သင့်ရဲ့ ဘ၀တစ်သက်တာလုံးမှာ ဘယ်လိုမျိုးရှင်သန်နေထိုင်ရင်းဖြတ်သန်း
လာခဲ့ပါသလဲ။ ဘ၀ပေးကုသိုလ်အရ ကောင်းမွန်စွာကြီးပြင်းခဲ့ရတဲ့ သူတွေ ရှိသလို
ဆင်းရဲတဲ့အသက်ရှင်ရပ်တည်မှုတွေကြောင့် ဆိုးရွားလွန်းတဲ့ဘ၀နေ့ ရက်တွေမှာ
ဆိုးသွမ်းပေတေစွာကြီးပြင်းလာခဲ့ကြမှာပါ။
အမျိုးမျိုးသော ဘ၀ပေးအခြေအနေတွေမျိုးကို ဖြတ်သန်းလာခဲ့ပါစေ ရုပ်ပိုင်း
ဆိုင်ရာ မပြည့်ဝသော်လည်း စိတ်ပိုင်းဆိုင်ရာပြည့်ပြည့်၀၀နဲ့ လောကကြီး
အကြောင်းလူတွေအကြောင်း၊ ကိုယ့်အကြောင်းကို အမှန်အတိုင်းလက်ခံ တတ်ပြီး
အမှန်အတိုင်းကျင့်သုံးနေထိုင်တတ်တဲ့ အသိဥာဏ်ကိုသာ ပိုင်ဆိုင်
ဖို့လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ အတိတ်ကာလတွေမှာ ဘယ်လောက်ပဲဆိုးသွမ်းခဲ့ပါစေ ကိုယ်နောက် ကျန်တဲ့
ကာလတစ်လျှောက်အတွက် ကောင်းကျိုးတွေကိုပဲ ပေးဆပ်သွားဖို့ စိတ်ကူးကို
သင့်ရဲအတွေးထဲမှာပေါ်လာပြီဆိုရင်တော့ သင်ဟာလောကကြီး ရဲ့ တန်ဖိုးကို
အသိဆုံးသူဖြစ်သွားပါပြီ။
ဘ၀တလျှောက်ဆိုးသွမ်းပေတေမှုတွေကြောင့် ထောင်ပြစ် ဒဏ်ကြီးကြီးကျ ရတော့မယ့်
အပြစ်သားတစ်ယောက်ဖြစ်ပြီး သူ့အတွက် နောက်ဆုံးအလုပ် ချင်ဆုံးအလုပ်က
ဘာများပါလဲလို့ မေးရင် ဟိုဟိုဒီဒီ ရောက်တတ်ရာရာ အ လုပ်တွေများနေတဲ့ကြားကမှ
အမွန်မြတ်ဆုံးအလုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်တွင်းက ကျောက်ကပ်ကိုလှူပြီး အသက်ရှင်ဖို့ သေမင်းနဲ့
လွန်ဆွဲနေရတဲ့ အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသမီး ဆယ်လီအန်နီဂရိန် ဂါက ကို
ကျန်းကျန်းမာမာနဲ့ အသက်ရှင် နေထိုင်သွားဖို့ကိုကူညီပေးချင်ပါ တယ်တဲ့။
သူ့ရဲ့အပြစ်တွေ အတွက်လည်း ဒီမွန်မြတ်တဲ့ အလုပ်လေးနဲ့လည်း ကျေချင်ပါတယ်တဲ့။
နောင်တရတဲ့အခါမှ ထောင်ထဲရောက်သွားတဲ့အတွက် ကျန်တဲ့အချိန်တွေမှာ အပြင်လောက
ကနေ ကောင်းမှုတွေမလုပ်ရပေမယ့်လည်း အခုလိုလူတစ် ယောက်
အသက်ရှင်နိုင်ခွင့်အကျိုးကို
လုပ်ဆောင်ပေးလိုက်ရတဲ့အတွက်လည်းအများကြီးဝမ်းသာကြောင်းနဲ့ကျေနပ်ပီတီဖြစ်ရကြောင်းပြောကြားခဲ့
ပြီး ထောင်ဒဏ်အပြစ်တွေကို ကျေနပ်တကြီးခံယူသွားခဲ့တာပဲဖြစ်ပါတယ်။
www.myanmarlatestnews.com
phothutaw
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 14, 2014
ပြစ်ဒဏ်ကျခံရတော့မယ့်အမျိုးသားရဲ့ နောက်ဆုံးအကြိမ် အမွန်မြတ်ဆုံးအလှူ
ပြစ်ဒဏ်ကျခံရတော့မယ့်အမျိုးသားရဲ့ နောက်ဆုံးအကြိမ် အမွန်မြတ်ဆုံးအလှူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 14, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 14, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment