Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 18, 2014

ထိုင်ခုံမှာတင် အိပ်လို့ရစေမယ့် အဝတ်



ကျောင်းသားပဲ ဖြစ်ဖြစ် အလုပ်သမားပဲ ဖြစ်ဖြစ် တစ်ခါတစ်လေတော့လဲ ပင်ပန်းလာရင် ခုံမှာ မှောက်အိပ်ချင်စိတ် ရှိကြတာတော့ အမှန်ပါပဲ။ နေ့လည်ဘက်မှာ မိနစ်ပိုင်းလောက် အိပ်ရင် Power nap လို့ခေါ်သတဲ့။ Power nap ကို အိနြေ္ဒရရ ပေးလို့ရအောင် နယူးယောက်က ကျောင်းသားတွေ ထုတ်လုပ်တဲ့ ပစ္စည်းကတော့ nutshell အမည်ရ အဝတ်ပဲ ဖြစ်ပါတယ်။
အဝတ်မဟုတ်ပါဘူး။ ခြင်ထောင်လို၊ မီးပုံးပျံလို့ ခေါင်းကနေ ဖုံးအုပ်ပေးရမယ့် အဝတ်လေးပါ။ သူက အလင်းရောင်တွေကို ကာပေးပြီး လေဝင်လေ ထွက်ကောင်း ပါတယ်။ ဒီတော့ စာကြည့်စားပွဲပေါ်မှာတင် အိပ်လို့ ရပါတယ်။ အေးရင် အနွေးဓာတ်လည်း ပေးပါတယ်။ သူက အပြင်က ဆူညံမှု၊ အလင်းရောင်တို့ကိုလည်း ကာပေးထားမှာကြောင့် ကျန်းမာရေး အတွက် ကောင်းမွန်စွာ အိပ်စက်စေနိုင်ကြောင်း ဆိုပါတယ်။
Nutshell ကို စာကြည့်စားပွဲပေါ်မှာတင် မက ဘယ်လိ နေရာမှာဖြစ်ဖြစ် အိပ်စက်ချင်သူတို့ အသုံးပြုနိုင်ပါတယ်တဲ့..။
.
Re: Metro
အောင်ခမ်း (ရိုးရာလေး) 

No comments:

Post a Comment