Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 30, 2014

ငရုတ်သီးပုံထဲက ချစ်သူ




သြဂုတ်လ 29 ရက်နေ့က တရုတ်ပြည် မြောက်ပိုင်း ဟဲဘေမြို့က Dou Ziwang ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူချစ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ဦးကို ငရုတ်သီးတောင့်ပေါင်း 99,999 တောင့် အသုံးပြုပြီး နှစ်ထပ်အသည်းပုံဖေါ်ပြီး ချစ်ခွင့်ပန်ခဲ့ပါသတဲ့။

သူများတကာတွေက နှင်းဆီပန်းတွေနဲ့ Romantic ဆန်ဆန် ချစ်ခွင့်ပန်နေကြပေမဲ့ သူ့ရဲ့ချစ်ခွင့်ပန်နည်းကတော့ အဆန်းတကြယ်ပါပဲနော်။
ဒီသတင်းလေးဖတ်ကြည့်မိတော့ မနုဿ ကတော့ တွေးမိပါတယ်။ ဒီကောင်မလေး ငရုတ်သီးပုံထဲမှာ တော်တော်မွှန်နေမှာပဲလို့ 

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ခုလိုထူးထူးခြားခြား ၊ ဆန်းဆန်းပြားပြားနဲ့ ပုံဖေါ်တယ်ဆိုကတည်းက သူလည်းသူ့ချစ်သူ မိန်းကလေးကို တန်ဖိုးထားချစ်မြတ်နိုးလို့သာ ဒီလို Surprise ဖြစ်အောင် လုပ်နိုင်တာပေါ့နော်။

စပ်စပ်စုစုနဲ့ Dou Ziwang ရဲ့ အကြောင်းကို မရမက အင်တာနက်မှာ ၀င်မွှေကြည့်လိုက်တော့ ဒီအမျိုးသားက လက်ရှိ ငရုတ်သီးတွေလက်ကား ဖြန့်ချီရောင်းချနေတဲ့ စက်ရုံကြီးမှာ အလုပ်လုပ်ကိုင်နေပါသတဲ့။ ဒီတော့မှ ဘာကြောင့် ငရုတ်သီးတွေကို အသုံးချရသလဲဆိုတာ မနုဿ ကောင်းကောင်းသိပါတော့တယ်။

ဘာပဲပြောပြော လေးစားပါတယ်လို့ ။

ချစ်တဲ့... မနုဿ
www.facebook.com/manotetha
 

No comments:

Post a Comment