Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 12, 2014

ထိမ်းမြားမှုကို ဥပဒေရကန့်သတ်ခြင်း အမေရိကန် ဆန့်ကျင်ဟုထုတ်ပြန်


ကေဇူး| သောကြာနေ့၊ ဇွန်လ ၁၃ ရက်၊ ၂၀၁၄ ခုနှစ်

ဘာသာခြားချင်း လက်ထပ်ထိမ်းမြားမှုကို ဥပဒေအရ ကန့်သတ်သည့် မည်သည့်လုပ်ဆောင်ချက်မဆို ဆန့်ကျင်သည်ဟု အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှ နိုင်ငံခြားရေးဌာန ပြောခွင့်ရရုံးက ဇွန် ၁၁ တွင် ထုတ်ပြန်လိုက်သည်။

“ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးနှင့် မညီညွတ်သလို အစိုးရ၏ အခြားကြိုးပမ်းမှုတွေနဲ့ လိုက်လျောညီထွေ မရှိပါဘူး” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အစိုးရ၊ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်နှင့် လူမှုအသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များသည် ပြန်လည်သင့်မြတ်ရေး၊ အခြေအနေတွေကို ထိန်းချုပ်ပြီးဆောင်ရွက်နိုင်ရေးအတွက်လည်း တိုက်တွန်းထားသည်။

မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ရန် ကြိုးစားနေသည့် အမျိုးဘာသာစောင့်ရှောက်ရေး (မဘသ) ဦးဆောင်ဆရာတော် ဦးဝီရသူက “သူများကို ဝေဖန်ချင်ရင်တော့ ကိုယ်က ဘယ်လောက်မျှတသလဲဆိုတာ အရင်စဉ်းစာဖို့ လိုတာပေါ့ဗျာ”ဟု အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်ကို တုံ့ပြန်လိုက်သည်။

ထို့ပြင် ၎င်းက “ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခွင့်အရေးကို ကာကွယ်ခြင်းသာဖြစ်တယ်။ အခြားသူတွေရဲ့ အခွင့်အရေးကို ထိပါးတာ မရှိဘူး” ဟုလည်း မဇ္ဈမကို မိန့်သည်။

Mizzima - News in Burmese

No comments:

Post a Comment