နေပြည်တော် (မဇ္ဈိမ) ။ ။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့်
ယုံကြည်အပ်နှံ အလွဲသုံးမှုများဖြင့် တရားစွဲဆိုခံထားရသော သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်ကို လာမည့်အောက်တိုဘာ ၁၇ ရက်တွင်
အပြီးသတ် အမိန့်ချမှတ်သွားမည်ဟု သိရသည်။
(ဓာတ်ပုံ – အောင်သူရထွန်း)
“စွပ်စွဲခံရသူဖြစ်တဲ့အတွက် အမှုက လွတ်ရာလွတ်ကြောင်းအကိုးအကားနဲ့ သတ်သေခံချက်
စီရင်ထုံးတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပြောတယ်။ နှစ်မှုစလုံးကိုပြောတယ်။
တစ်ဖက်ကလည်း စစ်ဆေးသင့်ကြောင့်ကို ချေပပြောဆိုတယ်”ဟု ဦးဆန်းဆင့်၏
ရှေ့နေဦးတင်ထွန်းက ပြောသည်။
အောက်တိုဘာ ၁၄ ရက်တွင် နှစ်ဘက်ရှေ့နေများက နောက်ဆုံးလျှောက်လွှဲချက်များ တင်ပြခဲ့ပြီး ၂၄ ကြိမ်မြောက် ရုံးတင်စစ်ဆေးခြင်းလည်းဖြစ်သည်။
“လွတ်ကိုလွတ်ရမယ် ဝတ်ကျေတန်းကျေပြောတာ မဟုက်ဘူး။ လွတ်ကိုလွတ်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပြောတာ” ရှေ့နေ ဦးတင်ထွန်းက ပြောသည်။
လက်ရှိတွင် ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်တွင် ချူပ်နှောင်ထားပြီး
အပတ်စဉ် တင်္လာနေ့နှင့် သောကြာနေ့များတွင် နေပြည်တော်ကောင်စီ
ဒိက္ခိဏခရိုင်တရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဦးဆန်းဆင့်၏ ရှေ့နေများသည် လာမည့် အောက်တိုဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ
တော်ဝင်နှင်းဆီ စာသောက်ဆိုင်တွင် ညနေ သုံးနာရီ၌ မီဒီယာများနှင့်
အမေးအဖြေများ ပြုလုပ်ပေးသွားမည်ဟု ဆိုသည်။ ဦးဆန်းဆင့် သည်ယုံကြည်အပ်နှံမှု
ပြစ်မှုကြီးပုဒ်မ ၄၀၉ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပြစ်မှုကြီးပုဒ်မ
၁၂၄ ဖြင့် အမှုရင်ဆိုင်ရခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ဦဆန်းဆင့်သည် သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအဖြစ်မှ အနားပေးခြင်းခံရကာ အထက်ပါ ပုဒ်မများဖြင့်
တရားစွဲဆိုးခြင်းခံရပြီး ရမည်းသင်းထောင်တွင် ထိန်းသိမ်းခြင်းခံထားရသည်။
Mizzima
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 14, 2014
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာ ၁၇ ရက်တွင် အမိန့်ချမည် လွတ်ကို လွတ်ရမည်ဟု ရှေ့နေပြော
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာ ၁၇ ရက်တွင် အမိန့်ချမည် လွတ်ကို လွတ်ရမည်ဟု ရှေ့နေပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 14, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment