CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 2, 2014
ဆံပင်တွေကို မြိုချတဲ့ အကျင့်ကြောင့် ခွဲစိတ်ကုယူရ
ကာဂျစ်စတန် နိုင်ငံက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရလည်း ဘာရောဂါမှ မရှိကြောင်း ဆရာဝန်များက စစ်ဆေး ထွက်ဆိုထားပါတယ်။ ဒါပေမယ့် သူ့မှာ ရှိတဲ့ အကျင့်ကလေး တစ်ခုကတော့ ဆံပင်များကို စားခြင်း ဖြစ်ပါတယ်။ သူများတွေ လက်သည်းကိုက်တတ်သလိုပဲ သူ့ဆီမှာ ရှိတဲ့ အကျင့်က ဆံပင်မွေး သေးသေး လေးတွေကို ကောက်စားတတ်ပါတယ်။
သူ့ရဲ့ ဆံပင်တွေပဲ စာားတာတင် မဟုတ်ပဲ အိမ်က ကော်ဇောပေါ်က ဆံပင်မွေးလေးတွေပါ တွေ့ရင် ကောက်စားသတဲ့။ သူမ လူမှန်းသိတတ်စ အရွယ်ကနေ ယူလာတဲ့ ယင်းအကျင့်ဟာ အသက် ၁၈ နှစ်အပြည့်မှာ ဒုက္ခ ပေးပါ တော့တယ်။ ရေအလွန်ငှက်ခြင်း၊ ခန္ဓာကိုယ် ရေဓာတ် ခမ်းခြောက် ခြင်းတို့ ခဏခဏ ဖြစ်ပြီး နောက်တော့ ဆေးရုံ ပို့လိုက်ရ ပါတယ်။ ခွဲစိတ် ကြည့်တဲ့အခါ ရလာတဲ့ ရလဒ်က ပုံမှာ မြင်တွေ့ ရသလိုပါပဲ။ အူလမ်းကြောင်း တစ်လျှောက် အစာအိမ် အထိ ခံနေတာက ဆံပင်မွေးလုံး ဖြစ်ပြီး အော်ဂလီဆန်စရာ ကောင်းလောက်တာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
နောက်ဆုံး ခွဲထုတ်ပြီးမှပဲ သူမဟာ ကျန်းမာရေး ပြန်ကောင်း ပါတော့တယ်။ သူမ စားသမျှ အဆီဓာတ် အရည်များဟာ ဆံပင်တစ်ဝိုက်မှ ကပ်ညှိနေတာကြောင့် အမြဲ ရေငတ်ပြီး ရေဓာတ်လည်း ဆုံးရှုံးပါတယ်။ အချိန်မှီသာ မခွဲစိတ်ရင် သေဘေးမှာ ရှိတဲ့ အမျိုးသမီးဟာ ဆံပင်တွေကို စားတတ်တဲ့ အကျင့် မဖြစ်အောင် လူတိုင်းကို သတိပေးစေခဲ့ ပါတယ်။ သင့် ကလေးငယ် တွေမှာ ယင်း အကျင့် ရှိနေရင် ခပ်မြန်မြန် ပြင်ပေးဖို့ လိုအပ် ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
ဆံပင်တွေကို မြိုချတဲ့ အကျင့်ကြောင့် ခွဲစိတ်ကုယူရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment