Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 17, 2014

ရှယ်လီကေသာ

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ ဟာသနဲ့ရောပြီး ရိုက် ကူးထားတဲ့ မကောင်းမှုပညာပေး ဇာတ်ကားအကြောင်း ညွှန်းပေး လိုက်ပါတယ်။ ဇာတ်ကားလေးရဲ့ နာမည်က‘ရှယ်လီကေသာ’ ပါ။
နောင်နောင်နဲ့ မေဦးတို့က လက်ထပ်ပြီး ဟန်းနီးမွန်း ခရီး ထွက်လာရင်း သူတို့ရဲ့ ဘကြီးဦး ကောနေတဲ့ သောကမြိုင် ချောင် ကို ရောက်လာခဲ့ပါတယ်။ ဦးကော က သာသနာပြုဆရာတော်ကြီး တစ်ပါးဆီမှာ တပည့်ခံယောဂီ ၀တ်ပြီးနေသူတစ်ဦးပါ။
ဦးကောဆီကိုလာတဲ့ လမ်း မှာ နောင်နောင်နဲ့ မေဦးတို့ဟာသရဲညီအစ်မ ကေသာတို့ရဲ့ ခြောက်လှန့် တာကို ခံခဲ့ရပါတယ်။ ဦးကောဆီကို ရောက်ပြန်တော့လည်း ဦး ကောကိုယ်တိုင် အဲဒီသရဲမ နှစ် ယောက် ခြောက်လှန့်လို့ ဖျားနေတာကို တွေ့ရပါတယ်။ သရဲ ခြောက်တာတွေ ကြုံနေရတာ ကြောင့် ဦးကော ဒီနေရာကနေ ထွက်သွားချင်ပေမယ့် သူကိုးကွယ် တဲ့ ဆရာတော်ကြီး ပျံလွန်တော် မူသွားတာကြောင့် လက်လွှဲယူမယ့် ဆရာတော်တစ်ပါးရောက်မှ ဒီနေရာက ထွက်သွားလို့ရမှာပါ။
ဒါပေမဲ့ နောင်နောင်ကတော့ အဲဒီသရဲမတွေအကြောင်းကို စိတ်ဝင်စားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင် သရဲ ၀တ္ထုရေးဖို့ စိတ်ဝင်စားနေလို့ပါ။ အဲဒီမှာ သူတို့နဲ့အတူနေတဲ့သူတွေ ပြောပြတာကြောင့် သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ ရှယ်လီကေသာ ညီအစ်မအကြောင်းကို သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ရှယ်လီကေသာတို့ဟာ မိဘမဲ့ကလေးတွေဖြစ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးက သနားပြီး မွေးစားခဲ့တာပါ။ တစ်ရက်မှာတော့ ကေသာဟာ ရောဂါဆန်းတစ်ခုကို ခံစားရပြီး ခေါင်းမှာရှိတဲ့ ဆံပင် တွေအကုန်လုံး ကျွတ်သွားခဲ့ပါတယ်။ ရောဂါပျောက်ဖို့ တောက်တဲ့ရဲ့ အသည်းနှလုံးနဲ့ ကုရမယ်လို့ ဆေးဆရာက ညွှန်ကြားခဲ့ပေမယ့် ဆရာတော်ကြီးက တောက်တဲ့တွေကို ဖမ်းခွင့်၊ သတ်ခွင့်မပေးတာကြောင့် ရှယ်လီဟေသာတို့ ညီအစ်မတွေစိတ်ဆိုးပြီး ကျောက်တောင်ပေါ်သွားထိုင်နေခဲ့ပါတယ်။ အဲဒီအချိန် မိုင်းခွဲတာနဲ့ကြုံတာကြောင့် ရှယ်လီကေသာ ညီအစ်မနှစ်ယောက်လုံး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်ကစ လို့ ရှယ်လီဟေသာ ညီအစ်မက သူတို့သေရတာကို မကျေနပ်လို့ သရဲအဖြစ်နဲ့ ခြောက်လှန့်နေတာလို့ သိခဲ့ရပါတယ်။
တကယ်ပဲ ရှယ်လီကေသာ ညီအစ်မက မကျွတ်မလွတ်တဲ့ဘ၀နဲ့ လူတွေကို ခြောက်လှန့်နေ တာလား။ အဲဒီကိစ္စတွေ ဘာကြောင့်ဖြစ်နေရတာလဲဆိုတာကို တော့ လာဗင်ဒါထုတ်လုပ်ရေးကနေ စက်တင်ဘာ ၁၅ ရက်မှာ စတင်ဖြန့်ချိမယ့် ရှယ်လီကေသာဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက် ရှုစားပေးပါ။ ဒီဇာတ်ကားမှာ နောင်နောင် အဖြစ် နေထိုး၊ မေဦးအဖြစ် အိချောပိုတို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဟော့လိုင်းရဲ့ ဇာတ်လမ်းကို နေစိုးသော် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာညီညီထွန်းလွင်က ရိုက်ကူးပုံဖော်ထားပါတယ်။         ။

Source : 7daydaily.com
Part_2

No comments:

Post a Comment