Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 30, 2014

သမံတလင်းကို လျှာဖြင့် လျက်ခိုင်းသော ဆရာမအား နှစ်တိုးတစ်ကြိမ် ရပ်ဆိုင်း


အတန်းထဲတွင် စကား များသော အကြောင်းပြချက်ဖြင့် စတုတ္ထတန်း ကျောင်းသားအား သမံတလင်းကိုလျှာဖြင့် လျက်ခိုင်း သော မူလတန်းပြဆရာမကို နှစ် တိုး တစ်ကြိမ်ရပ်ဆိုင်းရန် ပညာ ရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက် သည်။

‘‘၀န်ကြီးဌာနရဲ့ ဆုံးဖြတ် ချက်ပါ။ ၂ နှစ် တစ်ကြိမ်တိုးပေးတဲ့ နှစ်တိုး(ကျပ်တစ်ထောင်) မရ တော့ဘူးပေါ့။ အဲဒီအပြင် ရာထူး တိုးတဲ့နေရာမှာလည်း ထိခိုက်မှုရှိ နိုင်ပါတယ်။ လုပ်သက်လျှော့တဲ့ သဘောလည်း ပြောလို့ရပါတယ်’’ ဟု ဝေါမြို့နယ်၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

ပညာရေးဝန်ကြီးဌာန၊ စီမံ ခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးမှတ်တမ်းအရ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၊ သူရဲသမိန် ကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်းမှ မူလတန်းပြဆရာမ အား နှစ်တိုး တစ်ကြိမ် ရပ်ဆိုင်း လိုက်ခြင်းဖြစ်သည်။

အခြေခံပညာအလယ်တန်း ကျောင်း၌ အတန်းပိုင်းဆရာမ တစ်ဦးက ၂၀၁၃-၁၄ ပညာသင်နှစ်ကုန်ခါနီးတွင် ကျောင်းသားအားကျောင်းသမံတလင်းကို လျှာ ဖြင့် လျက်ခိုင်းခဲ့ကြောင်း ဖခင် တစ်ဦးက ယခုနှစ် ဇူလိုင်တွင် ပညာရေးဝန်ကြီးဌာနသို့ တိုင် ကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နောင်တွင် အလား တူကိစ္စရပ်များ ဖြစ်ပွားခြင်း မရှိ အောင် ဆရာမတစ်ဦး၏ လိုက် နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ လမ်းညွှန်ချက်များအတိုင်း လိုက် နာ နေထိုင်ပြုမူသွားမည်ဖြစ် ကြောင်း ပြစ်ဒဏ်ချမှတ်ခံရသော မူလတန်းပြဆရာမက ၀န်ခံကတိ လက်မှတ်ရေးထိုးခဲ့သည်။

စစ်ဆေးရေးအဖွဲ့စစ်ဆေး စဉ်က ကျောင်းသားအား သမံတ လင်းကို လျှာဖြင့် လျက်ခိုင်းသော ကိစ္စကို မူလတန်းပြဆရာမကငြင်းဆိုခဲ့သော်လည်း ယခုအခါနှစ်တိုး တစ်ကြိမ် ရပ်ဆိုင်းသော အမိန့်စာကို လက်ခံရရှိကြောင်း နှင့် ယင်းကဲ့သို့ကိစ္စရပ်များ ထပ်မံ မဖြစ်ပွားရန် လိုက်နာမည်ဖြစ် ကြောင်း ကတိပေးခဲ့ခြင်း ဖြစ် သည်။

ပညာရေး ၀န်ကြီးဌာနကို တိုင်ကြားခဲ့သော ကျောင်းသား ဖခင်က မူလတန်းပြဆရာမအား ချမှတ်သော ပြစ်ဒဏ်အပေါ် စိတ် ကျေနပ်မှုမရှိသောကြောင့် တရား ရုံးသို့ ဆက်လက်တင်ပြ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဆိုသည်။

‘‘ကျွန်တော့်ရှေ့နေနဲ့ တိုင် ပင်ပြီးတော့ တရားရုံးတင်ဖို့ပဲရှိ ပါတယ်။ ကလေးပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စဉ်းစား ရတော့မယ်’’ဟု ကျောင်းသား၏ ဖခင်ကပြောသည်။

မူလတန်းပြ ဆရာမအား ချမှတ်ခဲ့သော ပြစ်ဒဏ်သည် ကျောင်းသားအပေါ် ပြုမူဆောင် ရွက်ခဲ့မှုနှင့် ထိုက်တန်မှုမရှိသော ကြောင့် အလားတူ ဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်မည်ကို စိုးရိမ် ကြောင်း ကျောင်းသား၏ ဖခင်က ပြောသည်။

7day daily

No comments:

Post a Comment