Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 24, 2014

ဝေဖန်မှုများကြားက အောင်မြင်စွာ ကျင်းပခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲ

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် ဖျော်ဖြေပွဲတွင် ဖျော်ဖြေနေသည့် ချမ်းချမ်း ( ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) )
Byဇွဲဉာဏ်
ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်းအားဖြင့် ဆယ်နှစ်တာ ဖျော်ဖြေပွဲမှာ ဝေဖန်မှုများကြားက ပင် ပရိသတ်အားပေးမှုကြောင့်  အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
ဖျော်ဖြေပွဲသို့ ပရိသတ်များ ခန်းလုံးပြည့် လာရောက်အားပေးခဲ့ကြပြီး ဖျော်ဖြေသည့် သီချင်း အားလုံးနီးပါးကို လိုက်ပါ သီဆိုခဲ့ကြသည်။ ဖျော်ဖြေပွဲကို ညနေ ၆နာရီကျော်အချိန်တွင် အိုင်းရင်းခရော့စ်အဖွဲ့၏ ဖျော်ဖြေမှုနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး မျိုးကြီး၊ လေး ဖြူ၊ ၀ိုင်ဝိုင်း၊ အငဲတို့က သီချင်း တစ်ပုဒ်စီဖြင့် ဖျော်ဖြေခဲ့ကြသည်။
အိုင်းရင်းခရော့စ်တီးဝိုင်းနှင့် ဒေးဗစ်ခွန်နောင်က နာရီပေါ်က မျက်ရည်စက်များသီချင်းကို ဆက်လက်ဖျော်ဖြေနှုတ်ဆက်ခဲ့သည်။ ထို့နောက် The Tree တီးဝိုင်းနှင့် အတူ အဆိုတော်များက ဆက်လက်ဖျော်ဖြေခဲ့ကြသည်။
ဖျော်ဖြေပွဲတွင် ထူးအိမ်သင် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သော အချိန်ကတည်းက လက်တွဲခဲ့သည့် The Aces တီးဝိုင်းနှင့် အတူ ထူးအိမ်သင်၏ ညီဖြစ်သူက ‘ညီလေးရေ’သီချင်းဖြင့် သီဆိုခဲ့သလို သမီးငယ် မိကွန်ထောကလည်း ဖခင်၏သီချင်းနှစ်ပုဒ်ဖြင့်ဖျော်ဖြေ ခဲ့သည်။ ပရိသတ်ထဲတွင် အားပေး နေသော ထူးအိမ်သင်၏ မိခင်ဒေါ်မြရင်ကလည်း သီချင်းများကို လိုက်ပါသီဆိုပြီး အားပေးခဲ့သည်ကိုတွေ့ရသည်။
ဖျော်ဖြေပွဲတွင်ပါဝင်သော လူငယ်အဆိုတော်အချို့ကြောင့် ထူးအိမ်သင်၏သီချင်းများ ပျက်မည်စိုးသည်ဟု ဝေဖန်ခဲ့ကြသော်လည်း လူငယ်အဆိုတော်များ၏ ဖျော်ဖြေသီဆိုမှုများကို ပရိသတ် များ၏ လိုက်ပါသီဆိုအားပေးမှုရရှိခဲ့သည်။ ဖျော်ဖြေပွဲတွင် အစီအစဉ်တစ်ခုအနေဖြင့် သရုပ်ဆောင်လူမင်းကလည်း ၎င်းနှင့်အတူလက်တွဲဖူးခဲ့သည့် ကျန်စစ်မင်း ဇာတ်ကားတွင် ပါဝင်သော သီချင်းနှင့် ပတ်သက်၍ အမှတ်တရစကား ပြောကြားခဲ့ပြီး  ထူးအိမ်သင်နှင့် ပတ်သက်၍ အမှတ်တရစကားများပြောကြားခဲ့ရာ ပရိသတ် လက်ခုပ်သံများရရှိခဲ့သည်။
နောက်ဆုံးအစီအစဉ်အနေ ဖြင့် ထူးအိမ်သင်၏ သီချင်းနှစ်ပုဒ်ကို စုပေါင်းသီဆို၍ ပွဲကိုအောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။
အကြင်နာအိပ်မက်နှင့် ချစ်တိုင်းလည်းမညား သီချင်းနှစ်ပုဒ်ကို ထူးအိမ်သင်ပွဲပြီးဆုံးခါနီးတွင် သီဆိုနေသည့် ရုပ်သံဖိုင်ကို ဖွင့်လှစ်ပြသခဲ့ရာ ပရိသတ်များ အထူးအားပေးခဲ့ကြသည်။ အချို့အဆိုတော်များ၏ သီဆိုမှုကို အားပေးလက်ခံခဲ့ကြသော်လည်း အဆိုတော်အချို့၏ သီဆိုမှုများကို အားမလိုအားမရ ဝေဖန်ခဲ့ကြသည်။
ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲကို ကြည့်ရှုလိုသည့်ပရိသတ် အထူးပင် များပြားခဲ့သည့်အတွက် သတ်မှတ်ထားသော လက်မှတ် အရေအတွက် ထပ်ထိုး ရောင်းချပေးခဲ့ရသလို မူလကအစီအစဉ်မရှိသော်လည်း အခပေး ရုပ်သံလိုင်း 4HD မှ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပြီး အွန်လိုင်းမှလည်း တိုက်ရိုက်ကြည့်ရှုသူ အထူးပင်များပြားခဲ့သည်။
7Day Daily
ထူးအိမ်သင်ဂီတပွဲတော်မှသီချင်းများနားဆင်ရန် လင့်များ
ထူးအိမ်သင်ဂီတပွဲတော်
credit: Saw Ris
--------------------------------------------
ထူးအိမ်သင်ဂီတပွဲတော် _ သျှီ (ဗင်းဆင့်ဗန်ဂိုးတမ်းချင်း) 
https://www.youtube.com/watch?v=--5haIOCQPk
ထူးအိမ်သင်ဂီတပွဲတော် _သက်ငြိမ်(ကျားပေါက်) 
https://www.youtube.com/watch?v=SAB6wgKVHmA
ထူးအိမ်သင်ဂီတပွဲတော် _ချမ်းချမ်း 
https://www.youtube.com/watch?v=WOeNpKQUMX0
ထူးအိမ်သင်ဂီတပွဲတော် _ လေးဖြူ 
https://www.youtube.com/watch?v=nXvy2rklAYs
ထူးအိမ်သင်ဂီတပွဲတော်_ မျိုးကြီး 
https://www.youtube.com/watch?v=yDxMbpfC3sI
ထူးအိမ်သင်ဂီတပွဲတော် _ ဂျီလတ်၊စိုင်းစိုင်းခမ်းလှိုင် 
https://www.youtube.com/watch?v=hfCTwYDdlrc
ထူးအိမ်သင်ဂီတပွဲတော် _ ကိုအောင် 
https://www.youtube.com/watch?v=s4dnZNUr7z0
ထူးအိမ်သင်ဂီတပွဲတော် _ ရေမွန် 
https://www.youtube.com/watch?v=QEib6DBuoKM
ထူးအိမ်သင်ဂီတပွဲတော်_ဘိုဖြူ 
https://www.youtube.com/watch?v=kWLkEjEjGqo
ထူးအိမ်သင်ဂီတပွဲတော်_အိမ့်ချစ် 
https://www.youtube.com/watch?v=-szd958EZcY
ထူးအိမ်သင်ဂီတပွဲတော် _ မိကွန်ထော 
https://www.youtube.com/watch?v=9uC7eBbVjaE
ထူးအိမ်သင်ဂီတပွဲတော် _ အိုင်ရင်းဇင်မာမြင့် 
https://www.youtube.com/watch?v=ffDyviUndX0
ထူးအိမ်သင်ဂီတပွဲတော်_ရေဘက်ကာဝင်း 
https://www.youtube.com/watch?v=3epuNFB09aM
ထူးအိမ်သင်ဂီတပွဲတော် _ ဇော်ပိုင် 
https://www.youtube.com/watch?v=LHRql10lS2s
ထူးအိမ်သင်ဂီတပွဲတော် _ လူမင်း 
https://www.youtube.com/watch?v=dtl05TFw7NI
ထူးအိမ်သင်ဂီတပွဲတော် _ ဆုန်သင်းပါ 
https://www.youtube.com/watch?v=bXSvKbj4CS4
ထူးအိမ်သင်ဂီတပွဲတော် _ R ဇာနည် 
https://www.youtube.com/watch?v=aNjVKWsMMCw
ထူးအိမ်သင်ဂီတပွဲတော် _ ဆုန်သင်းပါ၊ဇော်ပိုင် 
https://www.youtube.com/watch?v=sJgqq4CbaM4
ထူးအိမ်သင်ဂီတပွဲတော် _ဇော်ဝင်းထွဋ် 
https://www.youtube.com/watch?v=yMzhkNDjAmU

 ထူးအိမ်သင်ဂီတပွဲတော် _ဇော်ဝင်းထွဋ် -မေမေ
https://www.youtube.com/watch?v=R_Sx__HiDJY
ထူးအိမ်သင်ဂီတပွဲတော် _ တာရာ 
https://www.youtube.com/watch?v=tDjRVafh3do
ထူးအိမ်သင်ဂီတပွဲတော် _ ဂျေမောင်မောင် 
https://www.youtube.com/watch?v=8nwY74MLcRw
ထူးအိမ်သင်ဂီတပွဲတော် _ အယ်လွန်းဝါ 
https://www.youtube.com/watch?v=RAxu18BoChw
ထူးအိမ်သင်ဂီတပွဲတော် _ အယ်လွန်းဝါ 
https://www.youtube.com/watch?v=XgnrP0hoT20
ထူးအိမ်သင်ဂီတပွဲတော် _ နီနီခင်ဇော် 
https://www.youtube.com/watch?v=c9XTd0mQzD4
ထူးအိမ်သင်ဂီတပွဲတော်_ ဖြူဖြူကျော်သိန်း 
https://www.youtube.com/watch?v=S3IdQJ6lPr0
ထူးအိမ်သင်ဂီတပွဲတော် _ စည်သူလွင် 
https://www.youtube.com/watch?v=Gsq0kQgOCEo

No comments:

Post a Comment