်မင်းဆိုသည့် လူငယ်တစ်ဦးက ကိုယ်ပိုင်ငွေကြေးဖြင့်မဟုတ်ဘဲ  Professional Network(Linkin)ကို အသုံးပြု၍ နိုင်ငံခြားကုမ္ပဏီများနှင့် ချိတ်ဆက်၍ ရင်းနှီးမြှုပ်နှံမှုရယူကာ ပညာကုမ္ပဏီတစ်ခုကို စတင်တည်ထောင်ခဲ့သူတစ်ဦး ဖြစ်လာခဲ့သည်။
NEX Technology သည် လက်ရှိတွင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၌ တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်ဒေါ်လာနှစ်သိန်း (ကျပ်သိန်းနှစ်ထောင်ခန့်) ရင်းနှီးမြှုပ်နှံထားကာ နည်းပညာထုတ်ကုန်များနှင့် ၀န်ဆောင်မှုများ ပေးလျက်ရှိသည်။
မေး- NEX ကုမ္ပဏီကို စပြီးတည်ထောင်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပါဦး။
ဖြေ- ကုမ္ပဏီကိုစပြီးလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ဒီဇိုင်းနဲ့ပတ်သက်ပြီး Technology ပိုင်း မရှိသေးဘူး။ ကျွန်တော့်သူငယ်ချင်းတွေကိုလည်း အိုင်တီကုမ္ပဏီတစ်ခုမဟုတ်ဘဲနဲ့ နိုင်ငံခြားပုံစံမျိုးလုပ်တဲ့အဖွဲ့အစည်းတစ်ခုမှာ လုပ်စေချင်တဲ့အတွက် တည်ထောင်ဖြစ်ခဲ့ပါတယ်။
မေး- အိုင်တီနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး စတင်လေ့လာဖြစ်ခဲ့လဲ။
ဖြေ- အိုင်တီပညာကို (၁၂) နှစ်လောက်မှာ စပြီးတော့ Programming ကို လေ့လာဖြစ်ခဲ့တယ်။ အဲဒီကနေ ဆယ်တန်းပြီးတော့ စင်ကာပူမှာ အိုင်တီနဲ့ ကျောင်းသွားတက်ခဲ့တယ်။ Website တစ်ခုကို ဘယ်လိုရေးလဲ၊ Web Application တစ်ခုကို ဘယ်လိုဖန်တီးလဲ လေ့လာခဲ့တယ်။ ဒုတိယနှစ်လောက်ကျ iPhone တို့၊ Android ဖုန်းတို့ စပြီးပေါ်လာတော့ Mobile Application တွေ စပြီးလေ့လာဖြစ်ခဲ့တယ်။ ကျွန်တော့်မှာ သူငယ်ချင်းတွေများတဲ့အတွက် သူတို့က ဖုန်း App တွေ ရေးခိုင်းတယ်။ Website တွေ ရေးခိုင်းတယ်။ အဲဒီလိုလုပ်ရင်းကနေ Business အသေးစားလေးကို စပြီးလုပ်ဖြစ်လာတဲ့ အခြေအနေထိ ဖြစ်လာတယ်။ တစ်ယောက်တည်းကျတော့ ဒီဇိုင်းလည်းမရတော့ ဒီဇိုင်းပိုင်းကိုဆက်ပြီး လေ့လာဖြစ်ပြီးတော့ ဒီဇိုင်း Service တွေကိုပါပေးတယ်။ နောက်ပိုင်း Project တွေက တစ်ယောက်တည်း လုပ်လို့မရအောင် များလာတော့ မြန်မာနိုင်ငံက ကျွန်တော့်ရဲ့ Team နဲ့ ချိတ်မိသွားတော့ သူတို့ဘက်ကို Project တွေ Share လုပ် ကိုယ်တိုင်လည်းရေးတယ်။ အဲဒီလိုလုပ်ရင်းနဲ့ Singapore Management University မှာ ဒီဂရီဆက်တက်တယ်။ တစ်ယောက်တည်းလုပ်နေတာကလည်း တော်တော် Run နေခဲ့တယ်။ လုပ်ငန်းလုပ်ရင်းနဲ့မှ Invester နဲ့ စတွေ့တော့ Idea တွေနဲ့ အရင်တုန်းက လုပ်ခဲ့တာတွေကို ပြောပြခဲ့တဲ့ သူကကြိုက်တဲ့အတွက် ကုမ္ပဏီစထောင်ဖို့ အရင်းအနှီးထုတ်ပေးခဲ့တာပါ။
