Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 15, 2014

ဖြူဖြူကျော်သိန်းနဲ့ ကျွန်တော်က အနုပညာ မောင်နှမ သက်သက်ပါလို့ ဖြေရှင်းလိုက်တဲ့ ထက်ဘုန်းနိုင်(Jade Dragon)

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အောင်မြင်နေတဲ့ အကအဖွဲ့တွေထဲက တစ်ခုကတော့ Jade Dragon ပဲဖြစ်ပါတယ်။ သူတို့ရဲ့လူငယ် ပီပီအကကွက်ဆန်းဆန်း တီထွင်နိုင်မှု၊ တေးသီချင်းသံစဉ်နဲ့ လိုက်ဖက်ညီအောင် ကတတ်တာမျိုးတွေကြောင့်လည်း ပရိသတ်အားပေး ကြိုက်နှစ်သက်မှုကို အချိန်အတိုအတွင်းမှာ ရရှိအောင်မြင်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ Jade Dragon အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တဲ့ မော်ဒယ်လ် ထက်ဘုန်းနိုင်ဟာဆိုရင်မြူးဇစ်ဘက်မှာပါ သူ့အနုပညာကို ကြိုးစားပုံဖော်ဖို့ ကြိုးစားလာသူ ဖြစ်တာကြောင့် သူနဲ့တွေ့ဆုံခိုက် သူနဲ့ပတ်သက်ပြီး ခုလတ်တလော ထွက်ရှိနေတဲ့ ဖြူဖြူကျော်သိန်းနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းအကြောင်း နဲ့ အနုပညာလှုပ်ရှားမှုအကြောင်းကို မေးကြည့်လိုက်တဲ့အခါ “မဖြူ(ဖြူဖြူကျော်သိန်း) နဲ့က သူ့ရဲ့သီချင်းတွေ တော်တော်များများမှာ ပါဝင် လှုပ်ရှားဖြစ်ပါတယ်။ မဖြူနဲ့ အတူ အလုပ်တွဲလုပ် နေကျဆိုတော့ သူနဲ့အလုပ်လုပ်ရတာ အဆင်ပြေတယ်။ အလုပ်လုပ်နေတာပဲရှိပါတယ်။ တစ်ခြား ဘာမှမရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကို အခုလိုမြင်ကြတာဟာ အတွဲများလို့ဖြစ်မှာပါ။ ကျွန်တော်နဲ့ မဖြူနဲ့က အနုပညာ မောင်နှမ သက်သက်ပါပဲ”လို့ သူက ပြောပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ တီဗီကြော်ငြာတွေ၊ MTVရိုက်တွေ ရိုက်ပေးဖြစ်တယ်လို့ ဆိုတဲ့ သူက အခြားသောအနုပညာလှုပ်ရှားမှုတစ်ခုအကြောင်းကိုလည်း ခုလို ဖွင့်ဟသွားပါတယ်။ “ကျွန်တော့်ရဲ့ solo album လေး ထုတ်နိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့Solo Album ကတော့ အဓိကအကနဲ့ သွားမှာပေါ့။ လူငယ်ဆန်တဲ့ ပုံစံပါပဲ။ အခုနောက်ပိုင်း ဒီအခွေလေးကို သေချာလုပ်ချင်တာကြောင့် အကဘက်ကိုတောင် နည်းနည်းလျှော့ထားပါတယ်”တဲ့။

Trend Myanmar

No comments:

Post a Comment