Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 23, 2014

မြန်မာနိုင်ပေမယ့် ဦးရဲထွဋ်က မပျော်နိုင်ပါဘူးတဲ့

ပြန်ကြားရေးဝန်ကြီးဖြစ်လာသူ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က မနေ့ညက ကစားတဲ့ ဘောလုံးပြိုင်ပွဲ မှာ မြန်မာအသင်း ( U-19)   က ဗီယက်နမ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ဘရူးနိုင်းဘုရင့်ဆုဖလား ဆွတ်ခူးရသွားခဲ့ပေမယ့် မပျော်နိုင်ခဲ့ပါဘူးတဲ့။ 


သူ ဘာကြောင့်မပျော်နိုင်တာလဲ..... 

ဒီအကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးထားတာက .....


 မြန်မာနိုင်ပေမယ့် မပျော်နိုင်ပါ 

၂၀၁၄ခုနှစ် ဘရူနိုင်းဘုရင့်ဖလား အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းမှ ဗီယက်နမ် ယူ-၂၁ အမျိုးသားလက်ရွေးစင်အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့ပါပြီ။ 

ဒီပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တဲ့အတွက် ပြည်သူတွေကြည့်ခဲ့ ရပြီး အောင်ပွဲရလို့  ပျော်နေချိန်မှာ ကျွန်တော်ကတော့ မပျော်နိုင် ပါဘူး။ ပျော်ဖို့ထက် ရှက်တဲ့စိတ်ကပိုနေပါတယ်။ 

ဘာ့ကြောင့်လဲ ကျွန်တော်က ည ခုနှစ်နာရီခွဲမှာ နိုင်ငံခြားသံတမန်အဖွဲ့အစည်းတစ်ခုရဲ့ ညစာစားပွဲကို တက်နေရလို့ ဘောလုံးပွဲကို ကြည့်ခွင့်မရပဲ ဂိုးရလဒ်ကို သာ ဖုန်း မက်ဆေ့ခ်ျကနေ သိနေ ရပါတယ်။ 

 မြန်မာအသင်းအနိုင်ရသွားချိန်မှာ ကျွန်တော် အပြင်ထွက်ပြီး မြန်မာနိုင်သွားပြီ၊အစဉ် အဆက် ဖွင့်ခဲ့တဲ့ မြန်မာနိုင်ပြီ သီချင်းဖွင့်မှာလားလို့ မေးတဲ့အခါ မြန်မာ့အသံမှာ ဘယ်သူ မှာ အဲဒီသီချင်းကို ပြင် မထားပါဘူး။ 

နောက်ဆုံး ပြီးခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲမှာ သားစိုးဆိုထားတဲ့ သီချင်းကိုပဲလွှင့်ခဲ့ရပါတယ်။ 

ကျွန်တော်တို့ရဲ့ ဂန္တ၀င် သီချင်းကို အခုချိန်ထိ ( ည ကိုးနာရီငါးဆယ်ထိ) တွေ့မတွေ့ ကျွန်တော့်ကို သတင်းမပို့နိုင်သေးပါဘူး။ 

တကယ်တော့ ၀န်ကြီးရုံးက ဘောလုံးပွဲကို လွှင့်ခွင့်ပြုခြင်း၊ သတင်း ထုတ်လွှင့်ချိန်ကို နောက်ဆုတ်ခြင်းဆိုတဲ့ မူဝါဒဆိုင်ရာကိစ္စတွေကိုသာ ဆုံးဖြတ်ပေးတာပါ။ 

မိမိထုတ်လွှင့် တဲ့ အစီအစဉ်များရဲ့ တင်ဆက်မှုအရည်အသွေးက ဌာနကတာဝန်ရှိသူတွေဆုံးဖြတ်ရမှာပါ။ 
 အစိုးရသစ်လက်ထက်မှာ အဲဒီလိုလုပ်ခွင့်ကို ပေးအပ်ထားပြီးလည်းဖြစ်ပါတယ်။ 

 ဒါပေမယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ညွှန်ကြားရေးမှူးချုပ်ကနေ ဘောလုံးပွဲ ထုတ်လွှင့်ခြင်းကို တာဝန်ယူရတဲ့ ၀န်ထမ်းအဆင့်ဆင့်မှာ တစ်ဦးတစ်ယောက်က တောင်မှ မြန်မာ အသင်းနိုင်ခဲ့ ရင် ပြည်သူတွေဘယ်သီချင်းကို ကြားချင်မလဲဆိုတာ ထည့်မတွေးခဲ့ တာ အင်မတန် ၀မ်းနည်းစရာ
ကောင်းတဲ့အဖြစ်ပါပဲ။ 

 နောက်ထပ် ၀မ်းနည်းစရာအဖြစ်က ဘောလုံးပွဲတစ်ခုလုံးကို မြန်မာဘာသာနဲ့ ပြောကြား နိုင်ဖို့ မလုပ်ခဲ့ တာပဲဖြစ်ပါတယ်။ တကယ်တော့ လုပ်မယ်ဆိုရင် လုပ်လို့ရတဲ့အခြေအနေ မှာရှိပါတယ်။ 

