Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 2, 2014

ဗီယက်နမ်နိုင်ငံကို အလှည်အပတ်သွားသင့်တဲ့ အကြောင်းများ






ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် တစ်နိုင်ငံ အပါအဝင်လည်း ဖြစ်တဲ့အပြင် လှပသော ရှုခင်းများနှင့် စိတ်ကြည်နူးစေမယ့် နေရာများစွာဖြင့် ဖွဲ့စည်းတည်ဆောက် ထားသော နိုင်ငံတစ်ခု ဖြစ်ပါတယ်။

အရသာရှိသော ပင်လယ်စာ အစားအသောက်များ ပေါကြွယ်ဝသည့် အပြင် သဘာဝ အလှတရားများ ကလည်းစိတ်ကို ကြည်နူးစေမှာ မလွဲပါဘူး။ ဒါ့အပြင် သင်္ဘောကြီးကို စီး၍ လှပသော ကျွန်းဆွယ်များကို ကြည့်ကာ အပန်းဖြေ အနားယူနိုင်မှာလည်း ဖြစ်ပါတယ်။ လှေလှော်ချင်ကြ သူများနှင့် ငါဖမ်းဝါသနာ
ပါသူများ အတွက်လည်း အကောင်းမွန်ဆုံး နေရာတွေ ဖြစ်ပါတယ်။

ဒါ့တင် မကသေးပါဘူး မြင့်မားသော တောင်းကုန်း တောင်းတန်းပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖူးတွေ့နိုင်မှာ ဖြစ်ပါတယ်။ Cable Car များ စီးလို့လည်း ရနိုင်ပါတယ်။ ဒါ့အပြင် ပိုးဖြင့်ရက်လုပ်ထားသော ပိုးထည် အဝတ်အထည် များလည်း အလွန်ပေါပါတယ်။ ဗီယက်နမ်နိုင်ငံ၏ ပြတိုက်တွင်လည်း ဗီယက်နမ် လူမျိုးများ၏ ဖြတ်ကျော်ခဲ့ရသော စစ်ဘေးစစ်ဒဏ် အခြေအနေများကို လေ့လာနိုင်ပါတယ်။

ဟိုချီမင်းမြို့တွင် ဈေးနှုန်းသက်သာသော Shopping စင်တာများစွာ ရှိသည့် အတွက် မိမိအလိုရှိသော ပစ္စည်းများကို စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။ မြန်မာပြည်မှ သွားမယ်ဆိုရင်တော့ ဗီယက်နမ် လေကြောင်းလိုင်းဖြင့် ၆ ညအိပ် ၇ ရက်ဖြင့် နေရာစုံအောင် သွားနိုင်ပါတယ်။ ဒီလိုသော အချက်များကြောင့် ဗီယက်နမ်နိုင်ငံသည် အလှည်အပတ် သွားသင့်သော နေရာများထဲမှ တစ်ခုဖြစ်ကြောင်း ရေးသားပေး လိုက်ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment