Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 7, 2014

ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးချုပ်(ဟောင်း) သိန်းဆွေနှင့် အင်တာဗျူး

Written by  မင်းမင်း
    ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၀၄ခုနှစ် အောက်တိုဘာလ ၁၉ရက်က အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှုဥပဒေ (အပစ-၃)၊ ၁၉၅၀ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ ၅(စ) စသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၁၅၂နှစ် ချမှတ်ခံခဲ့ရသည့် ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးချုပ် (ဟောင်း) ဦးသိန်းဆွေသည် အကျဉ်းကျပြီး ၁၀နှစ်ပြည့်ရန် ၁၆ ရက်အလို အောက်တိုဘာ ၇ ရက်က မြင်းခြံထောင်မှ လွတ်မြောက်လာပြီ ဖြစ်သည်။ ၎င်းက အောက်တိုဘာ ၂၉ရက်တွင် အသက် ၇၁နှစ် ပြည့်မည်ဖြစ်သည်။ ဗိုလ်မှူးချုပ်(ဟောင်း) ဦးသိန်းဆွေအား အကျဉ်းထောင်ထဲမှ ထွက်လာအပြီး ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မဇ္ဈိမက သီးသန့်မေးမြန်းထားသည်ကို ကောက်နုတ် ဖော်ပြလိုက်သည်။
    Thein-Swe
    မေး- အခု အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီဆိုတော့ အပြင်မှာ ဘာဆက်လုပ်ဖို့ ရှိပါသလဲ။
    ဖြေ - အပြင်ရောက်ရင်တော့ ဘာမှတော့ ဆက်လုပ်ဖို့မရှိပါဘူး။ နည်းနည်းပါးပါးလေး စီးပွားရေး လုပ်ငန်းလေး ဘာလေး လုပ်ဖို့ ဒီလောက်ပဲရှိပါတယ်။ ကျန်တာတော့ အန်ကယ်လ်ကလည်း အသက်ကလည်းကြီးနေပြီလေ။ တရားလေးဘာလေးအားထုတ်ပေါ့။ အဲ့လောက်လေးပဲ အစီအစဉ်ရှိပါတယ်။ ကျန်တဲ့ နိုင်ငံရေးတို့ဘာတို့ကတော့ စိတ်လည်းမဝင်စားဘူးလေ။ ကိုယ့်ဟာကိုယ် အေးဆေးလေးနေချင်တာ ဒါပဲရှိတယ်။
    မေး - အခု ကျန်းမာရေးရော ဘယ်လိုရှိပါသလဲ။
    ဖြေ - ကျန်းမာရေးကတော့ လူကြီးကောင်းပေါ့။ ထမင်းထောင်းပြီးတော့ စားနေရာတာ တစ်နှစ်လောက်ရှိနေပြီ။ သွားတွေလည်း မကောင်း၊  ဆီးကြိတ်ကလည်း ခွဲရမှာလေ။ ကျန်တာတော့ လဲနေတဲ့ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့။
    မေး- အထဲမှာနေရတဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ ခင်ဗျ။
    ဖြေ - အဆင်ပြေပါတယ်။ အခန်းတွေလည်း ကောင်းတယ်။ စားတာသောက်တာ ဘာညာလည်း နောက်ပိုင်းမှာ သူတို့ တော်တော်လေးကောင်းအောင် လုပ်ပေးတယ်ဆိုတော့ ပြဿနာမ ရှိပါဘူး။ ကောင်းတယ်လို့ပဲ ပြောရမယ်။
    မေး- အထဲမှာ စာဖတ်တာတို့၊ ရေဒီယိုနားထောင်တာတို့ လုပ်လို့ရပါသလား။
    ဖြေ - ရပါတယ်။ ကြိုက်တဲ့သတင်း၊ ကြိုက်တဲ့ဂျာနယ် ဖတ်လို့ရတယ်။ နောက် ရေဒီယိုတို့၊ တီဗွီတို့လည်း နားထောင်ခွင့် ပေးထားတယ်လေ။ တော်တော်တော့ အဆင်ပြေပါတယ်။
    မေး - ရေဒီယိုနားထောင်ရတယ်ဆိုတော့ နိုင်ငံခြားသတင်းဌာနတွေက လွှင့်တဲ့ ရေဒီယိုတွေရော နားထောင်လို့ရလား။ ဥပမာ- ဘီဘီစီတို့၊ ဗွီအိုအေတို့ပေါ့။
    ဖြေ - အဲ့ဒီဟာတော့ နားထောင်လို့မရဘူး။ local Radio Station တွေ၊ FM တို့ဘာတို့တော့ နားထောင်လို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကို ပေးထားတဲ့စက်တွေက FM ပဲ ဖမ်းလို့ရတာကိုး။
    မေး - အခုလက်ရှိနိုင်ငံရေးအနေအထားကိုရော ဘယ်လိုမြင်ပါသလဲ။
    ဖြေ - အဲ့ဒါကျတော့ အထဲထဲမှာ ကိုယ်ရတဲ့ သတင်းတွေက ပြတ်တောင်း၊ ပြတ်တောင်းတွေ ဖြစ်နေတာဆိုတော့ ဒီဟာကိုတော့ သိပ်ပြီးတော့ ပြောလို့ရှိရင် မှန်မယ့်အနေအထားမှာမရှိဘူးပေါ့။
    မေး - လက်ရှိအနေအထားကို ဘယ်လိုမျိုးရော သုံးသပ်ချင်လဲ။
    ဖြေ - ဒါကတော့ သူတို့လည်း အကောင်းဆုံးလုပ်နေတဲ့ အခါကျတော့၊ အရင်ကနဲ့စာရင်တော့ သူတို့အများကြီး ကြိုးပမ်းပြီး လုပ်နေတယ်ဆိုတော့ ဒီဟာလုပ်တာတော့ ခွင့်ပြုပေးရမှာပေါ့လေ။ ဒါပေမယ့် လုပ်တာကိုင်တာတွေက အများကြီးဆိုတော့ ချက်ချင်းကြီးနေ့ချင်း၊ ညချင်းပြီးမယ့်ဟာတွေက သိပ်ပြီးတော့ လောလို့မရဘူးပေါ့။ အဲ့ဒါလေးပါပဲ။
    မေး - အထဲမှာ ဘယ်လောက်ကြာကြာ နေလိုက်ရပါသလဲ။
    ဖြေ - ဆယ်နှစ်ပြည့်ဖို့ ၁၆ရက်ပဲ လိုတာပေါ့။
    မေး- ဘာပြစ်မှုနဲ့ ချလိုက်တာလဲခင်ဗျ။
    ဖြေ - ရာဇဝတ်ပုဒ်မတွေပေါ့။ အပစ ၃တို့၊ ၅ ဇ တို့၊ နောက်ပြီးတော့ ဖိုးတွမ်တိ (420) လည်းပါသေးတယ်။ အဲ့လိုဟာမျိုးတွေပေါ့။ ပြည်သူပိုင်ပစ္စည်းကာကွယ်မှု ဥပဒေတွေ၊ အဲ့ဒါမျိုးတွေပေါ့။ ကျွန်တော်လည်း အသေးစိတ်တော့ မပြောတတ်ဘူး။
    မေး - ဒါဆိုရင် နိုင်ငံရေးအကျဉ်းသားလို့ ခေါ်လို့ရမလား ခင်ဗျ။
    ဖြေ - သူတို့ မသတ်မှတ်ပါဘူး။ သာမန် အကျဉ်းသားပဲပေါ့။
    Mizzima

    No comments:

    Post a Comment