Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

စိတ်ကို ပျော်ရွှင်နွေးထွေး စေသောမြင်ကွင်းများက စိုးရိမ်ထိတ်လန့်စိတ်ကို ဖြေလျော့ပေးနိုင်


လူတို့၏ ဦးနှောက်သည် ခြိမ်းခြောက် ခံရမှုဖြင့် တွေ့ကြုံပါက ၄င်းတို့ ချစ်မြတ်နိုး ရသည့် လူတို့၏ ဓာတ်ပုံ သို့မဟုတ် သိမ်မွေ့ နူးညံ့သည့် မြင်ကွင်း တစ်မျိုးကို တွေ့မြင်လျှင် ခြိမ်းခြောက်မှု အပေါ် ဦးနှောက် ၏ တုံ့ပြန်မှုက လျော့ကျ သွားကြောင်း အင်္ဂလန်နိုင်ငံ အက်ဇီတာ တက္ကသိုလ်မှ သုတေသီ များက ရှာဖွေတွေ့ရှိ ခဲ့သည်။

အက်ဇီတာ တက္ကသိုလ်မှ ပညာရှင် များသည် ဦးနှောက်က ခြိမ်းခြောက်မှု အန္တရာယ် အပေါ် တုံ့ပြန်ပုံကို လေ့လာရန် ကျန်းမာသော အစမ်းသပ်ခံသူ ၄၂ ဦးကို စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ ၄င်းတို့ကို FMRI စနစ်ဖြင့် စမ်းသပ်မှု ပြုလုပ်ချိန်၌ ကြည်နူးဖွယ် ကောင်းသည့် ချစ်သူ ဓာတ်ပုံများ၊ ချစ်စဖွယ် ကလေးငယ် ဓာတ်ပုံများ၊ ပျော်ရွှင်ဖွယ် ကောင်းသည့် မိသားစု ဓာတ်ပုံ စသည်တို့ကို ပြသခဲ့ပြီး နောက် ဒုတိယ အကြိမ်တွင် ခြိမ်းခြောက်မှု ပြုနေသော မျက်နှာပုံများ ၊ ခြိမ်းခြောက်သည့် စကားလုံး တို့ကို ပြန်လည် ပြသခဲ့ရာ လူတို့၏ စိတ်ခံစားချက် ကို ထိန်းချုပ် ပေးသော ဦးနှောက်၏ Amygdala အပိုင်းတွင် သိသာသော တုံ့ပြန်မှု မရှိခဲ့ပေ။

ဓာတ်ပုံများ၏ ပထမပိုင်းကို အာရုံစိုက်၍ မကြည့်ရှု ခဲ့သည့် အစမ်းသပ်ခံ သူတို့၏ Amygdala တွင်လည်း ကြမ်းတမ်းသည့် ရသ ကို ဖော်ပြသော ဓာတ်ပုံများကို ကြည့်ရှုစဉ် တုံ့ပြန်မှုများ မရှိခဲ့ကြောင်း သိရသည်။

ကြည်နူးဖွယ် ဓာတ်ပုံများကို မြင်လိုက် သောကြောင့် မိမိတို့၏ ဦးနှောက်က ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ သိမ်မွေ့ခြင်း စသည့် ခံစားချက် ရသ များကို ဖော်ပြသဖြင့် ကြောက်လန့် နေသော စိတ်ကို ပြန်လည် တည်ငြိမ် စေနိုင်သည်။ထို့ကြောင့် စိတ်ဖိအား များသည့် အချိန်အခါ များတွင်လည်း ကြည်နူးဖွယ် ကောင်းသည့် ဓာတ်ပုံများကို ကြည့်ရှုကာ ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်ကြောင်း အဆိုပါ လေ့လာမှုမှ သိရသည်။ နာကျင် နေသည့် အချိန်အခါ များတွင်လည်း ကြည်နူးဖွယ် ကောင်းသည့် ခံစားချက်များ ဝင်ရောက် လာပါက နာကျင်မှုက လျော့ကျ သွားနိုင်သည် ကို ယခင်ကလည်း တွေ့ရှိခဲ့ပြီး ဖြစ်ရာဝယ် ဦးနှောက်က ခြိမ်းခြောက်မှု အန္တရာယ်အပေါ် တုံ့ပြန်ခြင်း ကိုလည်း စိတ် ကြည်နူးဖွယ် ကောင်းစေသည့် ပုံရိပ်များဖြင့် လျှော့ချ နိုင်သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိတ်ဒဏ်ရာ ရသည့် လူနာများ တွင်လည်း ၄င်းတို့၏ အသိုင်းအဝိုင်းမှ ဂရုတစိုက် စကား ပြောဆိုခြင်း၊ ကူညီ ထောက်ပံ့ ပေးခြင်းများ ပြုလုပ် ခဲ့သည့်လူနာ များမှာ စိတ်ဒဏ်ရာကို ပို၍ လွယ်ကူစွာ ကျော်လွှား နိုင်ခဲ့ကြောင်း တွေ့ရသည်။ ထိခိုက်ဒဏ်ရာ ရရှိခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်ပြီး စိုးရိမ် ထိတ်လန့်မှု ပါလာသော လူနာတို့ကို ပို၍ ထိရောက်စွာ ကုသနိုင်ရန် အက်ဇီတာ တက္ကသိုလ် မှ သုတေသီ တို့သည် ၄င်းတို့၏ ရှာဖွေမှုကို အခြေခံ၍ ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ပြောပြသည်။

PyiChitThar

No comments:

Post a Comment