စင်ကာပူနိုင်ငံတွင်အိမ်အကူသွား လုပ်သော အသက်သုံးဆယ်အရွယ်ရှိအမျိုးသမီးတစ်ဦး နှိပ်စက်ခံရမှုအားကြောက် လန့်ပြီးထွက်ပြေး
ရာတိုက် ပေါ်မှပြုတ် ကျ၍ အပြင်း အထန်ဒဏ်ရာရရှိခဲ့ရာ စင်ကာပူနိုင်ငံရှိNUH ဆေးရုံတွင်ဆေးကုသမှုခံယူပြီး ရန်ကုန်သို့ အောက်တိုဘာ လ ၂၇ ရက်နေ့ညနေ ၄ နာရီတွင်ပြန် လည်ရောက်ရှိခဲ့ကြောင်း ၄င်း၏ အမျိုး သားဖြစ်သူ ကိုလေးနိုင်က ပြောသည်။
အောက်တိုဘာ ၁၄ ရက်နေ့ ည ၁ နာရီခန့်အချိန်တွင် အဆိုပါအမျိုး သမီးမှာ ၄င်းအိမ်အကူအလုပ် လုပ်ကိုင် နေသောအိမ်မှ အိမ်ရှင်များ၏ နှိပ်စက် ညှဉ်းပန်းမှုကို မခံနိုင်သောကြောင့် နေအိမ်တိုက်ခန်း ငါးလွှာ၏ နောက်ဖေး ဘက်ရှိ မိလ္လာပိုက်မှ တစ်ဆင့်အောက် သို့ဆင်း၍ထွက်ပြေး ရန်ကြိုးစားစဉ် မိလ္လာပိုက်မှချော်ကျ ခြင်းဖြစ်ေ ကြာင်း ၄င်းကဆက် ပြောသည်။
အဆိုပါပြုတ်ကျသည့်ဒဏ်ကြောင့် ဘယ်ဘက် နံရိုးခုနစ်ချောင်းကျိုး၊ ဘယ် ဘက်ခြေထောက်စတီးရိုးထည့်၊ ခါးဆစ်ရိုး သုံးရိုးမူလီစုပ်၊ မြီးညှောင့်ရိုးကျိုး၊ ကျော ရိုးစတီးေ ချာင်းထည့်၊ ညာဘက်စတီးပြား ထည့် အစရှိသည့်ဒဏ်ရာများရရှိကာ စင်ကာပူနိုင်ငံရှိ NUH ဆေးရုံတွင်ဆေး ကုသမှု ခံယူပြီး ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ၄င်းက ပြောသည်။
ရန်ကုန်သို့ ပြန်ရောက်ပြီး အစိုးရ ပိုင် ဆေးရုံများတွင်ဆေးကုသမှု ခံယူ ရန်သွားရောက်ခဲ့သော် လည်း ည ၁၂ နာရီ ကျော်သည်အထိ လက်မခံခဲ့ကြောင်း ကိုလေးနိုင် ကပြောသည်”ကျွန်တော်တို့ အရင်ဆုံးကြည့် မြင်တိုင် အရိုးဆေးရုံကို သွားတယ်။ ပြီး တော့ရန်ကုန်ဆေးရုံကြီးကို သွားတယ်။ခွဲစိတ်ပြီးလူနာမို့ လက်မခံခဲ့ပါဘူး” ဟု ၄င်းကဆက်ပြော သည်။ထို့ ပြင်ည ၁ နာရီအချိန်တွင်အရေး ကြီးနေ၍ဟု ပြောဆိုကာလက်ခံခဲ့ခြင်း ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
စင်ကာပူနိုင်ငံတွင်မြန်မာအိမ်အကူသုံးသောင်းကျော်ရှိပြီး အများစုမှာတရားမဝင်သွား ရောက်ကြသူများဖြစ် သည်။ ထို့ပြင်မြန်မာအိမ်အကူများအား အိမ်ရှင်က နှိပ်စက် မှုများမကြာ ခဏဖြစ် ပွားလေ့ရှိသောကြောင့် အလုပ်သမား ဝန်ကြီးဌာနက စင်ကာပူသို့ အိမ်အကူ စေလွှတ်ခွင့် ကို ပိတ်ပင်ထားသည်။သို့ သော်လည်း အီလက်ထရောနစ်ဗီ ဇာဖြင့် သွားရောက်ကာ အိမ်အကူလုပ်ကိုင်မှု များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဇေဝေယံ၊ ရဲလွင်
Popular Myanmar News Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 1, 2014
စင်ကာပူတွင် အိမ်အကူသွားလုပ်သော မြန်မာအမျိုးသမီးတစ်ဦး နှိပ်စက်ခံရမှုကြောင့် ကြောက်လန့်ပြီးထွက်ပြေးရာ တိုက်ပေါ်မှ ပြုတ်ကျပြီး အပြင်းအထန်ဒဏ်ရာရ
စင်ကာပူတွင် အိမ်အကူသွားလုပ်သော မြန်မာအမျိုးသမီးတစ်ဦး နှိပ်စက်ခံရမှုကြောင့် ကြောက်လန့်ပြီးထွက်ပြေးရာ တိုက်ပေါ်မှ ပြုတ်ကျပြီး အပြင်းအထန်ဒဏ်ရာရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 01, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 01, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment