Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 18, 2014

သန့်မြင့်ဦး (သမိုင်းပညာရှင်). ၁၉၆၆ မွေးဖွား၊ (၄၈နှစ်)




အမေရိကန်သမ္မတ အိုဘားမားနဲ့အတူ၊ သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ခေါင်းဆောင်များ ကျဆုံးခဲ့တဲ့အတွင်းဝန်ရုံးဓါတ်ပုံကို မြင်လိုက်ရတော့ ကမ္ဘာ့လေးစားရတဲ့ ကုလသမဂ္ဂအကြီးအကဲ ဦးသန့်ကို ပြန်သတိရမိပါတယ်။ ဦးသန့်ရဲ့ မြေးဖြစ်သူ ပညာထူးချွန်ရုံသာမက၊ မြန်မာနိုင်ငံတခွင် စစ်အစိုးရလက်ထက်ကတည်းက လက်နက်ကိုင်တိုင်းရင်းသားများရှိတဲ့ ရှမ်း၊ဝ၊ကရင်၊ကယား၊ကချင်ပြည်နယ်-ယူနန်ပြည်နယ်၊ မဏိပူရနယ်မြေအထိ ကိုယ့်စရိတ်ကိုယ်စား နှစ်နဲ့ချီ ခရီးသွားရင်း မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာကသိအောင်၊ ကမ္ဘာကျော် စာအုပ်များစွာ ရေးသားခဲ့သူဖြစ်ပါတယ်။
.
ငယ်စဉ်က အမေရိကန် နယူးယောက်မြို့မှာ မွေးဖွားခဲ့ပြီး၊ အင်္ဂလန်မှာ အောက်စဖို့တက္ကသိုလ်က ဘွဲ့ရရှိခဲ့ပါတယ်။ ကင်းဘရိတ်တက္ကသိုလ်က ပါရဂူဘွဲ့ Ph.D ရရှိခဲ့ပေမဲ့၊ မြန်မာပြည်ကိုပြန်လာပြီး မြန်မာ့ယဉ်ကျေးမှုနဲ့သမိုင်းကို ကမ္ဘာသိအောင် မြှင့်တင်ပေးနေသူဖြစ်ပါတယ်။
.
ကင်းဘရိတ်တက္ကသိုလ်မှာ ပညာရှင် ဖဲလိုးအဖြစ် အမှုထမ်းရင်း၊ "The River of Lost Footsteps" မြန်မာပြည်ခရီးစဉ်စာအုပ်နဲ့လူသိများခဲ့ပါတယ်။ နောက်ပိုင်းမှာ "Where China Meets India; Burma and the New Crossroads of Asia စာအုပ်များနဲ့ သမိုင်းပညာရှင်အဖြစ် မြန်မာနိုင်ငံအကြောင်းများကို ကမ္ဘာ့ပညာရှင်များ တိကျ၊ရှင်းလင်းစွာ သိရပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာဘာသာပြန်ဆိုတဲ့ စာအုပ်များ ထုတ်ဝေနေပါတယ်။
.
၂၀၁၄ ခုနှစ် "Foreign Policy Magazine" ရဲ့ ၂၀၁၃ခုနှစ် ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ရှင် ၅၀ စာရင်းမှာ အဆင့် ၁၅ အဖြစ် ရွေးချယ်ဖေါ်ပြခြင်းခံ၇ပါတယ်
.
ငယ်စဉ်က ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှာ ပါဝင်ခဲ့ပြီး၊ လူ့အခွင့်အရေးအရာရှိအဖြစ် ကမ္ဘောဒီယားနိုင်ငံ၊ ဖနုံပင်မြို့မှာ ထမ်းဆောင်ခဲ့ပါတယ်။ ယူဂိုဆလားဗီးယားနိုင်ငံ ကုလသမဂ္ဂတပ်များရဲ့ ပြောဆိုခွင့်ရှိသူ အကြီးကဲအဖြစ် ဘော့စနီးယား၊ ဟာဇီဂိုဗီနာ တွေမှာ ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၀ ခုနှစ်မှာ ကုလသမဂ္ဂအတွင်းရေးမှုးရုံးမှာ ပထမအရာရှိအဖြစ် ၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ပါတယ်။ ကုလသမဂ္ဂ နယူယောက်ရုံးမှာ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၆ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို မကြာခဏရောက်ရှိလာပါတယ်။
.
Yangon Heritage Trust ဆိုတဲ့ ရန်ကုန်မြို့၊ ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ကို ကိုယ်ပိုင်ငွေနဲ့ စတင်ခဲ့ပြီး၊ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းခြမ်းရေး စင်တာမှာ တာဝန်ပေးခံရပါတယ်။ သမ္မတအကြံပေးလည်း ဖြစ်ပါတယ်။
.
ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်များ Literary Works
* The River of Lost Footsteps
* Where China Meets India: Burma
* the New Crossroads of Asia,
* The Making of Modern Burma (Cambridge University Press 2000)
* The UN Secretariat: A Brief History (Lynne Rienner 2007)
.
ကွန်လွန်သူ ဒေါက်တာသန်းထွန်း (သမိုင်းပါမောက္ခ) နောက်ပိုင်းမှာ မြန်မာလူမျိုး ကမ္ဘာကျော် သမိုင်းနဲ့အတွေးခေါ်ပညာရှင်တစ်ဦး ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အချိန်ယူပြီး သူရေးတဲ့စာအုပ်များကို ရှာဖွေ၊ လေ့လာဖတ်ရှုနိုင်ရင် အရမ်းအကျိုးရှိစေမှာဖြစ်ပါတယ်။
.
သန့်မြင့်ဦး (ဒေါက်တာ နာမည်ရှေ့မှာ မထဲ့တဲ့) အသက်ရှင်ဆဲ မြန်မာသမိုင်းပညာရှင်တစ်ဦးကို Good Attitude Myanmar အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။

No comments:

Post a Comment