မြန်မာအသံနှင့် ရုပ်မြင်သံကြားရဲ့ အားနည်းချက်ဟာ အောင်ပွဲကို ဆာလောင်နေတဲ့ ပြည်သူများ၊ အောင်ပွဲ ကို ရယူပေးခဲ့တဲ့ အားကစားသမားများ၊အောင်ပွဲခံနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ ၀န်ကြီးဌာနနဲ့အဖွဲ့ချုပ်က တာဝန်ရှိသူများကို အလေး မထား ရာရောက်တဲ့အတွက် ဒီဌာနကို တာဝန်ခံရတဲ့ ကျွန်တော်က တောင်းပန် အပ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ပေမယ့် မပျော်နိုင်ဘူးလို့ ပြောတာပါ။ 



  • ဧရာဝတီ Facebook / ဧရာဝတီ Twitter
  • ဦးရဲထွဋ်ရဲ့ နောက်ဆက်တွဲ တောင်းပန်မှု

     
  • မန်မာအသင်း ဘရူးနိုင်းဘုရင့်ဖလား အနိုင်ရတာကို မပျော်နိုင်ဘူးလို့ ပြောဆိုခဲ့ပြီးနောက် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ရဲ့ နောက်ဆက်တွဲ တောင်းပန်မှုပါ။ ပွင့်လင်းမြင်သာမှုရှိဖို့ ဝန်ထမ်းအချင်းချင်း ဖုံးဖိထားတဲ့ စနစ်ဟောင်း က ရုန်းထွက်ဖို့ အတိအလင်းပြောဆိုထားတဲ့ မှတ်ချက်တွေ ပါဝင်ပါတယ်။ 


    ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ အခုလို နောက်ဆက်တွဲ ပြောဆိုရှင်းလင်းချက်တွေ ရေးထားပါတယ်။  

    ကျွန်တော့်ပို့စ်အောက်မှာ Jules Win နဲ့အချို့သူတွေက တောင်းပန်ရင် ရပြီ၊ ၀န်ထမ်းများရဲ့ အားနည်းချက် ကို ထောက်မပြသင့်ဘူး။ အဲဒီလို ထောက်ပြခြင်းအားဖြင့် ကျန်တဲ့ ဝေဖန်သူများကို အားပေးသလိုဖြစ်လိမ့် မယ်လို့ ရေးထားတာ တွေ့ရပါတယ်။ အဲဒီအယူအဆကို ကျွန်တော်လက်မခံပါဘူး။ 

    ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာကထဲက ကိုယ့်ဌာနတွင်းကိစ္စများ၊ အထူးသဖြင့် မှားယွင်းမှုများကို အချင်းချင်း ဖုံးဖိထားကြ၊ အရေးယူရရင်တောင် ကြိတ်ပြီးလုပ်ခဲ့ကြတဲ့ အတွက် တစ်ခါတစ်လေ ပြည်သူ မပြောနဲ့၊ ဌာနအကြီးအကဲတောင်မသိလိုက်တာ ရှိပါတယ်။ 

    အဲဒီလို လုပ်ခဲ့တဲ့အတွက် နိုင်ငံဝန်ထမ်းများဟာ တာဝန်ခံမှုရဲ့ သဘောတရား ကို နားမလည်တော့ပါဘူး။ မိမိ ချို့ယွင်းအားနည်းချက်များအတွက် တောင်းပန်ဖို့ နေသာ သာ ဌာနကို လာရောက် ဆက်သွယ်လုပ်ကိုင် တဲ့ ပြည်သူကို မဖြစ်မနေ ပေးရမယ့်ဝန်ဆောင်မှုကိုတောင် ငါပေးမှ ဒင်းတို့ ရမှာ ဆိုတဲ့ စိတ်ဝင်လာ ပါတယ်။ 

    ဒါဟာ အောက်ဆုံး ညစောင့်ဝန်ထမ်းကနေ ဌာနကြီးတစ်ခုလုံးကို တာဝန်ခံရတဲ့ ထိပ်ဆုံးအဆင့်ထိ ၀န်ထမ်း အများစုရဲ့ မသိစိတ်မှာ စွဲဝင်နေခဲ့တာဖြစ်ပါတယ်။

     နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု မှာ ပြည်သူဗဟိုပြုမူဝါဒ၊ ဗဟိုချုပ်ကိုင်မှု
    လျှော့ရေးဆိုတာ အဲဒီအခြေအနေကို ပြောင်းလဲ ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ 

    ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးဟာ ပွင့်လင်း မြင်သာ မှုနဲ့ ဝေဖန်ရေး၊ မိမိကိုယ်မိမိဝေဖန်ရေးကို မဖြစ်မနေ ဆောင်ရွက်ရ ပါလိမ့်မယ်။ 

    တကယ်တော့ အခုလို အမှားဝန်ခံတဲ့စာကို ၀န်ကြီးက ရေးရမှာ မဟုတ်ပါ ဘူး။ သက်ဆိုင်ရာဌာနက သူဝန်ဆောင်မှုပေးရတဲ့ ပြည်သူကို တောင်းပန်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ထံက ဆင်ခြေတွေပဲ ကြားနေရလို့ ကျွန်တော် ကိုယ်တိုင် ၀င်တောင်းပန်ခဲ့ရတာပါ။  


  • ဧရာဝတီ Facebook / ဧရာဝတီ Twitter
  •  

No comments:

Post a Comment