Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 21, 2014

ပြည်ပမှ ဆေးပညာဘွဲ့ရယူခဲ့သည့် မြန်မာဆရာဝန် ၁၁ ဦး ဆေးကုသခွင့်လိုင်စင် (ဆမ) အရည်အချင်းစစ် ၀င်ရောက်ဖြေဆိုရာ ဖြေဆိုသူအားလုံး ကျရှုံး

Written by: ထွယ်ဆန်အောင်

ပြည်ပမှ ဆေးပညာဘွဲ့ရယူခဲ့သည့် မြန်မာဆရာဝန် ၁၁ ဦး ဆေးကုသခွင့်လိုင်စင် (ဆမ) အရည်အချင်းစစ် ဝင်ရောက်ဖြေဆိုရာ ဖြေဆိုသူအားလုံး ကျရှုံးခဲ့ကြောင်း မြန်မာနိုင်ငံဆေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပနိုင်ငံအသီးသီးတွင် ဆေးပညာသင်ယူခဲ့သည့် မြန်မာနိုင်ငံသား ဆရာဝန် ၁၁ ဦးသည် ပြည်တွင်းမှ ဆေးကုသခွင့်လိုင်စင် (ဆမ) ရရှိရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလက မြန်မာနိုင်ငံ ဆေးကောင်စီတွင် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခဲ့ရာ ဖြေဆိုသူအားလုံး အောင်မြင်မှုမရှိခဲ့ကြောင်း မြန်မာနိုင်ငံ
 ဆေးကောင်စီက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ဖြေဆိုသူအားလုံး ကျရှုံးရခြင်းမှာ ဖြေဆိုသူအားလုံးသည် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် အခြေခံဆေးပညာဘွဲ့ စာမေးပွဲများအတွက် အောင်/ရှုံး စံသတ်မှတ်ထားသည့် ရမှတ်များပြည့်မီခြင်း မရှိခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံဆေးကောင်စီမှ မှတ်ပုံတင်အရာရှိ ဦးသန်းထွန်း၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါ အရည်အချင်းစစ်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူများမှာ ဖိလစ်ပိုင်နိုင်ငံ၊ တူရကီနိုင်ငံ၊ တိုင်ဝမ်နိုင်ငံ၊ ဂျော်ဂျီယာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာမေးနီးယားနိုင်ငံတို့မှ ဆေးပညာဘွဲ့ဖြင့် အောင်မြင်ထားသူများဖြစ်ကြောင်း၊ ယင်းစာမေးပွဲကို ၂ဝ၁၃ တွင်တစ်ကြိမ်၊ ယခုနှစ်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ကျင်းပခဲ့ကြောင်းနှင့် ၂ဝ၁၃ ခုနှစ်၏ အရည်အချင်းစစ်စာမေးပွဲတွင် ဖြေဆိုသူ ၁၅ ဦးရှိရာမှ ရှစ်ဦးအောင်မြင်ခဲ့ပြီး ယခုနှစ်ဖြေဆိုသူ ၁၁ ဦးတွင် တစ်ဦးမျှ အောင်မြင်ခဲ့ခြင်းမရှိကြောင်းလည်း မြန်မာနိုင်ငံဆေးကောင်စီမှ မှတ်ပုံတင်အရာရှိ ဦးသန်းထွန်းက ဆက်လက်ဖြေကြားသည်။

ပြည်ပနိုင်ငံများတွင် ဆေးပညာဘွဲ့ M.B.B.S နှင့် အလားတူဘွဲ့ရရှိပြီးသူ မြန်မာနိုင်ငံသား ဆရာဝန်များအတွက် ပြည်တွင်းမှ ဆေးကုခွင့်လိုင်စင်(ဆမ)ရရှိရန်အတွက် စာမေးပွဲဖြေဆိုရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ မြန်မာနိုင်ငံသားဖြစ်ရန် လျှောက်ထားသူ ဆရာဝန်များသည် မိမိတို့တက်ရောက် ပညာသင်ကြားခဲ့သော ဆေးတက္ကသိုလ်/ဆေးကောလိပ်များသည် သက်ဆိုင်ရာနိုင်ငံရှိ အစိုးရနှင့် ဆေးကောင်စီတို့မှ အသိအမှတ်ပြုသော တက္ကသိုလ်/ကောလိပ်များဖြစ်ရန်နှင့် ၎င်းတို့ရရှိသော ဆေးပညာဘွဲ့ကို သက်ဆိုင်ရာနိုင်ငံ၏ ဆေးကောင်စီမှ လက်ခံအတည်ပြု၍ ဆေးကုသခွင့်ရှိသူဖြစ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံဆေးကောင်စီတွင် ဆမလက်မှတ်ရရှိရေးအတွက် အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုရာတွင် စာမေးပွဲကြေးအဖြစ် တစ်ဦးလျှင် ကျပ်နှစ်သိန်းစီပေးဆောင်ရန် လိုအပ်ကြောင်းလည်း သိရသည်။
- See more at: http://news-eleven.com/local/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%95%E1%80%99%E1%80%BD-%E1%80%B1%E1%80%86%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%98%E1%80%BC%E1%80%B2%E1%82%95%E1%80%9B%E1%80%9A%E1%80%B0%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%86%E1%80%9B%E1%80%AC%E1%81%80%E1%80%94%E1%80%B9-%E1%81%81%E1%81%81-%E1%80%A5%E1%80%AE%E1%80%B8-%E1%80%B1%E1%80%86%E1%80%B8%E1%80%80%E1%80%AF%E1%80%9E%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%85%E1%80%84%E1%80%B9-%E1%80%86%E1%80%99-%E1%80%A1%E1%80%9B%E1%80%8A%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%85%E1%80%B9#sthash.0djC6Ead.oSREgBZG.dpuf

No comments:

Post a Comment