CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 30, 2014
တန်ဖိုးတက်လာမည့် မြေများ မရောင်းနှင့်ဟု လယ်သမားများအား ဒေါ်စုတိုက်တွန်း
တောင်သူလယ်သမားများ ပိုင်ဆိုင်ထားသည့်မြေများမှာ အနာဂတ်တွင် ပိုမိုဈေးတတ်လာမည်ဖြစ်သဖြင့် ရောင်းချခြင်းများမပြုကြရန် ကော့မှူးမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ)က ကော့မှူးမြို့နယ်ရှိတောင်သူလယ်သမားများကို သတိပေးြေ ပာဆိုလိုက်သည်။
ပုံစာ- ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ကသူ၏ မဲဆန္ဒနယ်ရှိ တောင်သူလယ်သမားများနှင့် သြဂုတ်လ၃၀ရက် က တွေ့ဆုံဆွေးနွေးခဲ့စဉ်။
(ဓာတ်ပုံ- ဘိုဘို၊မဇ္ဈိမ)
“ကျွန်မတို့ ကမ္ဘာကြီးက ဘယ်လိုမှ ပိုပြီးကျယ်လာမှာမဟုတ်ဘူး၊ မြေတွေကပိုများလာမှာ မဟုတ်ဘူး၊ ဒီလောက်ပဲရှိမယ်၊ ဒါ့ကြောင့်သေသေချာချာစဉ်းစားပါ၊ ကျွန်မကတော့တောင်သူလယ်သမားတွေကို မရောင်းစေချင်ဘူး” ဟု ပြောသည်။
တောင်သူလယ်သမားများအတွက် မြေမှာ အရေးကြီးဆုံး ဖြစ်ပြီး မြေရှိမှာသာလျှင်ကျန်သည့်ကိစ္စရပ်များအား ဆောင်ရွက်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
ကြွေးမှီကိစ္စများ၊ အခြားကိစ္စရပ်များ ရင်ဆိုင်နေရပါက တစ်ဦးချင်းလာရောက်တိုင်ပင် ပြောဆိုခြင်းများ ပြုလုပ်ပေးရန် နှင့် မဖြစ်မနေလယ်ယာမြေများ အား ရောင်းချရမည်ဆိုပါကNLD သို့ ဦးစွာ တိုင်ပင်ပြောဆိုခြင်း ပြုလုပ်ရန် မေတ္တာရပ်ခံသည်ဟုလည်း ဆိုသည်။
တောင်သူလယ်သမားများအနေဖြင့် မြေများ ရောင်းချရာတွင်တရားဝင်လတ်မှတ်ရေးထိုးပြီးပါက ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ဘဲမိမိမြေအား ပြန်လိုချင် ပါက မည်သူမျှကူညီပေးနိုင်တော့မည် မဟုတ်သဖြင့် မရောင်းချမှီ အခိုင်အမာဆုံးဖြတ်စေလိုသည်ဟုလည်း ဆိုသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ အကြောင်းကြောင်းကြောင့် ကိုယ့်လယ်ကွက်ကိုမလုပ်နိုင်တော့ရင် ကျွန်မတို့နဲ့ တိုင်ပင်ပါ ၊ကျွန်မတို့ ဒေသအတွက်၊
ဖွံ့ဖြိုးရေးအတွက် ဘယ်လိုစီမံကိန်းချပြီး လုပ်နိုင်မလဲ စဉ်းစားပြီးပူးတွဲဆောင်ရွက်စေချင်တယ်”ဟု ပြောသည်။
ကော့မှူးမြို့နယ်နှင့် ရန်ကုန်မြို့ကြားရှိ တွံတေးမြို့နယ် တ၀ိုက်တွင်ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာများ ပါဝင်နေသဖြင့်
သာမာန်ပေါက်ဈေးထက်မြေဈေး ၉ ဆ မြင့်တတ်လျက်ရှိပြီး တောင်သူလယ်သမား အများစုမှာ မိမိတို့လယ်မြေများအား ရောင်းချလိုက်သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။
ရခိုင်စုရွာမှ လယ်သမားများကိုယ်စားလှယ်တစ်ဦးက “မြောင်းလုံလုံလောက်လောက်မရှိတော့ စိုက်မယ့် အကွက်ထဲ ရေဝပ်နေရင်စပါးကစိုက်မရဘူး၊ ဒီ့အပြင် ကျွန်တော်တို့ဆီရောက်လာတဲ့ ဓါတ်မြေသြဇာတွေက မစစ်ဘူး၊ အခြားအမှုန့်တွေ ရောထားတော့အလုပ်မဖြစ်ဘူး”ဟု ဆိုသည်။
လယ်သမားများမှ ဖြေရှင်းပေးရန် တင်ပြလာသည့် အချက်များမှာစိုက်ပျိုးစရိတ်ချေးငွေအား အတိုးနည်းသည့် နှုန်းထားဖြင့် ချေးနိုင်ရန် ၊မီတာကြိုးများ စနစ်တ ကျဆက်သွယ်ပေးရန်၊လယ်သမားများ ၀ယ်ယူရာတွင် မြေသြဇာ ကောင်းကောင်းရရန် ၊ကော့မှူးမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကတ္တရာလမ်းမများ
ဖောက်လုပ်ပေးရန်၊ မွေးမြူရေးတိရစ္ဆာန်များစားကျက်မြေ ပြုန်းမှု ပြဿနာ ဖြေရှင်းပေးရန်တို့ ဖြစ်သည်။
တောင်သူလယ်သမား အရေးကိစ္စများမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော်လည်းဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် မိမိတာဝန် ယူထားရသည့်ကော့မှူးမြို့နယ်ရှိ ပြဿနာများအား ဦးစားပေး ရှင်းလင်းသွားရန်တောင်သူလယ်သမားများအား ကတိပြုခဲ့သည်။
တောင်သူလယ်သမားများထံမှ တင်ပြလာသည့် အချက်များအား ကော့မှူးမြို့နယ်၊ဌာနဆိုင်ရာများတွင် တွေ့ဆုံပြောဆိုခဲ့သော်လည်းသတင်းထုတ်ပြန်ခဲ့ခြင်းမ ရှိပေ။
Mizzima
တန်ဖိုးတက်လာမည့် မြေများ မရောင်းနှင့်ဟု လယ်သမားများအား ဒေါ်စုတိုက်တွန်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 30, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 30, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment