Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

ဖိလစ်ပိုင်မှာ ယှဉ်ပြိုင်နေတဲ့ အလှမယ် အိမွန်ခိုင်


  နိုင်ငံတကာမယ်ပြိုင်ပွဲတွေသွားတဲ့ အလှမယ်တွေထဲကတယောက်ဖြစ်တဲ့ အိမွန်ခိုင်က အလှပြရုံတင်မက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းအရာကိုလည်း ကိုင်တွယ်တဲ့သူပါ။
နိုဝင်ဘာ ၆ ရက်နေ့ကနေ  ၂၉ရက်နေ့ အထိ ဖိလစ်ပိုင်မှာ ပြိုင်ပွဲဝင်နေစဉ်  အင်းလေးကန် ရေနည်းပါးလာခြင်း အကြောင်းအရာကို မယ်ပြိုင်ပွဲမှာ တင်ပြမယ်လို့ သူက မီဒီယာတွေကို ပြောထားပါတယ်။
ဒီနှစ် ပြိုင်ပွဲကလည်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအကြောင်း ဇောင်းပေးတဲ့ပွဲ ဖြစ်လေတော့ သူရွေးချယ်ထားတဲ့ အင်းလေး အကြောင်းအရာက သင့်တော်ပါလိမ့်မယ်။
အင်းလေးကန် ယိုယွင်းလာခြင်း အကြောင်းရင်းကို ဖိလစ်ပိုင်မှာ ပြောသလို .... ပြိုင်ပွဲအပြီး မြန်မာပြည်ပြန်ရောက်တဲ့အခါ အလျဉ်းသင့်သလို ပြောဆိုသင့်လှပါတယ်။
  ပြိုင်ပွဲကာလအတွင်း ပါဝင်မှာတွေကတော့ သတင်းစာရှင်းလင်းပွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ၊
စာသင်ကျောင်းနဲ့ ဟိုတယ်လေ့လာရေးခရီး၊ ဖက်ရှင်ပြပွဲ စတာတွေလည်း ပါဝင်တယ်၊ ပြိုင်ပွဲဝင်သူ များလွန်းတဲ့အတွက်  အုပ်စု ၂ ခု၊ ၃ ခု ခွဲပြီး လှုပ်ရှားကြ ပြိုင်ကြရမယ်လို့ ဆိုပါတယ်။
  နိုင်ငံပေါင်း ၉၀ ကျော်က အလှအပတွေ ဝင်ပြိုင်နေတာပါ။
အသက် ၂၂ နှစ်အရွယ် ရန်ကုန်သူ အိမွန်ခိုင်က ဝူရှူး ကစားနည်း ကျွမ်းကျင်သူ ဖြစ်ပါတယ်။
ရန်ကုန်မှာ သြဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ မယ်ပြိုင်ပွဲကြီးမှာ သူက Miss Earth International Myanmar သရဖူ ရယူခဲ့သူပါ။
  ဖိလစ်ပိုင် သွားပြိုင်ဖို့ အချိန် ၂ လ ယူပြီး လေ့လာ လေ့ကျင့်ခဲ့သူပါပဲ။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအလှမယ် အိမွန်ခိုင်ရဲ့ ဓာတ်ပုံတချို့ကို သူ့ရဲ့အေဂျင်စီ facebook စာမျက်နှာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
စည်သူလင်း

No comments:

Post a Comment