Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 1, 2014

ကေအင်န်ယူလက်အောက်မှ ရဲတပ်ဖွဲ့ဝင် ငါးဦးကို ဒုဗိုလ်တစ်ဦးက သေနတ်ဖြင့်ပစ်သတ်ဟုဆို


By အောင်သစ်လွင်
ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ကေအင်န်ယူထိန်း ချုပ်နယ်မြေတပ်မဟာ(၆)၊ တပ် ရင်း (၁၆)မှ ရဲတပ်ဖွဲ့ဝင်ငါးဦးကို ဒုဗိုလ်အဆင့်ရှိသူတစ်ဦးက သေ နတ်ဖြင့်ပစ်သတ်သောကြောင့် စစ်ခုံရုံးဖွဲ့၍စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ ကြာအင်းဆိပ် ကြီးမြို့နယ် ဒူးပလာယာခရိုင်ရှိ ကေအင်န်ယူရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးတစ်ဦးနှင့် အခြားအဆင့် လေးဦး အောက်တိုဘာ ၂၃ ရက် တွင်အသတ်ခံရခြင်းဖြစ်သည်။ သေနတ်ဖြင့်ပစ်သတ်သူမှာ ကေ အင်န်ယူတပ်မဟာ (၆)တပ်ရင်း (၁၆) မှ ဒုဗိုလ်တစ်ဦးဖြစ်ပြီး ၎င်းကို ဖမ်းဆီးထားကြောင်း ဘားအံမြို့ အခြေစိုက် ကေအင်န်ယူ ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကအတည်ပြုပေးသည်။

‘‘လူကြီးတွေကလည်း ဗဟို ကော်မတီအစည်းအဝေးကိစ္စနဲ့ အလုပ်ရှုပ်နေတော့ လောလော ဆယ်မအားသေးဘူးလေ။ စစ် သားဆိုတော့လည်း စစ်ခုံရုံးနဲ့သွား ရမှာပေါ့။ လူငယ်ချင်းဖြစ်တဲ့ မကျေလည်မှုကို မူးပြီးအခုလို လုပ်လိုက်တော့ ဥပဒေမဲ့သွားတာ ပေါ့’’ဟု ၎င်းကပြောသည်။

သေနတ်ဖြင့် ပစ်သတ်သူ ဒုဗိုလ်ကို တပ်ရင်း (၁၆) အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်။ အသတ်ခံရသူ အားလုံးမှာ  အောက်တိုဘာ ၁၈ ရက်တွင် အဖမ်းခံခဲ့ရကာ ငါးရက်မြောက်နေ့ဖြစ်သော အောက်တိုဘာ ၂၃ ရက်တွင် ကြာအင်း ဆိပ်ကြီးမြို့နယ်နှစ်အိမ်ရွာအနီး၌ အသတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မွန်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နီး စပ်သူတစ်ဦးက  မည်သည့် အ ကြောင်းကြောင့်ဖြစ်စေ လူငါး ဦး အထိ ရက်ရက်စက်စက် အသတ် ခံခဲ့ရသောကြောင့် တာဝန်ရှိသူ များအနေဖြင့် အဖြစ်မှန်ကို ဖော် ထုတ်ပေးသင့်ကြောင်း သုံးသပ် သည်။

No comments:

Post a Comment