Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 18, 2014

မြန်မာနိုင်ငံတွင် အော်ဂဲနစ် စိုက်ပျိုးရေး အလား အလာကောင်း

သစ်သီးဝလံရောင်းချသော ဆိုင်တစ်ဆိုင် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အာရှတိုက်ရှိ အခြား နိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံ ရှိ စိုက်ပျိုးမြေများတွင် ဓာတုသုံး စွဲမှုမှာ သုံးချိုးတစ်ချိုးခန့် လျော့ နည်းခြင်းကြောင့် အော်ဂဲနစ်သီးနှံစိုက်ပျိုးပါက အောင်မြင်နိုင် ကြောင်း စိုက်ပျိုးရေးကျွမ်းကျင် ပညာရှင်များကပြောသည်။

မြန်မာနိုင်ငံ၏ မြေယာများ သည် အော်ဂဲနစ်ကို စီးပွားဖြစ် စိုက်ပျိုးနိုင်ခြေမြင့်မားစွာရှိနေပြီး ပြည်ပမှ အော်ဂဲနစ်စိုက်ပျိုးရေး ကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ် နှံရန် စိုက်ပျိုးရေးပညာရှင်အသိုင်း အ၀ိုင်းက မျှော်လင့်နေကြသည်။

‘‘အာရှတိုက်မှာ ကြည့်ရင် မြန်မာက အော်ဂဲနစ်စိုက်ရင် အခြေအနေကောင်းတယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဓာတုပိုးသတ်ဆေးသုံးစွဲမှုနဲ့ ဓာတ်မြေသြဇာသုံးစွဲမှု အတော်နည်းတယ်။ ထုတ်ကုန်အတွက် အလားအလာကောင်းတဲ့ နိုင်ငံဖြစ်နေတာ’’ဟု မြန်မာအော်ဂဲနစ်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာသန်းသန်းစိန်ကပြောသည်။

ဖွံ့ဖြိုးမှုပိုမိုများပြားနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် ပိုးသတ်ဆေးသုံးစွဲမှုနည်းပါးနေ ခြင်းက မြန်မာအတွက် အားသာ ချက်ဖြစ်နေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ စိုက်ပျိုးမြေများသည်ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများကို အလွန် အကျွံသုံးစွဲခြင်းကြောင့် မြေယာ များပျက်စီးနေပြီဖြစ်သည်။

ပြည်တွင်းတွင် အော်ဂဲနစ်ကိုစီးပွားအဖြစ် စိုက်ပျိုးရန် ဂျပန် နိုင်ငံက လေ့လာနေပြီး စင်ကာပူ နိုင်ငံက ၀ယ်လိုအားရှိကြောင်း၊ ဂျပန်နိုင်ငံက ပြည်တွင်းတွင် အော်ဂဲနစ်စိုက်ခင်းများမှ ထွက်သ လောက်ဝယ်ယူမည်ဟု ကမ်းလှမ်းထားကြောင်း မြန်မာအော်ဂဲနစ် အဖွဲ့ထံမှ စုံစမ်းသိရသည်။

ကျန်းမာရေးရှုထောင့်အရ အော်ဂဲနစ်နည်းပညာကို ရင်းနှီး မြှုပ်နှံရန် အားပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများရှိပါက တစ်နှစ် အတွင်း ကူးပြောင်းနိုင်ကြောင်း မြေဆီလွှာနှင့် မြေသြဇာပိုးမွှားနှင့် ရောဂါရှာဖွေရေးကျွမ်းကျင်သူ ဦး စိုးသွင်ဦးမောင်က ပြောသည်။

‘‘နိုင်ငံက မြေတွေက ဓာတု သုံးတဲ့ နိုင်ငံတကာစံချိန်မမီသေး ဘူး။ နည်းပညာနဲ့ ပြင်မယ်ဆို မြေ ဆီလွှာတွေက ပြင်ရလွယ်တယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံရင် တစ် နှစ်ပေါ့။ သူမပါဘဲ ပြည်တွင်းက မြှုပ်နှံမယ်ဆိုလည်း သုံးနှစ် အထက်ကြာမယ်။ အော်ဂဲနစ်က ကုန်ကျငွေသက်သာတယ်။ နွား ချေးမ၀ယ်ရဘူး။ မီးဖိုချောင် အမှိုက်တွေ၊ နွားချေးတွေနဲ့ အော် ဂဲနစ်မြေသြဇာပြန်လုပ်လို့ရ တယ်’’ဟု ၎င်းကရှင်းပြသည်။

7 day daily

No comments:

Post a Comment