မေး- ကိုယ်ပိုင်ငွေနဲ့မဟုတ်ဘဲ အရင်းအနှီး ထုတ်ပေးမယ့်လူနဲ့ ချိတ်ပြီးတော့ ကုမ္ပဏီကို စပြီးထောင်ခဲ့တာပေါ့။
ဖြေ- ဟုတ်ပါတယ်။
မေး- လက်ရှိမှာကော ဘယ်လောက်ထိ ရင်းနှီးမြှုပ်နှံနိုင်ပြီလဲ။
ဖြေ- ပထမတစ်ခေါက်ကတော့ အမေရိကန်ဒေါ်လာ ငါးသောင်းပါ။ နောက်ထပ် အမေရိကန်ဒေါ်လာတစ်သိန်းခွဲ ထပ်ရတဲ့အတွက် ကန်ဒေါ်လာနှစ်သိန်း (မြန်မာငွေ သိန်းနှစ်ထောင်ကျော်)ထိ ရင်းနှီးမြှုပ်နှံမှုရှိလာပါပြီ။
မေး- လက်ရှိပြည်တွင်းမှာ လုပ်ငန်းတစ်ခုစလုပ်မယ်ဆိုရင် အရင်းအနှီးလည်းမရှိဘူး။ ငွေထုတ်ချေးမယ့် လုပ်ငန်းရှင်လည်း ရှားသလို ဘဏ်တွေရဲ့ ငွေချေးတဲ့စနစ်ကလည်း အဆင်မပြေဘူးဆိုပြီး အိုင်တီနယ်ပယ်ထဲက လူငယ်တော်တော်များများက ပြောနေကြတာကိုကော ဘယ်လိုအကြံပေးချင်ပါလဲ။
ဖြေ- အမှန်တော့ ကိုယ့်မှာ Application နဲ့ပတ်သက်တဲ့ Idea တစ်ခုခုရှိတယ်။ ဒါမှမဟုတ် ဘာ Idea ပဲ ရှိနေနေ တခြားလူတွေသိအောင် ပြောပြရမယ်။ ကုမ္ပဏီတစ်ခု တည်ထောင်ဖို့အတွက် ငွေကြေးအများကြီးလည်း လိုတာမဟုတ်ဘူး။ ကိုယ့်မှာ ဘာ App ပဲဖြစ်ဖြစ် Product တစ်ခုခု ရှိနေရုံနဲ့ ဖြစ်တယ်။ အဲဒါကို လူသုံးများလာတဲ့အချိန်မှာ ဒီ Product ကိုပြပြီး ကိုယ့်မှာ အသိမိတ်ဆွေရင်းနှီးမြှုပ်နှံမယ့်လူတွေကိုရှာပြီး Support လုပ်ရမယ်။ အခု ဒီမှာဖြစ်နေတာက ကိုယ့်မှာ Idea ရှိတယ်။ သူများကို ပြောမပြချင်ဘူး။ အရင်းအနှီးတော့ လိုချင်တယ်။ သူများကလည်း ကိုယ့် Idea ကို မသိတဲ့အတွက် မပေးချင်ဘူး။ အဲဒါကြောင့် Product Idea ကို သေချာပီပီပြင်ပြင်လုပ်၊ အဲဒါက ဘာလဲဆိုတာ လူတွေကို သေချာပြဖို့ လိုအပ်တယ်။ လက်ရှိ အသုံးပြုသူတွေရှိနေတဲ့ App တွေဆိုရင် သူများက ပိုက်ဆံထည့်ရတာ ပိုလွယ်တယ်။
မေး- စလုပ်တုန်းက သူငယ်ချင်းခြောက်ယောက်နဲ့ဆိုတော့ လက်ရှိမှာ ဘယ်နှယောက်လောက်ထိ ရှိလာပြီလဲ။ ဘယ်လို ပညာရှင်တွေပါလဲ။
ဖြေ- အခုလက်ရှိမှာ အယောက် ၂၀ နီးပါးရှိတယ်။ အဓိကကတော့ Software အင်ဂျင်နီယာတွေပါတယ်။ ဒီဇိုင်နာတွေ ပါတယ်။ နောက်ပိုင်းမှာတော့ Sale and Marketing တွေနဲ့ Management ပိုင်းတွေကိုလည်း ဆက်ပြီးခန့်သွားမယ်။
မေး- လက်ရှိ Nex ကုမ္ပဏီမှာ ထုတ်ကုန်ဘယ်နှခုလောက်အထိ ရှိသွားပြီလဲ။
ဖြေ- လက်ရှိဆိုရင် Nex ကနေ ထုတ်ကုန်သုံးခုထုတ်ပြီးသွားပါပြီ။ နောက်တစ်ခုလည်း ထပ်ထွက်တော့မယ်။ မနှစ်က စထုတ်တဲ့ ကဗျာ App ရယ်၊ ပြီးခဲ့တဲ့အပတ် က Nexy Keyboard ထပ်ထွက်တယ်။ အရင်တစ်ပတ်ကပဲ မိတ်ဆက်ထားတဲ့ Hush ဖြစ်ပါတယ်။ သုံးခုလုံးကို Online ကနေ အခမဲ့ Download ရယူနိုင်ပါတယ်။
