Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 2, 2014

ချောက်ကမ်းပါးထပ်က ဖန်နဲ့လုပ်တဲ့ ကြိုးတံတား



တရုတ်ပြည် တောင်ပိုင်း၊ Hana ပြည်နယ်၊ Pingjiang county မှာ ရှိတဲ့ တံတား တစ်ခု ဖြစ်ပါတယ်။ မြေပြင်အထက် မီတာ ၁၈၀ အထက်မှာ ရှိပြီး တောင်နှစ်လုံးကြားမှာ မီတာ ၃၀၀ ရှည်ပါတယ်။

တံတား ဆောက်ဖို့ အတွက် အသုံးပြုထားတဲ့ ဖန်များက အကြမ်းခံပြီး မြေငလျင် ဒဏ်၊ ကျောက်တုံးများ ပြုတ်ကျတဲ့ ဒဏ်ကို အတော်တန်သင့် ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင်မို့ လေတိုက်တဲ့အခါ၊ မုန်တိုင်း တိုက်တဲ့အခါလည်း ခံနိုင်ရည် ရှိပါလိမ့်မယ်။ တည်ဆောက်တဲ့ ရွယ်ချက်က ချောက်ကမ်းပါး အထပ်မှာ လမ်းလျှောက်ပြီး စွန့်စားချင်သူများ အတွက် ဖြစ်ပါတယ်။ ဒီတော့ ဖန်နဲ့ ဆောက်တဲ့ ယင်း ကြိုးတံတားကို လူတိုင်း လျှောက်လို့တော့ မရ ပါဘူး။ အချို့ဆို လျှောက်ပြီးတော့ အလည်မှာ ပျော့ခွေ ထိုင်ချ သွားကြပြီး သွားရောက် ကယ်ဆယ် ရ ပါတယ်။

Hana က ယင်း ဖန်ကြိုးတံတား (glass bridge) ဟာ ကမ္ဘာလှည့်ခရီးသွား များ အတွက် စွဲဆောင်မှု ရှိနေတဲ့ နေရာတစ်ခု ဖြစ်လာ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment