Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 30, 2014

လက်တွေ.ဘ၀မှန်တွေအကြောင်းပါ

ဆေးဝါးမလုံလောက်တဲ့ ပြည်သူ.ဆေးရုံကို
အပြစ်တင်မလား ဒါမှမဟုတ် ကံတရားကိုပဲ
အပြစ်ပုံချကြမလား လက်တွေ.ဘ၀မှန်တွေအကြောင်းပါ


ယမန်နေ့ ည ၈ နာရီအချိန်တွင်ဖြစ်ပွားခဲ့သော တကယ့်အစစ်အမှန်ဇာတ်လမ်းလေး
တစ်ခုဖြစ်ပါတယ်။

ငမိုးရိပ်ရပ်ကွက် ရွှေရည်လမ်းမကြီးပေါ်၌ လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးဆီမှ လူငယ်တစ်ဦး ပိုက်ဆံအိတ်လု၍ ထွက်ပြေးသွားခဲ့သည်။

အနောက်မှသူခိုး သူခိုးဟု အော်ဟစ်အကူအညီတောင်းခံရာ လမ်းအတွင်းမှ လူငယ်နှစ်ဦး ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးခဲ့ကြသည်။

အဖမ်းခံရသူ ထိုလူငယ်မှ လက်အုပ်ချီ ၍တောင်းပန်စကားပြောကြားခဲ့သည်။

ထိုလူငယ် မှ တုန်လှုပ်ခြောက်ခြားနေသည် ကို သတိထားမိကြသည်။ဖြစ်စဉ်တစ်ခုခုရှိနေပြီဆိုတာ သိရှိလိုက်ရသည့် အတွက်လမ်းမိသားစုမှ စံပြဆေးရုံသို့  လိုက်ပါသွားခဲ့ပြီး ဖြစ်စဉ် အမှန်ကို သိရှိလာခဲ့ရသည်။

မိမိအနေဖြင့် ဆေးရုံမှပြန်လာသူများ၏ ပြောပြချက်ကို
ဘေးမှနားထောင်ရင် စိတ်ထဲမကောင်း ဖြစ်ခဲ့ရပါသည်။တကယ့်စိတ်မကောင်းစရာပါ။

မိမိအနေဖြင့် လူငယ်လေး၏ ဖခင်စိတ်ထားရှိပုံကို လွန်စွာမှ လေးစားခဲ့ပါသည်။

ချက်ခြင်းပင် ဆေးရုံသို့  သွားရောက်ရန်ဆုံးဖြတ်ခဲ့ပြီး မိမိတတ်နိုင်သော အဝတ်အစား များ လမ်းမှစုပေါင်းပေးလှူကြသော ငွေကျပ်၆၀၀၀၀အား ဆေးရုံတွင် မီးဖွားနေသော ထိုလူငယ်လေး၏ ဇနှီးဖြစ်သူ အား ကိုယ်ထိလက်ရောက်ပေးအပ်လှူဒါန်းခဲ့သည်။

လူငယ်လေး၏ အမည်မှာ ကိုဖိုးလုံးအသက်(၁၉)နှစ် ဇနှီးဖြစ်သူ မဇင်မာထွေး အသက်(၁၇)နှစ် တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ထူးကြီးလမ်းတွင် နေထိုင်ပြီး အိမ်ထောင်သက် ၉ လခန့် သာရှိသည်။

ဖိုးလုံး၏ အလုပ်အကိုင်မှာ စည်ပင်လမ်း တံတား ဗိုလ်တထောင်မြို့နယ်တွင်ပန်းရံအလုပ် လုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုသည်။

ဇနှီးဖြစ်သူမီးဖွားမည့်အတွက် အလုပ်မှတပတ်ခန့် အနားယူခဲ့ပြီး ဆေးရုံတွင်ဇနှီးနှင့် အတူရှိနေခဲ့သည်။

ဖြစ်စဉ်နေ့ တွင်ဆေးဝယ်ရန် တာဝန်ရှိဆရာမ မှ ဆေးစာရေးပေး
ခဲ့ပါတယ်။ဆေးစာအားယူဆောင်၍ ဖိုးလုံးတစ်ယောက် စိတ်အားငယ်ခဲ့ရသည်။

ဘာလုပ်၍ဘာကိုင်ရမှန်မသိခဲ့ပါ။ သိုနှင့် ဆေးစာကိုင်၍ ထွက်မည့်ထွက်ရာ လျှောက်လာ ခဲ့၏။ မိုးလေးက တဖွဲဖွဲရွာနေပြီး လမ်းသွားလမ်းလာ အနည်းငယ် ရှင်းနေသည်။

ထိုစဉ် အမျိုးသမီးနှစ်ဦးစကားပြော၍ လမ်းလျှောက်လာသည် ကိုမြင်လိုက်ရပြီး လက်တွင် ပိုက်ဆံအိတ်အား အမှတ်မထင် တွေ့မြင်လိုက်ရသည်။

ချီတုန်ချတုန် အတွေးများဖြင့် ကြောက်ရွံ့နေစဉ် သမီးလေး၏ မျက်နှာအား ပြန်ပြေးမြင်မိ၏။

နောက်ဆုံးကြံရာမရ ဖြစ်ကာ ထိုအမျိုးသမီးလက်မှ ပိုက်ဆံအိတ်အား လုယူ ထွက်ပြေးခဲ့လေသည်။ ဖမ်းမိစဉ်ကြောက်ရွံ့ တုန်လှုပ်နေမိပါသည်။

အကယ်၍များ ဖမ်းဆီးခံရမည်ဆိုလျှင်ဇနှီးနှင့် သမီးလေးဘယ်သို့ ဘယ်ပုံများဆက်လက် ဖြစ် လာမည်ကို တွေးရင်းဝိုင်းထားသော လူများအား လက်အုပ်ချီကတော့၍ ဖြစ်စဉ် အား ပြောပြမိခဲ့သည်။

ထိုသူတို့ ယုံကြည်ကြဟန် မတူ။ အကယ်၍ လိမ်လည်သည်ဆိုလျှင် ရဲစခန်းသို့  ပို့ မည် ဟုပြောဆိုကာဆေးရုံသို့ လိုက်ပါလာခဲ့ကြသည်၊

။ဖြစ်စဉ်အမှန် အားသိရှိလာခဲ့သော လမ်းသူလမ်းသာများ စိတ်မကောင်းဖြစ်ကြရသည်။

မိမိသိသိခြင်း ဆေးရုံသို့ သွားရောက်တွေ့ဆုံပြီး လမ်းမှ ပေးအပ်သော အလှူငွေများ မိမိ ယူဆောင်လာသော အဝတ်အစားများ အားပေးအပ် လှူဒါန်းခဲ့သည်။

ထိုလူငယ် အား နောက်နောင် ထိုကဲ့သို့ မပြုလုပ်ရန်ပြောကြားခဲ့ပြီး လူငယ်မှ နောက်နောင် မလုပ်တော့ပါဟု ပြန်လည်ကတိပေးရင်းအိမ်သို့ ပြန်လာခဲ့ပါတော့သည်။

သတင်းဓါတ်ပုံ- ကိုမင်း

.
Kyaw Swar Myint

No comments:

Post a Comment