မေး- Application တွေရဲ့ အကြောင်းလည်း ရှင်းပြပေးပါဦး။
ဖြေ- ကဗျာဆိုတာကတော့ မိုဘိုင်းဖုန်းတွေပေါ်မှာ မြန်မာကဗျာတွေကို လွယ်လွယ်ကူကူဖတ်နိုင်အောင် လုပ်ပေးထားတာပါ။ Nexy Keyboard ကတော့ သုံးရတာလွယ်ပါတယ်။ iOS Device တွေမှာ မြန်မာစာကို မြန်မြန်ဆန်ဆန် Myanglish နဲ့ ရိုက်လို့ရအောင် လုပ်ထားတယ်။
Zawgyi နဲ့ Unicode နှစ်ခုစလုံး ထောက်ပံ့ပေးပါတယ်။ Hush ကတော့ Facebook လိုပဲ။ Facebook ကတော့ ကိုယ်တင်တဲ့ဟာကို ဘယ်သူလဲဆိုတာကို ကြည့်လို့ရတယ်။ Hush ကတော့ အမည်မဖော်ပြဘဲ ပို့စ်တွေကို တင်လို့ရတယ်။ ဘာလို့ ဒီလိုလုပ်ပေးတာလဲဆိုရင် ကျွန်တော်တို့ မြန်မာတွေက ကိုယ့်အမြင်ကို လူသိမှာစိုးလို့ ပွင့်ပွင့်လင်းလင်း မပြောရဲတာမျိုးမဖြစ်အောင်လို့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ Hush က အခုလောလောဆယ်မှာ တခြား App တွေနဲ့ ကွာခြားမှု သိပ်မရှိပေမယ့် Version အသစ်မှာတော့ အများကြီး ပြောင်းလဲသွားမယ်။ တည်နေရာပေါ် မူတည်ပြီး အဲဒီမှာဖြစ်နေတဲ့ အရာတွေကို ကြည့်လို့ရအောင်လုပ်ပေးသွားမယ်။
မေး- အခုလက်ရှိ App သုံးခုစလုံးမှာ အသုံးပြုသူအရေအတွက် ဘယ်လောက်အထိ ရှိလာပြီလဲ။
ဖြေ- Nexy Keyboard ကထွက်တာ ငါးရက်လောက်ပဲ ရှိသေးတယ်။ အသုံးပြုသူပေါင်း ခြောက်ထောင်လောက်ရှိနေပြီ။ Hush ကတော့ တစ်ပတ်အတွင်း အသုံးပြုသူပေါင်း ၇၀၀ လောက်ရှိနေပြီ။ Post ပေါင်း သုံးထောင်လောက်နဲ့ Comment ပေါင်း တစ်သောင်းလောက် ရှိနေပါပြီ။ ကဗျာ App ကတော့ တစ်လကိုသုံးတဲ့ လူပေါင်းခြောက်သောင်းလောက် ရှိတယ်။ ဒေါင်းထားတဲ့လူအရေအတွက်က တစ်သိန်းကျော်တယ်။ Screen View ကတော့ ၁ ဒသမ ၂ သန်းကျော်ရှိပါတယ်။
မေး- အခုလက်ရှိမှာ Hush က Android အတွက် ထုတ်ထားပြီး Nexy Keyboard က iOs အတွက် ထုတ်ထားတယ်။ OS နှစ်ခုလုံးသုံးလို့ရအောင် လုပ်သွားဖို့ရှိလား။
ဖြေ- အမှန်တော့ နှစ်ခုလုံးအတွက် ထုတ်သွားမှာပါ။ Hush က Android အတွက် ဘာလို့စထုတ်လဲဆိုတော့ လူတိုင်းက Android ကို ပိုပြီးသုံးတာများတယ်။ iOS က သုံးတဲ့သူ အဲဒီလောက်မများသေးဘူးဆိုပြီး ထုတ်ခဲ့တာ။ တကယ်ထုတ်လိုက်တော့ iOS  အတွက် ထုတ်ပေးဖို့ တောင်းတဲ့လူ ရာကျော်လောက်အထိ ရှိလာတယ်။ Nexy Keyboard ကတော့ ရေးတဲ့လူက (၁၇)နှစ်ပဲရှိသေးတယ်။ သူရေးချင်တယ်ဆိုလို့ Keyboard တစ်ခုရေးဖို့ ချပေးလိုက်တာ။ Android အတွက်က နောက်တစ်ပတ်လောက်နေရင် ထပ်ထွက်ပါမယ်။
မေး- နောက်ထပ်လည်း ဘယ်လိုထုတ်ကုန်တွေ ထပ်ပြီးထုတ်သွားဖို့ရှိလဲ။
