ပုသိမ်
မျိုးမင်းပိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ရှခင်းသာအား
ကျပ်သိန်းပေါင်း (၄၅၀) အကုန်ကျခံကာ 3D အကွက် များဖြင့် ပြင်ဆင် သွားမည်
ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူး
ဦးအောင်မင်းနိုင်က The Messenger Media သို့ ပြောသည်။ ပုသိမ်မြို့
ရှုခင်းသာကို ရေရှည် တည်တံ့ ခိုင်မြဲ စေချင်တယ်။ ဒါကို လုပ်ရင်းနဲ့ တစ်လက်
စတည်း 3D အကွက် တွေကို ဆန်းသစ် တီထွင်ပေး ခဲ့တာ။ အခုလို ဓာတ်ပုံ ရိုက်ဖို့ 
ခံစားမှု ရသ ဖန်တီးပေး ထားတာ ကတော့ မြန်မာပြည်မှာ တစ်ခြား တိုင်းဒေသကြီးနဲ့
ပြည်နယ် တွေမှာ မရှိသေးပါဘူး ဟု ဦးအောင်မင်းနိုင် က ပြောသည်။ အဆိုပါ 3D
အကွက် များကို ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့နှင့် ပန်းချီ
ကိုသက်နောင် (ပုသိမ်) တို့က ဖန်တီး ရေးဆွဲခဲ့ ခြင်းဖြစ်သည်။
ပုသိမ်မြို့နယ် စည်ပင်က လာအပ်တာ။ ကျွန်တော် ကလည်း
လိုလိုလားလား လက်ခံခဲ့တယ်။ နိုင်ငံတကာမှာ ဒီလို ပုံတွေတော့ မြင်ဖူးတယ်။
ဒါပေမဲ့ မြန်မာပြည်မှာ မရှိသေးတဲ့ အခါ ကျွန်တော်လည်း ဆွဲချင်တယ်။
ဆွဲဖို့လည်း အတော် ကြိုးစားခဲ့ ရတယ်။ လွယ်လွယ် ကူကူတော့ မဟုတ်ဘူး။
ခုဆိုလည်း လူကြိုက်များ ကြတယ်။ လာကြည့်ကြတယ်။ ဓာတ်ပုံတွေ ရိုက်ကြတယ်
ဆိုတော့ ပြယုဂ် တစ်ခု အဖြစ် အောင်မြင်တဲ့ အတွက် ၀မ်းသာပါတယ် ဟု ပန်းချီ
သက်နောင် (ပုသိမ်) က ပြောသည်။
မြို့တော် ခန်းမရှေ့တွင် တည်ရှိနေသော ကမ်းနား ရှုခင်းသာ နေရာသည်
မူလက အလှဆင် မီးလုံးများ၊ စတီးလက်ရန်း များဖြင့် လှပခဲ့ သဖြင့်
မိသားစုများနှင့် အပန်းဖြေသူများ လာရောက် အပန်းဖြေ မှုများ ရှိခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် လူအုပ်စုဖွဲ့ အရက် ထိုင်သောက် ခြင်းများ၊
ပစ္စည်းများကို ဖျက်ဆီးခြင်းများနှင့် မကြာခဏ ရန်ပွဲများ ဖြစ်ပွားနေမှု
တို့ကြောင့် ယခုအခါ အပန်းဖြေသူများ ယခင် ကလောက် လာရောက်ခြင်း မရှိတော့ပေ။
ယခုအခါ အဆိုပါ ရှုခင်းသာအား ပြန်လည် ပြုပြင် မွမ်းမံနေခြင်း ဖြစ်ပြီး
တည်ဆောက် ပြီးစီး သွားပါက စည်းကမ်း သတ်မှတ်ချက်များ၊ လုံခြုံရေး များဖြင့်
ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကျွန်တော် အစိုးရိမ်ဆုံး ကတော့ လူငယ်တွေ စည်းကမ်းမဲ့မှု ကိုပဲ
။ ကျွန်တော် ဒီ 3D အကွက်တွေကို တစ်ညလုံး ဆွဲရတာ။ အဲဒီမှာ လူငယ်
လေးငါးဆယ်ယောက်က အရက်သောက် နေတယ်။ လာကြည့်လိုက် ဆွဲနေရင်း ဟိုဟာ
လုပ်တော့မလို ဒီဟာလုပ် တော့မလိုနဲ့ သူတို့ ကိုလည်း မပြောရဲဘူး။ ပြောကာမှ
မူးနေတော့ ဆေးဘူးတွေ မှောက်သွားမှာ စိုးလို့၊ အဲဒီလို ပြီးသွားတဲ့ အခါကျ
ကွမ်းတံတွေး ထွေးသွားမှာ ဖျက်ဆီး မှာပေါ့။ ဒါပေမဲ့ ကျွန်တော်
စိုးရိမ်လို့ပဲ ရတယ် ကာကွယ်ဖို့ ဆောင်ရွက်ပေး ရမှာက သက်ဆိုင်ရာ
တာဝန်ရှိသူတွေပဲ ဖြစ်တယ် ဟု ပန်းချီ သက်နောင် (ပုသိမ်) က The Messenger
Media သို့ပြောသည်။
အောက်တိုဘာလ (၉)
ရက်နေ့က ဖွင့်လှစ် ထားသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အဆင့်မြင့်
ရေပေါ်ဈေးတွင် မူးယစ် သောက်စားခြင်း မပြုရဟု ရေးသားထား သော်လည်း လူငယ်
အချို့ အရက်သေစာနှင့် ဘီယာ သောက်စားမှုများ ရှိကြောင်း အဆင့်မြင့် ရေပေါ်ဈေး
ကော်မတီဝင် တစ်ဦးက ပြောသည်။
Messenger
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 31, 2014
ပုသိမ်မြို့ ရှုခင်းသာအား ကျပ်သိန်းပေါင်း (၄၅၀) အကုန်ကျခံ ပြင်ဆင်မည်
ပုသိမ်မြို့ ရှုခင်းသာအား ကျပ်သိန်းပေါင်း (၄၅၀) အကုန်ကျခံ ပြင်ဆင်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 31, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 31, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment