ရတနာခင်က တတိယမြောက် ရင်သွေးလေး လွယ်ထား ရပြီဖြစ်ပြီး ကိုယ်ဝန် ၆လ
ရှိနေပြီ ဖြစ်ကာ အာထရာဆောင်း ရိုက်ကြည့်တဲ့ အခါ မှာတော့ ယောက်ျားလေး
ဖြစ်ကြောင်း သိရတဲ့ အတွက် မကြာမီ သား သုံးယောက် မိခင်ဖြစ်တော့မယ့်
မိခင်လောင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ကို ဒေါက်တာမေ သူမျိုး ညွန့်နဲ့
အပ်ထားပြီး ပန်းလှိုင် ဆေးရုံ မှာ နိုဝင်ဘာလကုန် မွေးဖွားဖို့
ဂျူးဒိတ်ပေးထား ကြောင်း သိရပါတယ်။ သားသုံးယောက် မိခင်ဖြစ်တော့မယ့် ရတနာခင်က
“ဒီကိုယ်ဝန် က အမှတ် မထင်ပဲ ရှိသွားတာပေါ့။ ကျွန်မက အစ ကတည်းက နှစ်ယောက်ပဲ
မွေးဖို့ စိတ်ကူးထားတာ။ သူများတွေ ကတော့ ဒုတိယ ကလေးမှာ ကတည်းက သမီး ရအောင်
ဆေးပညာနဲ့ လုပ်လို့ ရတယ်လို့ပြောကြတယ်။ ဒုတိယကလေး တုန်းကလည်း ဘုရားပေးတဲ့
ဟာပဲဆိုပြီး ယူလိုက် တယ်။ အခုလည်း မမျှော်လင့်ဘဲ ရသွား တာ ဆိုတော့ ဘုရားက
သားပဲပေးတယ် ထင်ပါတယ်။ သား ဆိုတော့လည်း ကောင်းပါတယ်။ သား ပဲဖြစ်ဖြစ်
သမီးပဲဖြစ်ဖြစ် မိဘကံပါပဲ။ သားသမီး ကံရှိတဲ့ သူက ကံကောင်း မယ်။ သားသမီး
ကံမရှိတဲ့ သူက ကံမကောင်းဘူး။ သမီးမွေးပြီး တော့ အနားမှာ အဖော်မရတဲ့ သမီးတွေ
ရှိသလို၊ သားမွေးပြီး တချို့တွေ လည်း အဖော်ရတဲ့ သားတွေ ရှိတယ်။ ကျွန်မ
ကတော့ အမေနဲ့လည်း လက်ပွန်းတတီး အမြဲတမ်းနေ လာ တော့ တိုင်တိုင်ပင်ပင် နဲ့
အခုချိန် ထိတောင်နေ လာတာ ဆိုတော့ သမီးလေး တစ်ယောက်တော့ လိုချင်တာပေါ့။
သားတွေက ငယ်တုန်းပဲလေ။ ကြီးလာရင်အမေ့နား ကပ်မှာ မဟုတ်ဘူး”လို့သမီးလေး
လိုချင်ကြောင်း ပြောပါတယ်။
ရတနာခင်ရဲ့သား အကြီးဆုံး ဇွဲဦးထက် က ၈နှစ်ရှိပြီ ဖြစ်ပြီး သား ငယ်
ထွဋ်မြတ်ဦး က ၁နှစ်နဲ့ ၃လရှိပြီ ဖြစ်ကြောင်း ကိုလည်း “ဒီတစ်ခေါက်တော့
နည်းနည်း ပင်ပန်း တာပေါ့။ အရှေ့မှာက ကလေး၂ယောက်လေ။ အကြီးလေး က ၈နှစ်
ဆိုတော့ နည်းနည်း လက်လွှတ် ရပေမယ့် ကျောင်း နဲ့ကျူရှင်နဲ့ အငယ်လေးက အခုမှ
၁နှစ်နဲ့၃လ ရှိသေးတာ ဆိုတော့သူ့ အတွက်လည်း လုပ်ရသေးတယ်။ သနားပါတယ်။
အခုဆိုရင် သူ့ကို ချီလို့မရဘူးလေ။ ကလေးက အချီခံချင် တယ်ဆိုရင် ထိုင်ပြီးပဲ
ချီလို့ရတယ်။ မတ်တတ် ချီရင် သူ့ဝိတ်က မချီနိုင်တော့ဘူး”လို့ ပြောပါတယ်။
ခိုင်ဝေလွင်
popular journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 23, 2014
သား ၃ယောက် မိခင်ဖြစ်တော့မယ့် ရတနာခင်
သား ၃ယောက် မိခင်ဖြစ်တော့မယ့် ရတနာခင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 23, 2014
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh35bwL6VqUhlhn9Ak6A8Z1xMq9jV8kBr0iKlgPAROTjhFrrSsyAiiX9hyphenhyphen31_b3mUbgrbqTc068NdGPFcw5Q1fsawgXjFSiE-ex2VWlmkJVhES0PQ9R0MXTPRzItiX6icp-yIv1PSSGyZI/s72-c/201.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment