By ဇွဲဉာဏ်
သရဲဝင်ပူးသည့် ဇာတ် ၀င်ခန်းများကို အထူးပြုလုပ်ချက် များမပြုလုပ်ဘဲ
ဇာတ်ရုပ်ပီပြင်မှု ရှိစေရန် သရုပ်ဆောင်ခဲ့ရသော ကြောင့် သက်တံသစ်ရုပ်ရှင်သည်
ရိုက်ကူးဖူးသမျှဇာတ်ကားများ တွင် အပင်ပန်းဆုံးဖြစ်ကြောင်း ဖွေးဖွေးက
ပြောသည်။
‘‘လူတစ်ယောက်က အောက်ဆီဂျင်ပြတ်ရင် မျက်နှာ တွေ နီလာတယ်။ လည်ပင်းညှစ်
ခံရတဲ့လူတွေဆို မျက်နှာတွေနီပြီး အကြောတွေထောင်လာတယ်။ အဲဒါကြောင့်
အသက်အောင့်ပြီး လုပ်ခဲ့တယ်။ သတိသုံးခါလစ်ခဲ့ တယ်’’ဟု ဖွေးဖွေးကပြောသည်။
ထိုဇာတ်ကားရိုက်ကူးရေး တွင် ဇာတ်ပို့သရုပ်ဆောင်အချို့ ကို
သရဲဝင်ပူးသည့်ဖြစ်စဉ်အချို့ ဖြစ်ခဲ့သော်လည်း
၎င်းကိုဝင်ပူးကပ်ခြင်းမရှိကြောင်းဖွေးဖွေးက ဆိုသည်။
‘‘ဖွေးကိုတော့ ၀င်မပူးခဲ့ပါ ဘူး။ ၀င်ပူးပါစေတောင် ဆု တောင်းတာ။ အဲဒါဆို
ကိုယ်မပင် ပန်းတော့ဘူးလေ။ သရဲက အိုက် တင်လုပ်သွားမှာ။သူဝင်မပူးတော့
ကိုယ်လုပ်ရတာ။ ဘေးဘက်က နေ့စားလာရိုက်ပေးတဲ့သူတွေကို တော့
ဝင်ပူးတာမျိုးတွေတော့ရှိ တယ်’’ဟု ရိုက်ကူးရေးအတွေ့အ ကြုံများကိုပြောပြသည်။
သရဲကြောက်သည့်အပြင် သရဲတကယ်ရှိသည်ဟုဆိုသည့် နေရာများတွင်
ရိုက်ကူးခြင်းဖြစ် ရာကြောက်ကြောက် လန့်လန့်ဖြင့် ရိုက်ကူးခဲ့ရသော်လည်း
ပရိသတ်အတွက်အကောင်းဆုံးဖြစ်အောင် ရိုက်ကူးခဲ့ကြောင်း ဖွေးဖွေးကပြောသည်။
‘‘ဒီကားကို ပြန်ကြည့်တဲ့အ ချိန်မှာ ပရော်ဖက်ရှင်နယ်တစ်
ယောက်အနေနဲ့ဆိုရင်တော့ တာဝန်ကျေတယ်လို့ ခံစားရပါ တယ်။ မိန်းကလေးတစ်ယောက်
အနေနဲ့ ပြောရရင်တော့ ကိုယ့် ကိုယ်ကိုယ်အရမ်းကြောက်ပါ တယ်’’ဟု
ဖွေးဖွေးကပြောသည်။
ဆရာဖြစ်သူရိုက်ကူးခြင်း ဖြစ်သောကြောင့် ယင်းဇာတ်ကားကို
လက်ခံရိုက်ကူးခဲ့ခြင်းဖြစ်ပြီးထပ်မံ၍ သရဲကားရိုက်ကူးရန် အစီအစဉ်မရှိကြောင်း
၎င်းကဆို သည်။
‘‘ဖွေးခံယူချက်က အနုပညာ ဆိုတာ စက်ရုံမဟုတ်ဘူးလေ။ အဲဒီတော့
ပုံမှန်ထွက်နေစရာမလို ဘူးလို့ထင်တယ်။ ဖွေးစိတ်ပါတဲ့ အချိန်၊ ပရိသတ်ရော
ဖွေးရော တကယ်ခံစားလို့ရတဲ့ ကားတွေကို ပဲရိုက်ချင်တယ်။ အဲဒါကြောင့်
ရိုက်ကူးရေးခဏနားထားတယ်’’ ဟု ဖွေးဖွေးကပြောသည်။
7 Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 21, 2014
‘သက်တံသစ်’ ရိုက်နေဆဲမှာ သတိသုံးခါလစ်ခဲ့တဲ့ ဖွေးဖွေး
‘သက်တံသစ်’ ရိုက်နေဆဲမှာ သတိသုံးခါလစ်ခဲ့တဲ့ ဖွေးဖွေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 21, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 21, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment