Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 21, 2014

ဟန်ဆောင်လက်ထပ်ကာ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ရန်ကြံစည်သူကို အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ်ချ

ဇလွန် နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဇော်ဂျီ ကွင်းကျေးရွာမှ အမျိုးသမီးတစ်ဦး ကို အသက်လိမ်၍ မှတ်ပုံတင်ပြု လုပ်ပေးပြီး လိမ်လည် လက်ထပ်၍ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်သူကို လူကုန် ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေ ဖြင့် အရေးယူ လိုက်ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ အမေရိကန်နိုင်ငံ သားအဖြစ်ခံယူထားသူ လှမျိုးမြင့် (ခ)စတီဗင်မျိုးမြင့်ဆိုသူသည် လွန် ခဲ့သော ၂ဝဝ၆ ခုနှစ်က မြန်မာ နိုင်ငံသို့ ခေတ္တပြန်လာစဉ် မ ——–ကို အမေရိကန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ပါက လစာအမြောက်အမြား ရမည်ဟု ပြောဆို စည်းရုံးခဲ့ပြီး အသက် လိမ် လည်၍ မှတ်ပုံတင်ပြုလုပ်ပေး ကြောင်း၊ လင်မယားဖြစ်မှသာ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်သွား နိုင်မည်ဟူသော အကြောင်းပြချက် ဖြင့်လိမ်လည်လက်ထပ်ခဲ့ကြောင်း၊ သို့ရာတွင် လှမျိုးမြင့် (ခ)စတီဗင် မျိုးမြင့်၏ ဇနီးဖြစ်သူက မ———-ထံစာဖြင့် ရေးသား၍ အလုပ်လုပ်ရန်အတွက် မဟုတ်ဘဲ ပေါင်းသင်းရန်အတွက်သာ ဖြစ် သည်ဟု အကြောင်းကြားသဖြင့် လိုက်ပါသွားခြင်းမပြုခဲ့ကြောင်း၊ ယခုတစ်ဖန် အခြားအမျိုးသမီး တစ်ဦးကိုထပ်မံစည်းရုံးနေကြောင်း စုံစမ်းသိရှိရသဖြင့် အမှတ်(၇)လူ ကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ပုသိမ်)က တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ ၂ဝ၁၂ ခုနှစ် မတ် ၂၈ ရက်တွင် ဇလွန်မြို့မရဲ စခန်းက (ပ)၃၉/၂ဝ၁၂၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၁၂တို့ဖြင့် အမှုဖွင့်ခဲ့သည်။အမှုမှ တရားခံ လှမျိုးမြင့် (ခ) စတီဗင်မျိုးမြင့် အသက် (၆၇)နှစ် (ဘ) ဦးယောဟန် အမှတ်(၇၅) ရွှေတောင်တန်းလမ်း လမ်းမတော် မြို့နယ်နေသူကို ယခုနှစ် မေ ၂ ရက်တွင် ဖမ်းဆီးခဲ့ပြီး ယခုလ ၁၄ ရက်တွင် ဟင်္သာတခရိုင် တရားရုံး ကလူကုန်ကူးမှုတားဆီးကာကွယ် ရေး ဥပဒေပုဒ်မ ၂၆ အရ အလုပ် နှင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ် လိုက်ကြောင်းသိရသည်။

မင်းနိုင်(လူကုန်တား)
The Union Daily

https://www.facebook.com/pages/The-Union-Daily/139677556201764

No comments:

Post a Comment