Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 17, 2014

နဖူးပေါ်မျက်လုံးပါလာခဲ့သော နွားကလေး ကျော်ကြားနေ

အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu မှ Kolathur ရွာကလေးတွင် မွေးဖွားလာခဲ့သော နွားကလေး၏ နဖူးပေါ်၌ တတိယမျက်လုံး ပါလာခဲ့ရာ ထိုနွားကလေးအား လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။
third eye

ထိုနွားကလေး၏ပိုင်ရှင် Rajesh က ထိုနွားကလေးဟာ ၎င်းတို့ရွာ ကံကောင်းစေဖို့ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုနွားကလေးအား လာရောက် ကြည့်ရှုသူများဟာ ထိုရွာအနီးဝန်းကျင်ရှိ ပြည်နယ်များကလည်း ပါဝင်သည်ဟု သိရသည်။
ဟိန္ဒူဘာသာအား ကိုးကွယ်ကြသော ထိုရွာသူရွာသားများက ၎င်းတို့၏ Shiva ဘုရားဟာ ထိုနွားကလေး၌ တပြန် ဖြစ်တည်သည်ဟု ဆိုကာ လာရောက် ဆုတောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟိန္ဒူဘာသာအရ Shiva ဘုရားဟာ ၎င်းသည်းမခံနိုင်ပါက နဖူးပေါ်ရှိ ၎င်း၏ တတိယမျက်လုံးကို ဖွင့်ကာ မီးတောက်များ ထုတ်လွှတ်ပြီး ပြာကျစေသည်ဟု သိရသည်။
Shiva ဘုရား၏ တတိယမျက်လုံးဟာ မီးတောက် ထုတ်လွှတ်နိုင်သည်ဟု ယုံကြည်ကြောင်းလည်း သိရသည်။
နွားပေါက်ကလေးကတော့ ဘာမှမသိရှာဘဲ မိခင်နွားမကြီး၏ နို့ကို သောက်စို့ရင်း ၊ သခင်၏ လက်အတွင်း၌ ရှိရင်းနေကြောင်း သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment