မိန်းမလျာပုံစံ သရုပ် ဆောင်မှုဖြင့် ပရိသတ်နှစ်ခြိုက်ခံရ သည့်
မြင့်မြတ်က တစ်ခါမှမလုပ် ဖူးသော မိန်းမလျာပုံစံနှင့်မတူ သည့်
ဇာတ်ရုပ်ဖြင့် ရုပ်ရှင်ရိုက် ကူးရန်အစီအစဉ်ရှိကြောင်း ပြောသည်။
‘‘နိုဝင်ဘာ ၂၅ ရက်စ,ရိုက်မှာ ပါ။ ဟာသပုံစံလေးပါပဲ။ ဒီကာ ရိုက်တာက
နည်းနည်းဆန်းတယ်။ အရင်ပုံစံနဲ့တော့မတူဘူး။ မနက် ပိုင်းမှာ အင်ဂျင်နီယာ၊
ညပိုင်းကျ ရင် ဝိညာဉ်တစ်ခုဝင်ပူးသလိုမျိုး သရုပ်ဆောင်ရမှာပါ။ ကိုခန့်
လည်းပါမယ်။ မင်းသမီးကတော့ ရွှေမှုံရတီပါ’’ဟု မြင့်မြတ်က ပြောသည်။
မြင့်မြတ်သည် ‘ဆွဲစားမယ်’ မှ အစပြု၍ မိန်းမလျာပုံစံဖြင့် ဇာတ်ကားများ
ရိုက်ကူးခဲ့ကာ ဇာတ်ကားတိုင်းလိုလိုတွင် ပရိ သတ်အားပေးမှုရရှိခဲ့ပြီး မိန်းမ
လျာပုံစံတူအောင် သရုပ်ဆောင် နိုင်သူဟု ပရိသတ်များက မှတ် ချက်ပြုထားသည်။
ပြီးခဲ့သည့်လပိုင်းက ရိုက် ကူးခဲ့သော မှော်ကျောက်စာရုပ် ရှင်ဇာတ်ကားတွင်
ပါဝင်သရုပ် ဆောင်ရသည့် ဇာတ်ရုပ်ကို အား ရသလို ဇာတ်လမ်းလည်းထူးခြား
သောကြောင့် ပရိသတ်များကြိုက် မည်ဟု ယူဆကြောင်း မြင့်မြတ် က ပြောသည်။
‘‘ဦးချမ်းဆီကနေ ခြေဆေး ရေဆိုတဲ့ဇာတ်ကို အကူအညီ တောင်းပြီးတော့ ဝယ်ထားတယ်။
ရုပ်ရှင်ဖြစ်မလား၊ ဗီဒီယိုဖြစ် မလားဆိုတာတော့ မပြောတတ် သေးဘူး’’ဟု
မြင့်မြတ်က ပြော သည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် အော်ရီဂျင် နယ်ဂန်းစတားဆိုသည့်
ဇာတ်ကြမ်းကားတစ်ကားကို ယုန်လေး၊ ခင်လှိုင်တို့နှင့် ရိုက်ကူးနေကြောင်း ၎င်းက
ပြောသည်။
7day daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 21, 2014
မိန်းကလေးဝိညာဉ်ဝင်ပူးခံရမယ့် မြင့်မြတ်
မိန်းကလေးဝိညာဉ်ဝင်ပူးခံရမယ့် မြင့်မြတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 21, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 21, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment