Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 7, 2014

"လောကဓံ" နှင့် "ပုထုဇဉ်"


••••••••••••••••••••••• 
ရဟန်းတို့။ 
အကြားအမြင်မရှိသော ပုထုဇဉ်အား "လာဘ်ရမှု"သည် ဖြစ်၏။
ထိုပုထုဇဉ်သည် "ငါ့အား လာဘ်ရမှုသည် ဖြစ်ခဲ့ပြီ။
ထိုလာဘ်ရမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏။
ဖောက်ပြန်တတ်သော သဘောရှိ၏" ဟု မဆင်ခြင်။ ဟုတ်တိုင်းမှန်စွာ မသိ။
အကြားအမြင်မရှိသော ပုထုဇဉ်အား "လာဘ်မရမှု"သည် ဖြစ်၏။
ထိုပုထုဇဉ်သည် "ငါ့အား လာဘ်မရမှုသည် ဖြစ်ခဲ့ပြီ။
ထိုလာဘ်မရမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏။
ဖောက်ပြန်တတ်သော သဘောရှိ၏" ဟု မဆင်ခြင်။ ဟုတ်တိုင်းမှန်စွာ မသိ။
အကြားအမြင်မရှိသော ပုထုဇဉ်အား "အခြံအရံရှိမှု"သည် ဖြစ်၏။ 
ထိုပုထုဇဉ်သည် "ငါ့အား အခြံအရံရှိမှုသည် ဖြစ်ခဲ့ပြီ။ ထိုအခြံအရံရှိမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏။
ဖောက်ပြန်တတ်သော သဘောရှိ၏" ဟု မဆင်ခြင်။ ဟုတ်တိုင်းမှန်စွာ မသိ။
အကြားအမြင်မရှိသော ပုထုဇဉ်အား "အခြံအရံမရှိမှု"သည် ဖြစ်၏။ 
ထိုပုထုဇဉ်သည် "ငါ့အား အခြံအရံမရှိမှုသည် ဖြစ်ခဲ့ပြီ။ ထိုအခြံအရံမရှိမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏။
ဖောက်ပြန်တတ်သော သဘောရှိ၏" ဟု မဆင်ခြင်။ ဟုတ်တိုင်းမှန်စွာ မသိ။
အကြားအမြင်မရှိသော ပုထုဇဉ်အား "ကဲ့ရဲ့မှု"သည် ဖြစ်၏။ 
ထိုပုထုဇဉ်သည် "ငါ့အား ကဲ့ရဲ့မှုသည် ဖြစ်ခဲ့ပြီ။ 
ထိုကဲ့ရဲ့မှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏။ 
ဖောက်ပြန်တတ်သော သဘောရှိ၏" ဟု မဆင်ခြင်။ ဟုတ်တိုင်းမှန်စွာ မသိ။
အကြားအမြင်မရှိသော ပုထုဇဉ်အား "ချီးမွမ်းမှု"သည် ဖြစ်၏။ 
ထိုပုထုဇဉ်သည် "ငါ့အား ချီးမွမ်းမှုသည် ဖြစ်ခဲ့ပြီ။
ထိုချီးမွမ်းမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏။ 
ဖောက်ပြန်တတ်သော သဘောရှိ၏" ဟု မဆင်ခြင်။ ဟုတ်တိုင်းမှန်စွာ မသိ။
အကြားအမြင်မရှိသော ပုထုဇဉ်အား "ချမ်းသာမှု"သည် ဖြစ်၏။ 
ထိုပုထုဇဉ်သည် "ငါ့အား ချမ်းသာမှုသည် ဖြစ်ခဲ့ပြီ။ 
ထိုချမ်းသာမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏။ 
ဖောက်ပြန်တတ်သော သဘောရှိ၏´ ဟု မဆင်ခြင်။ ဟုတ်တိုင်းမှန်စွာ မသိ။
အကြားအမြင်မရှိသော ပုထုဇဉ်အား `ဆင်းရဲမှု´သည် ဖြစ်၏။ 
ထိုပုထုဇဉ်သည် `ငါ့အား ဆင်းရဲမှုသည် ဖြစ်ခဲ့ပြီ။ 
ထိုဆင်းရဲမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏။ 
ဖောက်ပြန်တတ်သော သဘောရှိ၏" ဟု မဆင်ခြင်။ ဟုတ်တိုင်းမှန်စွာ မသိ။
ထိုပုထုဇဉ်အား . .
လာဘ်ရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏။
လာဘ်မရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏။
အခြံအရံ အကျော်အစော ရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏။
အခြံအရံ အကျော်အစော မရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏။
ကဲ့ရဲ့မှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏။ 
ချီးမွမ်းမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏။
ချမ်းသာမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏။ 
ဆင်းရဲမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏။
ထိုပုထုဇဉ်သည် . .
လာဘ်ရမှု ဖြစ်သည်ရှိသော် ၀မ်းမြောက်၏။ 
လာဘ်မရမှု ဖြစ်သည်ရှိသော် ၀မ်းနည်း၏။ 
အခြံအရံရှိမှု ဖြစ်သည်ရှိသော် ၀မ်းမြောက်၏။ 
အခြံအရံမရှိမှု ဖြစ်သည်ရှိသော် ၀မ်းနည်း၏။ 
ချီးမွမ်းမှု ဖြစ်သည်ရှိသော် ၀မ်းမြောက်၏။ 
ကဲ့ရဲ့မှု ဖြစ်သည်ရှိသော် ၀မ်းနည်း၏။ 
ချမ်းသာမှု ဖြစ်သည်ရှိသော် ၀မ်းမြောက်၏။ 
ဆင်းရဲမှု ဖြစ်သည်ရှိသော် ၀မ်းနည်း၏။
ထိုပုထုဇဉ်သည် ဤသို့ ၀မ်းမြောက်မှု ၀မ်းနည်းမှုသို့ ရောက်သည်ဖြစ်၍ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်နိုင်။ ဆင်းရဲအပေါင်းမှ မလွတ်နိုင်ဟု ငါဆို၏။ (ဟုမိန့်တော်မူသတည်း)
( ဒုတိယ လောကဓမ္မသုတ် )
3 Treasures: Buddha, Dhamma & Sangha

No comments:

Post a Comment