ဖြေ- ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းရှင်တွေအတွက် FYRE ကို ထုတ်သွားမယ်။ အသုံးပြုသူတွေအတွက်လည်း အများကြီးထုတ်ဖို့ စီစဉ်ထားတာတွေ ရှိပါတယ်။ FYRE ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မှန်းထားတဲ့ App ပါ။ ကိုယ့်ကွန်ပျူတာကနေ Mobile App တစ်ခုကို ကိုယ်ပိုင်ဖန်တီးနိုင်အောင် ကူညီပေးမယ့် Application ပါ။ ဥပမာ- အင်္ကျီဆိုင်ပိုင်ရှင်တစ်ယောက်က ဖုန်းပေါ်မှာ အင်္ကျီတွေကို ရောင်းချင်တယ်ဆိုရင် အေဂျင်စီတွေနဲ့ ချိတ်ရမယ့်အချိန်ကလည်း သုံးလလောက်ကြာမယ့် ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကတော့ အချိန်လည်း အများကြီး ပေးစရာမလိုဘူး။ ကုန်ကျစရိတ်လည်း သက်သာမယ်။ တစ်နှစ်ကို နှစ်သိန်းခွဲနဲ့ Android ရော၊ iOS ပါ ထောက်ပံ့ပေးနိုင်မယ့် ကိုယ်ပိုင် App တစ်ခုရမယ်။ ကိုယ်တိုင်လည်း စီးပွားရေးတစ်ခုကို လုပ်လို့ရမယ်။ အဓိကရည်ရွယ်ချက်က လူတိုင်းမိုဘိုင်းပေါ်မှာ စီးပွားရေးလုပ်နိုင်ဖို့ အဓိကရည်ရွယ်တာဖြစ်ပါတယ်။ အရောင်းအ၀ယ်ကို App ကနေစပြီးတော့ လုပ်သွားမယ်။
မေး- Nex မှာ Developer တွေက အသက်အငယ်ဆုံး ဘယ်လောက်ကနေ စပြီးတော့ရှိလဲ။
ဖြေ- အငယ်ဆုံးကတော့ အသက်(၁၇)နှစ်ရှိပြီးတော့ အကြီးဆုံးကတော့ အသက်(၃၀)အထိပဲ ရှိပါတယ်။ ကျွန်တော့်အသက်ကတော့ (၂၃)နှစ်ပါ။ လက်ရှိမှာ ၁၈ ယောက်နဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။
မေး- လက်ရှိ ပြည်တွင်းက အိုင်တီလုပ်ငန်းဆောင်ရွက်နေတဲ့ လူငယ်တွေရဲ့ အခြေအနေကိုကော ဘယ်လိုမြင်လဲ။
ဖြေ- ကျွန်တော်နဲ့ အသက်တန်းတူ လူငယ်တွေထဲက အိုင်တီကို စိတ်ဝင်စားတဲ့လူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ နည်းပညာပိုင်းကို သေချာသင်ပေးနိုင်တဲ့ကျောင်းတွေ သိပ်မရှိသေးဘူး။ တချို့ကျတော့ လုပ်ချင်ပေမယ့် ကွန်ရက်ဆက်သွယ်မှုမကောင်းဘူး။ လူတွေနဲ့သွားတွေ့ရမှာ ရှက်၊ ကြောက်တတ်တဲ့အတွက် Network က ကြီးသင့်သလောက် မကြီးတဲ့အတွက် လူသိသင့်သလောက်မသိတော့ဘဲ အခွင့်အလမ်းတွေ ရသင့်သလောက် မရတော့ဘူးပေါ့။
မေး- လူငယ်တွေအနေနဲ့ Social Network ကို ကောင်းကောင်းအသုံးချသင့်တယ်လို့ ပြောချင်တာလား။
ဖြေ- အင်းပေါ့ ဖေ့စ်ဘွတ်ခ်မှာ ပုံမှန်ပဲသွားနေမယ့်အစား Professional Network တွေဖြစ်တဲ့ Linkin တို့သုံး၊ အိုင်တီနဲ့ပတ်သက် တဲ့ Event တွေသွားပြီး တွေ့သမျှလူနဲ့ စကားပြောမယ်ဆိုရင်တော့ ပိုကောင်းမယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 http://www.7daydaily.com/story/25873#.VHikTckS24w

No comments:

Post a Comment