CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 30, 2014
ဆေးအလွန်အကျွံသုံးသူ လူငယ်လေးတစ်ယောက် ဖြစ်ရပ်
ဗြိတိန်နိုင်ငံပိုင် Northern Ireland ပြည်နယ်က အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦး ဖြစ်ပါတယ်။ ညာဘက်က ပုံက သူကျန်းမာနေစဉ် အချိန် ဖြစ်ပါတယ်။ ဘယ်ဘက်က ပုံကတော့ ယခု ရက်ပိုင်းလေးတင် သူမသေခင်က ပုံ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ပြည့်ပြီး တစ်ပတ် အကြာမှာပဲ သေဆုံးသွားခြင်း ဖြစ်ပါတယ်။
အသက် ၁၇ နှစ် အရွယ်က စလို့ ဆေးလိပ်ကို အလွန်အကျွံ စတင်သောက်သုံး ပါတယ်။ သာမန်ဆေးလိပ်ကနေ မူးယစ်စေတဲ့ ဆေးဝါး အမျိုးမျိုး ပါဝင်တဲ့ ဆေးလိပ် အမျိုးအစားများထိ Level ပိုမြင့်လာပါတယ်။ နောက်တော့ ဆေးသမား ဘဝကို လုံးပါးပါး ရောက်ရှိသွားပါတယ်။ တက္ကသိုလ် ဒုတိယနှစ်တက်နေတဲ့ အရွယ်သာ ရှိသေးပြီး သုံးနှစ်ကျော် လေးနှစ်လောက် ဆေးစွဲလာရာ မှ ဆေးဖြတ်ဖို့ အတွက် ဆေးရုံ စတင်ပါတော့တယ်။ ဆေးရုံတက်နေတုန်း မှာ ဆေးဝါးပေါင်း မြောက်များစွာ သုံးစွဲလို့ ကုသပေးရ ပါတယ်။ ဆရာဝန် လမ်းညွန်သလို မဟုတ်ပဲ ဆေးဝါးတွေကို သောက်သုံးတဲ့နေရာမှာ အကိုက်ခဲ ပျောက်ဆေးများ အလွန်အကျွံသောက်သုံးမှု ထပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးဆွဲတဲ့ ဝေဒနာ ပျောက်စေတဲ့ ဆေးဝါးများပါ အလွန်အကျွံသောက်မိ ပါတယ်။ နေက်တော့ ခံစားမှု ပျောက်ကွယ်သွားတဲ့ ခြေတွေ၊ လက်တွေကို ဖြတ်ရတဲ့ အထိ ဖြစ်သွားပါတယ်။
သိပ်မကြာ ပါဘူး။ ဆေးရုံပေါ်မှာ ၁၂ လ သာ နေပြီး အသက်သေဆုံးသွားပါတယ်။ ညာဘက်က ပုံက သူကျန်းမာနေစဉ် ဆေးဝါး မသုံးစွဲခင် ပုံဖြစ်ပါတယ်။ ယင်းပုံ နှစ်ပုံကို အင်တာနက်ပေါ်တင်ခဲ့သူကတော့ သူ့အမေ ကိုယ်တိုင်ပါ။ နောင်လာ နောက်သား လူငယ်များ အနေနဲ့ ဆေးလိပ်နဲ့ အခြားသော မူးယစ်ဆေးဝါး သောက်သုံးမှုကြောင့် ဘယ်လို ဖြစ်လာနိုင်တယ် ဆိုတာကို ရင်နာနာ နဲ့ ပြသချင်လို့ ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့လည်း နောင်လာနောင်သား မြန်မာလူငယ်များ ယခုလို မဖြစ်စေအောင် သတိပေး အကြံပေး စေလိုပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
ဆေးအလွန်အကျွံသုံးသူ လူငယ်လေးတစ်ယောက် ဖြစ်ရပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 30, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 30, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment